ကလေးမွေးမြူထိန်းသိမ်းမှုဆိုသည်မှာ မိဘများက သားသမီးများအပေါ်တွင်ထားရှိသော သဘောထားများ၏ ပုံစံတစ်ခုသာဖြစ်ပါသည်။လူ့အဖွဲ့အစည်းတွင် အများယုံကြည်လက်ခံကြသည့် ဆက်ဆံရေးပုံစံများ၊ ယုံကြည်ချက်များ ၊ သဘောထားများ ၊ တန်ဖိုးထားမှုများရှိကြပါသည်။ဤအချက်များကို ငယ်စဉ်ကစပြီး တဖြည်းဖြည်း သင်ယူကျင့်သုံးလာရမည်ဖြစ်ပါသည်။သို့မှသာ လူ့အဖွဲ့အစည်းအတွင်း အဆင်ပြေစွာနေထိုင်ကျင့်ကြံတတ်လာမည်ဖြစ်ပါသည်။ ကျောင်းများတွင် ကလေးများ၏ စိတ်အခြေအနေနှင့် မိဘများ၏ ထိန်းချုပ်မှုကို တွဲလျက်စာရင်းကောက်ယူပြီးလေ့လာခဲ့သော... ကျွန်တော်တို့၏ (၁၀)တန်းတုန်းက ကျောင်းအုပ်ဆရာကြီး မှလေ့လာတွေ့ရှိခဲ့မှုများကို ကျွန်တော်တို့အားယခုလိုပြန်ပြောပြခဲ့ပေသည်။
မိဘများတွင် ကလေးများ၏ အပြုအမူကို ထိန်းသိမ်းပြုပြင်နိုင်သည့် အခွင့်အလမ်းရှိကြသည်။မိဘများ၏ ကလေးမွေးမြူခြင်းပုံစံ စနစ်သည် ကလေးများ၏ စာရိတ္တပုံသွင်းခြင်းအတွက် အထူးအရေးပါလှသည်။ထို့ကြောင့် မိဘတို့၏ပြုစုပျိုးထောင်မှုသည် ကလေးများဖွံ့ဖြိုးရန်အတွက် အဓိကအခန်းတစ်ခုဖြစ်သည်ကို သုတေသနများစွာတွင် တွေ့ရှိခဲ့ရပါသည်။လူသားများ၏ အပြုအမူများသည် မွေးရာပါ မဟုတ်ကြပေ။မိမိတို့ ပတ်ဝန်းကျင် ၊ မိမိတို့ ကမ္ဘာကို မည်သို့ဆက်ဆံကြရမည်ကိုသင်ယူကြရပေသည်။မွေးကတည်းကဘာမှမတတ်ဘူးဆိုသလိုပေ။
ကလေးများသည် အုပ်ထိန်းသူများထံမှ ဆက်ဆံရေး အထောက်အပံ့များနှင့် အကူအညီများကို ပြည့်ဝစွာရရှိဖို့ရန် လိုအပ်ပေသည်။မိမိတို့နေထိုင်ရာဒေသများ၏ ယဉ်ကျေးမှုသည် လူသားများ၏ အပြုအမူနှင့် နေ့စဉ်ဘ၀အား လွှမ်းမိုးနေပါသည်။ ယဉ်ကျေးမှုတစ်ခုချင်းဆီတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှုဆိုင်ရာပုံစံရှိကြပြီး ယုံကြည်ချက်များ ၊ တန်ဘိုးထားမှုများနှင့် သတ်မှတ်ထားသော စံများသည် ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခု မတူညီကြပေ။ထို့အတူပင် မိဘအုပ်ထိန်းမှုပုံစံများသည်လည်း နိုင်ငံတစ်ခုနှင့်တစ်ခု ကွာခြားသကဲ့သို့ တူညီသောနိုင်ငံတစ်ခုအတွင်း၌ပင် တစ်ဦးနှင့်တစ်ဦးမတူနိုင်ကြပေ။
(၁) အာဏာရှင်ဆန်သောမိဘများသည် မိမိသားသမီးများက အပြုအမူထိန်းချုပ်မှု အလွန်မြင့်မားပြီး ၊ တုံ့ပြန်လိုက်လျောမှု အလွန်နည်းပါးသောမိဘများဖြစ်သည်။ထိုမိဘများသည် တင်းကြပ်သော စည်းမျဉ်းမည်းကမ်းများ နှင့် လုပ်ဆောင်ချက်များကို ချမှတ်ကြသည်။ မိမိတို့သုံးသော စကားလုံးများသည် ဥပဒေဆန်ပြီး မိမိတို့၏ သားသမီးများထံမှ မေးလာသောမေးခွန်းများ ၊ အကြောင်းပြချက်များကို လက်ခံနားထောင်ပေးမှုမရှိဘဲ အပြစ်ဒဏ်ပေးမှုများကိုပြုလုပ်ကြသည်။ ထို့ပြင် မိမိတို့၏ သားသမီးများကို အလွန်မြင့်မားစေချင်ကြသည်။ ကလေးများ၏ ဥာဏ်ရည် ဥာဏ်သွေးများကို ဂရုမစိုက်မိဘဲ မိမိတို့ဖြစ်စေချင်မှုများကိုသာ စည်းကမ်းတင်းတင်းကြပ်ကြပ်ပေးပြီးလုပ်ဆောင်စေလေသည်။
(၂) သြဇာညောင်းသော ပုံစံဖြင့် အုပ်ချုပ်သော မိဘများသည် အာဏာရှင်ဆန်သော မိဘများကဲ့သို့ စည်းမျဉ်းစည်းကမ်းဖြင့် အုပ်ချုပ်သော်လည်း မိမိတို့ ကလေးများ၏ မေးလာသောမေးခွန်းများ ၊ အကြောင်းပြချက်များ ၊ တောင်းဆိုမှုများအားလိုက်လျောသင့်သောနေရာများတွင် လိုက်ချောပေးပြီး ၊ မပြုလုပ်စေလိုသောတောင်းဆိုမှုများအတွက် အကျိုးအကြောင်းဆီလျော်အောင် ရှင်းပြပြီး တားမြစ်သောမိဘများဖြစ်သည်။
(၃) ခွင့်ပြုတတ်လွန်းသော ၊ သည်းခံတတ်လွန်းသော ပုံစံဖြင့်အုပ်ချုပ်သည့် မိဘများသည်...မိမိတို့ သားသမီးများ၏ တောင်းဆိုမှုများထက် ပိုမိုလိုက်လျောသောမိဘများဖြစ်ကြသည်။ သားသမီးများအပေါ်တွင် စည်းမျဉ်း ၊ စည်းကမ်းများ မထားရှိသလောက် နည်းပါးကြပြီး ကလေးများ၏ ဆန္ဒအတိုင်းပြုလုပ်ခွင့်ပေးထားကြသည်။ အချိန်မရွေး ၊ နေရာမရွေး ကလေးများ၏ စိတ်ကြိုက်လုပ်ဆောင်ခွင့်ပြုထားကြသည်။အပြစ်လုပ်သည်ကိုပင် အပြစ်ဟုမတင်ကြဘဲ ချစ်ခင်ကြင်နာမှုဖြင့် ဖုံးအုပ်ထားတတ်ကြသည်။
နံပါတ်(၁) မိဘများ၏ သားသမီးများသည် ကျောင်းတွင်လုပ်ဆောင်မှု အတော်အတန်ကောင်းမွန်ကြောင်းတွေ့ရသော်လည်း ဆက်ဆံရေးကျွမ်းကျင်မှုအပိုင်းတွင် အားနည်းတတ်ပြီး မိမိကိုယ်မိမိ အလေးအမြတ် ထားမှု နည်းပါးသည်ကို တွေ့နိုင်သည်။ထို့ပြင်စိတ်ကျမှု များတတ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြသည်။
နံပါတ်(၂) မိဘများ၏ သားသမီးများသည် မိမိကိုယ်မိမိ ယုံကြည်စိတ်ချကြသည်။ဆင်ခြင်တု့တရားရှိပြီး လူအများနှင့်ဆက်ဆံရာတွင်လိုက်လျောညီထွေမှု ရှိတတ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထိုမိဘများ၏ သားသမီးများသည် လူတော်များဖြစ်လာရန် အလားအလာကောင်းကြောင်း တွေ့ရှိနိုင်သည်။စိတ်ကျမှုအဆင့်အတန်းတွင်မူ အနည်းငယ်သာတွေ့ရှိရသည်။
နံပါတ်(၃) မိဘများ၏ သားသမီးများသည် လိုက်လျောမှုလွန်ကဲသောကြောင့် ကျောင်း၏ လုပ်ကိုင်ဆောင်ရွက်မှုများတွင် ကောင်းမွန်မှုအလွန်နည်းပါးကြောင်းတွေ့ရှိရသည်။မိမိကိုယ်မိမိ အလေးအမြတ်ထားမှုမြင့်မားကြပြီး ဆက်ဆံရေးကျွမ်းကျင်မှုတွင် ကောင်းမွန်ကြောင်းတွေ့ရှိရပေသည်။ထို့ပြင်စိတ်ကျမှုအဆင့်အတန်းမှာ မရှိသလောက်နိမ့်ပါးကြပေသည်။
အချုပ်အားဖြင့်ဆိုရသော် နံပါတ်(၂) သြဇာညောင်းသော မိဘပုံစံဖြင့်အုပ်ချုပ်မှုသည် သားသမီးများအား မိမိကိုယ်မိမိ ယုံကြည်စိတ်ချထိန်းချုပ်နိုင်မှုရှိခြင်း ၊ ဆငခြင်တုံတရား မြင့်မားမှုရှိခြင်း ၊ လူအများနှင့်လိုက်လျောညီထွေစွာ နေထိုင်တတ်ကြခြင်း စသည့်အနေအထားများတွေ့ရှိရသဖြင့် ပုံစံသုံးမျိုးအနက် နံပါတ် (၂) ပုံစံဖြင့်အုပ်ချုပ်သောစနစ် ပို၍သာလွန်ကြောင်း မှတ်ချက်ချနိုင်ပေသည်။
စာဖတ်သူအားလုံးကိုကျေးဇူးတင်ပါသည်။
MSC 210
NAYPYITAW
MYANMAR
8:37 Pm
6/22/2018
THANK ALL STEEMIT FRIENDS.