အားးးးးးးးးးးးးးးးးး
သူမ..နိုးထလာတဲ့မနက်ခင်းတစ်ခု..အသံကျယ်ကြီးအော်လိုက်မိတယ်လို့ထင်တယ်..ဘေးပတ်လည်ကိုကြည့်လိုက်တယ်.ဟုတ်တယ်သူမအော်လိုက်မိတာအမှန်ပဲ..ခလေးတွေပြေးလာကြတယ်သူမဘေးကို..မေမေဘာဖြစ်တာလဲ...အိပ်မက်စိုးမက်လို့ကွယ်..ဘာမှမဖြစ်ပါဘူး....ဟုတ်ကဲ့မေမေဆိုပြီးတော့အိပ်ယာပေါ်ကနေသူတို့မောင်နှမ မအေမျက်နှာကိုကြောင်တောင်တောင်လေးတွေကြည့်နေတယ်..သူမအိပ်ယာပေါ်ကထလိုက်တယ်..ငါဘာဖြစ်တာပါလိမ့်..ခန်းစီးလိုက်ကာတွေလိုက်ပိတ်လိုက်တယ် နေရောင်လာတော့မယ်..သားငယ်ကနေရောင်နဲ့မတည့်တဲ့ရောဂါရှိတယ်ဆိုတော့..နေရောင်ထိလို့မဖြစ်ဘူး..သမီးလေးက ၉နှစ် သားငယ်က ၇နှစ်..ချစ်စရာလေးတွေ....အင်းခလေးတွေ မျက်နှာသွားသစ်ကြလေ..ဟုတ်ကဲ့မေမေဆိုပီးတော့ လာမောင်လေး လက်ဆွဲပီးတော့ခေါ်သွားလေရဲ့သမီးအကြီးက..မေမေမနက်စာလုပ်ပီးတော့စောင့်နေမယ်နော်..လာခဲ့ကြ ထမင်းစားခန်းထဲကို..ပြေးထွက်သွားတဲ့ခလေးတွေကိုကျမ လှမ်းအော်လိုက်တယ်။
ထမင်းစားခန်းထဲကကြည့်လိုက်တော့ အဖိုးကြီးတစ်ယောက် အဖွားကြီးတစ်ယောက် အသက်၂၀ ကျော်မိန်းခလေးတစ်ယောက်သူမအိမ်ဆီကိုဦးတည်ပြီးတော့လာနေတာတွေ့ရတယ်..သြော်..ဟုတ်သားပဲငါမေ့နေတာ အိမ်အကူတွေငှားထားတာပဲ..အောက်ဆင်းပြီးတံခါးဖွင့်လိုက်တယ်..သူတို့ဝင်လာကြတယ်..မိန်းမကြီးမျက်နှာက ခပ်တည်တည်ရယ်...အိုးးငါ့အကြောင်းပြရသေးတာပေါ့..အိမ်အကူကငါ့ကိုဒီလိုကြည့်နေတာမကြိုက်ဘူး..တွေ့မယ်..မိန်းမကြီးကစကားစပြောဖို့ဟန်ပြင်တယ်..ဟင်းဟင်းဘယ်ရမလဲ...ရှင်အဆင်သင့်ဖြစ်ရင်မီးဖိုချောင်ကိုသွားလိုက် ကျမ မနက်စာလုပ်နေတာမပီးသေးဘူး..ကျမခလေးနှစ်ယောက်ကိုရှင်ဆက်လုပ်ပေးလိုက်..ရော့ဒီမှာတစ်အိမ်လုံးရဲ့သော့တွေရှင်လိုက်လေ့လာထား...အခန်းနဲ့သော့တွေကို..ရှင့်ဆီအပ်လိုက်ပြီနော်..မိန်းမကြီးဟိုနှစ်ယောက်ကိုကြည့်ပီးတော့ ဘာမှပြန်မပြောဘူးမီးဖိုချောင်ထဲထွက်သွားတယ်..အဖိုးကြီးနဲ့ကောင်မလေးကျန်တယ်..အဖိုးကြီးကပြောတယ် ကျနော်ကရော...ရှင်ပန်းပင်တွေစိုက်တတ်လား ..ဟုတ်..ကျနော်စိုက်ခဲ့တာပန်းတွေကို အနှစ်ငါးဆယ်ကျော်ပီ..အိုးးကိုက်ပီအဲ့ဒါဆို..ခြံထဲသွားလိုက်..အဖိုးကြီးထွက်သွားဖို့ဟန်ပြင်တယ်..ပြီးတော့ကျမဘက်ကိုလှည့်ကြည့်တယ်..သြော် ဒီခလေးမလေးကစကားမပြောတတ်ဘူးနော်(အ) နေတာပါ..
ဟင်..အနေတဲ့သူကဘာလုပ်နိုင်မှာလဲ..သူကောင်းကောင်းလုပ်နိုင်ပါတယ်ဗျာ..ဟုတ်ပြီလေ..ငါပြောတာနားလည်ရင်နင်ခေါင်းငြိမ့်ပြ...ကောင်မလေးကိုကျမပြောလိုက်တယ်..ငြိမ့်ပြတယ်...အဖိုးကြီးတံမြက်စည်းယူပြီးတော့ထွက်သွားတယ်..မီးပူကောင်းကောင်းတိုက်တတ်လားနင်..ခေါင်းထပ်ငြိမ့်တယ်..ခြင်းတောင်းထဲမှာ အ၀တ်တွေအများကြီးရှိတယ်..သွားတိုက်လိုက်တော့..ကောင်မလေးလဲထွက်သွားတယ်..ခေါင်းကသိပ်မကြည်သေးတာနဲ့ ကျမလဲအိပ်ယာပေါ်ပြန်လှဲနေလိုက်တယ်..အဖွားကြီးနဲ့ခလေးတွေ မနက်စာစားနေကြတာကိုကြားတယ်နားထဲမှာ..အင်းမဆိုးပါဘူး..ခလေးတွေနဲ့တော့တည့်သားပဲ..ခနနေတော့အဖွားကြီးလာတယ် ခလေးတွေလက်ဆွဲပြီးတော့..အဖော်ရလို့ထင်တယ် ခလေးတွေလဲပြုံးနေကြတယ်..အင်းသူတို့ရောက်လာမှပဲတော်တော့တယ်...အဖွားကြီးကတစ်ချက်ပြုံးပြတယ်ကျမကို..သြော်သူပြုံးတတ်သားပဲ..သူပြုံးပြပြီးတော့ ခန်းစီးလိုက်ကာတွေကာထားတဲ့နေရာသွားတယ်..သားနဲ့သမီးနဲ့က ဆော့နေကြတယ်။
ကျွီ....ဟေးးးးးးးးးးးးးးးးးးးးးးးး....ကျမ အကျယ်ကြီးအော်လိုက်မိတယ်..ရှင်ဒါဘာလုပ်တာလဲ..နေရောင်လာပြီလေ လိုက်ကာဖွင့်မယ်လေ..ဘာလို့လဲ..မဖွင့်နဲ့..ကျမသားကနေရောင်နဲ့မတည့်တဲ့ရောဂါရှိတယ်..ဟင်..အဖွားကြီးနားမလည်နိုင်ဘူးဆိုတဲ့မျက်နှာနဲ့ကျမကိုကြည့်တယ်..မဖြစ်နိုင်တာကွယ်...ခုချိန်မှာဘာရောဂါမှမရှိနိုင်ဘူးလေသမီး..ရှင်ဘာတွေပြောနေတာလဲ ကျမထက်ပဲရှင်ကခလေးတွေအကြောင်းပိုသိမလား..အဖွားကြီးကကျမကို သနားတဲ့အကြည့်လိုလိုပဲကြည့်တာ..ဘာလဲဟဒီအဖွားကြီးတစ်မျိုးပါလား...ရှင်အဲ့ဒီ့လိုက်ကာတွေနားကခွာလိုက်ပါ..နေ့ဘက်ဘယ်တော့မှမဖွင့်မိပါစေနဲ့ ညကျမှဖွင့်ပါ..ရှင့်လူတွေလဲပြောထားဒီအကြောင်းကို..ကောင်းပါပြီဆိုပြီးတော့အဖွားကြီးထွက်သွားတယ်..ကျမကိုတော့ ထပ်ကြည့်တယ် မကြည်ကြည့်တော့မဟုတ်ဘူး သနားတဲ့အကြည့်မျိုး..လာပြန်ပြီ..ဘာလဲဟဒီအဖွားကြီးတော့..ဒီနေ့ဘာတွေဖြစ်နေပါလိမ့်..လန်းဆန်းသွားအောင်ရေချိုးမှပါ..ညရောက်တော့ အဖွားကြီးနဲ့ကောင်မလေးကိုတစ်ခန်း အဖိုးကြီးကိုတစ်ခန်းပေးလိုက်တယ်အိပ်ဖို့..ရှင်တို့နာမည်တွေကရော...အဖွားကြီးကမိတ်ဆက်ပေးတယ်..ကျမနာမည်က သူဇာ...ဒီကကျမမောင်...မောင်ကြီး....ဒီခလေးမက ကျမတို့ ဆွေမျိုးနီးစပ်တော်တဲ့ခလေးမလေးပေါ့...မိနွယ်ပါ..ဒီကအိမ်ရှင်နာမည်ကရော..ကျမနာမည် ကလျာ..သမီးက အိမ်ဂျယ်...သားငယ်က ခန့်ခန့်ပါ..ကောင်းသောညပါ
မောင်လေး..ဟေမမ..ဒီအခန်းထဲမှာ သရဲရှိတယ်..ဟင်..တကယ်လား..ဟိုမှာတွေ့လားလိုက်ကာတွေဆွဲဖွင့်နေတာ လူမရှိပဲနဲ့ ..ဟာ..ငါကြောက်တယ်..မေမေ့ကိုပြောမှထင်တယ်..မေမေမရှိဘူးအောက်မှာထိုင်နေတယ် နင်နဲ့ငါပဲရှိတာ..ငါကတော့မကြောက်ဘူး..သွားကြည့်ရအောင်..ဟာမမငါကြောက်တယ်..လှမ်းကြည့်လိုက်တော့ လိုက်ကာကပွင့်နေတယ်..ပြီးတော့ပြန်ပိတ်သွားတယ်..ဟာတကယ်လားပဲသရဲဆိုတာ ဟင်မမ..အေးပါဆိုနင်ကမယုံဘူးလား..ဘေးမှာထားထားတဲ့အရုပ်လေးကိုအဲ့သရဲယူသွားသလိုပဲပုံစံက..လေထဲမြောက်တတ်နေတယ်..ဟာ...အမေမမမမမမမမမမမမမမမမမမမမမမမမမမရေရရရရရရရရရရရရရ
ဟင် ဘာဖြစ်ကြလဲခလေးတွေ အကုန်နိုးလာကြတယ်..သားဘာဖြစ်လဲအမေ့ကိုပြော..ကျမခေါင်းနပန်းကြီးသွားတယ်..မမကသားကိုခြောက်နေတယ်..သရဲ ရှိတယ်တဲ့အခန်းထဲမှာ..ဟဲ့နင်က ခလေးကိုဘာလို့ခြောက်တာလဲအဲ့လို ဒီမှာကြောက်နေပြီ...ဟိုသုံးယောက်တော်တော်အားကိုးရသား တစ်ချက်ကြည့်ပြီးတော့ပြုံးစိစိနဲ့ပြန်သွားကြတယ် ဘာမှမဟုတ်သလိုမျိုး..တောက်..တော်တော်များသွားပြီ မနှစ်သိမ့်ပေးဘူး..မနက်မှတွေ့မယ်...သမီး နောက်တစ်ခါအဲ့လိုမပြောရဘူးနော်..မောင်လေးကြောက်အောင်....သမီးတကယ်ပြောတာ ကြောက်အောင်ပြောတာမဟုတ်ဘူး တကယ်သရဲရှိတာ..ဟဲ့ပြောလိုက်လေ အရုပ်ပါသွားတယ်ဆိုတာ..သားငယ်ကမေးမရတော့ဘူးတအားကြောက်ပြီးငိုနေတာ..အေးအေး နင့်အပြစ်နင်သိတယ်နော် အကြီးမ လှေကားမှာသွားနေ ပြီးတော့စာကျက်နေ ငါတော်ဆိုမှတော်...သမီးညာတာမဟုတ်ဘူးဆိုအော်သွားသေးတယ်..တယ်ဒီခလေးတော့..သားငယ်ကိုရင်ခွင်ထဲထည့်ပြီးတော့ ချော့သိပ်ရတယ်..ခန်းစီးကတအားလှုပ်သွားသလိုစိတ်ထဲက..ကြည့်လိုက်တော့လေတိုက်တာ..အော်..ဒီခလေးတွေပြတင်းပေါက်ဖွင့်ထားတာကိုး..အအေးပတ်တော့မှာပဲ...ထပိတ်ပြီးတော့ သားငယ်ကိုချော့သိပ်လိုက်တယ်..တအောင့်ကြာတော့သမီးကိုအခန်းထဲခေါ်ဒါတောင်ဆက်ပြောနေတာသရဲရှိတယ်နဲ့..တိတ်တော့အိပ်တော့ ဘာမှမဟုတ်ပဲနဲ့မောင်လေးကြောက်အောင်..သူသိပ်မအိပ်ချင်ဘူး ကျမကိုကြောက်တော့အိပ်သွားတယ်..သနားစရာခလေးတွေကိုကြည့်ရင်းနဲ့..အင်းယောက်ကျားရယ် စစ်တိုက်ထွက်နေတာပြန်လာပါတော့ကွယ်..
မနက်အစောကြီးနိုးနေတယ်ကျမ..ခလေးတွေတော့မနိုးသေးဘူး..ကောင်မလေးက သန့်ရှင်းရေးလုပ်နေတယ်..ကျမလမ်းဆင်းလျှောက်တော့အဖိုးကြီးနဲ့အဖွားကြီးတိုးတိုးတိုးတိုးနဲ့ဘာတွေပြောနေလဲမသိဘူး သစ်ရွက်တွေလှည့်နေတဲ့အဖိုးကြီးက ကျမကိုမြင်တော့ အမှိုက်တွေကိုသွန်ချလိုက်တယ် အမှိုက်ပုံကြီးတောင်အကြီးကြီးဖြစ်လို့..ဒီမယ်...အဖိုးကြီးကိုခေါ်လိုက်တယ်..ဒီလောက်တောင်ပုံယာပုံဖြစ်နေတာမီးဘာလို့မရှို့တာလဲ...ဟုတ် ရာသီဥတုမကောင်းလို့ပါ နောက်ကျရှို့ပါ့မယ်...အဖွားကြီးက ကျမကိုကြည့်နေပြန်တယ် သနားတဲ့အကြည့်နဲ့ပဲ..ရော်ဒီအဖွားကြီးတော့ခက်နေပြီ..ရှင်ကျမကိုအဲ့လိုမကြည့်နဲ့..ကျမ မကြိုက်ဘူး..ဘာမှမပြောဘူး ခေါင်းငုံ့ပီးတော့အိမ်ထဲဝင်သွားတယ် အဖိုးကြီးကတော့သန့်ရှင်းရေးဆက်လုပ်နေတယ်..ကျမ လမ်းဆက်လျှောက်တယ်ခြံထဲမှာ..နှင်းတွေကလဲကျလိုက်တာ..ရှေ့ကိုဘာမှမမြင်ရဘူး..ရှေ့မှာ အရိပ်တစ်ခု ..ဘာပါလိမ့်...
ဟင်...ယောက်ကျား...ရှင်ပြန်လာပြီလား..အင်းမိန်းမ..ယောက်ကျားက ကျမကိုကြောင်တောင်တောင်နဲ့ကြည့်နေတာ..ရှင်ဘာဖြစ်နေလဲ..ဘာမှမဖြစ်ပါဘူး ပင်ပမ်းလို့ပါ..အင်းပေါ့လေ..မနားမနေစစ်တိုက်နေရတာဆိုတော့ပင်ပမ်းမှာနော်..လာလာ ခလေးတွေကလဲမျှော်နေတာရှင့်ကို..တွေ့ရင်ဝမ်းသာသွားမှာပဲ..အတင်းလက်ဆွဲခေါ်လာတော့သူပါလာတယ်..ခလေးတွေကပြေးဖက်ကြတယ်အိမ်ထဲရောက်တော့..အခန်းထဲခေါ်သွားတယ်သူတို့အဖေကို..ဖအေကသိပ်စကားမပြောဘူး..ခလေးတွေအသံပဲကြားရတယ်..ကျမ ယောက်ကျားစားဖို့ကိုယ်တိုင်လုပ်နေတာ.ယောက်ကျားရယ် ကျမလေ ရှင့်ကိုအရမ်းလွမ်းနေတာ..လာကွာ..အချိန်သိပ်မရှိဘူး..ငါ့လက်မောင်းပေါ်အိပ်...ကျမလေ တစ်ခါမှဒီလောက်အိပ်လို့မကောင်းခဲ့ဘူး..ပျော်သွားလိုက်တာ....ယောက်ကျားရင်ခွင်ထဲမှာ တလောကလုံးကိုမေ့သွားတယ်..နူးညံ့နေတဲ့ကျမယောက်ကျားနှုတ်ခမ်းတစ်စုံက ကျမကိုအနမ်းတစ်ခုချွေတယ်..ပျော်လိုက်တာယောက်ကျားရယ်..ဒီလိုမအိပ်ရတာကြာပီ...
ဟင်...ယောက်ကျားဘယ်ရောက်သွားလဲ...ကျမနိုးလာတော့သူမရှိတော့ဘူး..ခလေးတွေရေရရရရရ...နင်တို့အဖေကိုတွေ့လိုက်လား.မတွေ့ဘူးမေမေ...မေမေ ညကလေ သရဲလာသေးတယ်..တော်စမ်းသမီး..ငါမေးနေတာနင်တို့အဖေကို...ဒီမယ်ဒီမယ် တွေ့လိုက်ကျလားရှင်တို့ရော ကျမယောက်ကျားကို..အဖွားကြီးက အရင်လိုပဲကြည့်တယ်သနားတဲ့အကြည့်ပဲ..ရှင့်ကိုကျမကိုကြည့်ခိုင်းနေတာမဟုတ်ဘူး..မေးနေတာ...ဘယ်ကယောက်ကျားလဲသမီးရယ်..ဟင်..မနေ့ကကျမယောက်ကျားလာတယ်လေ..အဖွားကြီးခေါင်းယမ်းပီးတော့ထွက်သွားတယ်...ဘာလဲဒီအဖွားကြီးတော့..သမီးဟိုအဘနဲ့အမကိုသွားခေါ်စမ်း..ဟုတ်မေမေ...ခနနေတော့အဖိုးကြီးနဲ့ ကောင်မလေးရောက်လာတယ်..ရှင်တို့ကျမယောက်ကျားကိုတွေ့လိုက်လား..ဘယ်ကယောက်ကျားလဲ ခလေးရယ်..ဟင်...ရှင်တို့သုံးယောက်ဘာလုပ်နေကြလဲ အိမ်ထဲကိုလူစိမ်းဝင်လာရင်တောင်သိမှာမဟုတ်ဘူး..သွားကြသွားကြ..အဖိုးကြီးနဲ့ကောင်မလေးကကျမဒီလောက်ဆူနေတာတောင် စိတ်မဆိုးဘူး..ပြုံးပြီးတော့ထွက်သွားကြတယ်..အော်..ယောက်ကျားရယ် ဘယ်သွားပြန်လဲကွယ်...
တနေကုန်ကျမငိုနေရတယ်...ညကျတော့ငိုတာပင်ပမ်းလွန်းလို့ဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ဘူး...
ဟာာာာာာာ
လိုက်ကာတွေ..လိုက်ကာတွေ...ဟေးးးးးးးးးးးဘယ်သူရှိကြလဲ..အကုန်လာခဲ့အုံးး..သားလေးသားလေးကျမအတင်းပွေ့ဖက်ပြီးတော့သားငယ်ကိုနေရောင်မရတဲ့ဆီအမှောင်ထဲမှာထားထားလိုက်တယ်...သုံးယောက်လုံးအေးအေးဆေးဆေးပဲရောက်လာကြတယ်..ဘာမှမဖြစ်သလိုပဲ...ရှင်တို့ကိုကျမသေချာပြောထားတယ် ဒီလိုက်ကာတွေကိုမဖွင့်ပါနဲ့လို့...ဘယ်သူဖွင့်တာလဲ ခုလိုက်ကာတွေဘယ်ရောက်သွားလဲ..ရှင်တို့အကြံကိုကျမ မသိဘူးထင်နေလား ခလေးတွေနဲ့ကျမပဲရှိလို့ ဒီအိမ်ကြီးကိုအပိုင်သိမ်းချင်နေတာမှတ်လား..ကျမအပ်ထားတဲ့သော့တွဲပြန်ပေးအဖွားကြီး...
အော် ခလေးရယ် ........ယူပါရော့...ငါတို့သုံးယောက်ထဲကတစ်ယောက်မှမလုပ်ပါဘူး လိုက်ကာတွေကို...ရှင်တို့မလုပ်လို့ဘယ်သူလုပ်မှာလဲ ခလေးတွေကအရပ်မမှီဘူးလေ...ကျမလဲမလုပ်ဘူး..ဒါဆိုရှင်တို့ပဲရှိတယ်...ကျမရှင်တို့ကိုမယုံဘူး..ခုကျမအိမ်ထဲကထွက်သွားကြသုံးယောက်လုံး..ယောက်ကျားရဲ့ ပွိုင့်တူးတူး သေနတ်ကိုကျမယူလိုက်တယ် အမဲပြစ်ထွက်တဲ့သေနတ်..ကျမ ပစ်မှာနော် ကျမခလေးတွေအတွက်ဆို ဘယ်သူ့မှမညှာဘူး ထွက်သွားမှာလားမသွားဘူးလား...ကျမတို့ရှင်းပြပါ့မယ်..ဒီလိုရှိပါတယ်..ကျမဘာမှမကြားချင်ဘူး..ထွက်သွားကြခုချက်ချင်း..အဖွားကြီးကျန်တဲ့နှစ်ယောက်ကိုခေါင်းငြိမ့်ပြတယ်...သုံးယောက်သားနောက်ဆုတ်နောက်ဆုတ်နဲ့ထွက်သွားကြတယ်...ကျမတံခါးပိတ်လိုက်တယ်..ပြန်ဝင်မလာနိုင်အောင်တံခါးတွေအကုန်လိုက်ပိတ်လိုက်တယ်..တိုးတိုးတိုးတိုးပြောနေကြတယ်သူတို့သုံးယောက်အပြင်မှာ..ကျမလဲဂရုစိုက်မနေဘူး..သေနတ်ကိုကိုင်ထားပီးတော့အခန်းထဲကိုရှိတဲံအ၀တ်တွေနဲ့ကာထားလိုက်တယ်...သားရေလာလို့ရပြီ..သားနဲ့သမီးအခန်းထဲမှာစာကျက်ခိုင်းထားလိုက်တယ်..တံခါးဆီကြည့်လိုက်တော့အိမ်အကူတွေမရှိကျတော့ဘူး...
ညနေခြောက်နာရီလောက်ကျတော့သားနဲ့သမီးအခန်းထဲမှာမရှိကျတော့ဘူး...ကျမလဲမှေးခနဲအိပ်ပျော်သွားတာအဲ့တာနဲ့ခြံထဲလိုက်ရှာတော့ ခြံထဲမှာဆော့နေကြတယ်..သြော်...အမှိုက်ပုံကြီးမီးရှို့ခိုင်းတာ မရှို့ကျဘူး..ပြောတော့ရှို့မယ်ဆိုပြီးတော့...မီးခြစ်ယူပြီးတော့ကျမအမှိုက်တွေမီးရှို့ဖို့လုပ်တယ်..အမှိုက်ပုံကြီးကနည်းတာကြီးမဟုတ်ဘူး...ခလေးတွေကခပ်လှမ်းလှမ်းမှာ..အမှိုက်ပုံကို ဖြဲလိုက်တယ်ဆိုရင်ပဲ...မလုပ်နဲ့...............
ဟာ အဖိုးကြီးနဲ့အဖွားကြီးသံပြိုင်အော်တာကြားလိုက်ရတယ် သုံးယောက်လုံးအဝေးကြီးကနေပြေးလာကြတယ်...အမှိုက်ပုံပြန်ကြည့်လိုက်တော့..ကွယ်လွန်သူ ဒေါ်သူဇာ..ကွယ်လွန်သူ ဦးမာင်ကြီး..ကွယ်လွန်သူ မမိနွယ်...အမလေးးးး...ခလေးတွေအိမ်ထဲမြန်မြန်ဝင်ကြ..အဲ့သုံးယောက်ကသရဲတွေ..သေပြီးသားတွေ..ဟင်..အမလေးးးး..ကျမကြက်သီးမွှေးညှင်းတွေထောင်ထသွားတယ်...ကြောက်လိုက်တာ..ခလေးတွေမြန်မြန်လာကြ...သုံးယောက်သားပြေးဝင်သွားကြတယ် သူတို့သုံးယောက်လဲအဝေးကြီးကနေလိုက်လာကြတယ်..တံခါးမြန်မြန်ဂျက်ချ..သို့တံခါးကိုထုတယ်..အမလေးးးးကျမတို့အေးအေးဆေးဆေးနေပါရစေရှင် မနှောက်ယှက်ကြပါနဲ့ ရှင်တို့သွားပါတော့..ကြောက်လှပါပြီ..ခလေးရေ အဲ့လိုမဟုတ်ပါဘူး..ရှင်းပြပါ့မယ်...ကျမဘာမှမပြောနိုင်ဘူး..သွားသွား..အဲ့ဒါပဲပြောနိုင်တယ်..ခလေးနှစ်ယောက်ကတော့ကြောက်လို့ အခန်းထဲကဗီဒိုမှာပုန်းနေကြတယ်..ရုတ်တရက်...၀ုန်းးးးးးးးးးးးးးးးးးးးးး
အဖွားကြီးကခလေးမ..အပေါ်အရင်သွားလိုက်ပါ..ကျမတို့ဘာမှမလုပ်ပါဘူး..ခလေးတွေကြောက်နေမယ်သွားကြည့်လိုက်ပါ..အပေါ်ရောက်တော့ အဖွားအိုကြီးတစ်ယောက် ယောက်ကျားကြီးနှစ်ယောက် မိန်းမတစ်ယောက် ခလေးလေးတစ်ယောက်..ခုံမှာထိုင်နေကြတယ်..ဟာဘာတွေလဲရှင်တို့ဘယ်သူတွေလဲ...ခလေးနှစ်ယောက်ကကုပ်ကုပ်လေးတွေသူတို့ဘေးမှာကြောက်နေတာ..အဖွားအိုကြီးက..သမီးလေးမကြောက်နဲ့ ပြောပြပါအဖွားကို...ကျန်တဲ့သူတွေကငြိမ်နေကြတယ်...အဖွားအိုကြီးနဲ့ခလေးနှစ်ယောက်ပဲမြင်ရတဲ့ပုံပဲ..ကျန်တဲ့သူတွေမမြင်ရဘူး..ကျမနားမလည်ဘူး ဆက်ကြည့်နေမိတယ်..ကျမသမီးကစပြောတယ်..ဟုတ်တယ်ဖွားဖွား..သမီးတို့မောင်နှမကို မေမေသတ်တာ...ဟင်...ဘာတွေလဲ အရူးတွေအရူးတွေ...ကျမအောက်ပြေးဆင်းလာတယ်...ဟိုအဖွားကြီးနဲ့သုံးယောက်လဲရှိတယ်..ကျမဘာတွေဖြစ်နေလဲ..ဘာလုပ်ရမလဲ
အဖွားကြီးကပြုံးပြီးတော့ပြောပြတယ်...အနားယူလိုက်အုံးသမီး..ခလေးနှစ်ယောက်လဲအိမ်ပေါ်ကဆင်းလာတယ်...သမီးဟိုလူတွေရော ခလေးတွေကိုကျမဖက်ထားလိုက်တယ်...ပျောက်သွားပြီမေမေ..ဟင်...ဘာတွေလဲ ..အဖွားကြီးကကော်ဖီတစ်ခွက်လာပေးတယ်ကျမကို..ကျမလဲသောက်လိုက်တယ်...
အဖွားကြီးကပြောပြတယ်..ကျမတို့သေပြီးတာ နှစ်၁၀၀ကျော်ပါပြီ..ရှင်.....ဆက်နားထောင်ပါခလေး..ခလေးတို့မိသားစုသေသွားတာက၁၉ရက်ရှိပါပြီ....ရှင်...ကျမတို့ကသေသွားပြီပေါ့...ဘယ်လိုသေသွားတာလဲ...ခလေး အားးးးဆိုအော်လိုက်တာမှတ်မိလား...ဟုတ် ကျမမှတ်မိတယ်...အဲ့ဒါသေသွားတာပါ....ရှင်...နားလည်အောင်ပြောပြပါလားအဒေါ်ရယ်..အင်းးးဒီလိုပါ..ခလေးမယောက်ကျားက စစ်ထဲမှာ သေတယ် ခလေးမကကြားကြားချင်းသွေးလေခြောက်ခြားပြီးတော့ ရူးကြောင်ကြောင်ဖြစ်သွားတယ် ခလေးနှစ်ယောက်ကိုခေါင်းအုံးနဲ့ဖိသတ်မိတယ်...ကိုယ့်ကိုယ်ကိုယ်ကျတော့ သေနတ်နဲ့ပစ်သတ်လိုက်တာ....အားးးးးဆိုပြီးတော့ ဘ၀သစ်တစ်ခုဖြစ်သွားတော့အားလုံးကိုရုတ်တရက်မမှတ်မိသေးပဲနဲ့ သေမှန်းမသိပဲပြန်နိုးလာတာပါ ဘ၀သစ်မှာ..ပြောရရင်တော့ဝိဥာဉ်ဘ၀ပေါ့ကွယ်..အဲ့ဒါကြောင့်အဒေါ်တို့လိုဝိဥာဉ်အချင်းချင်းကြတော့အမြဲတမ်းတွေ့လို့ရပြီးတော့ လူသားတွေနဲ့ကျတော့ ရံဖန်ရံခါပဲတွေ့ရတာပါခလေးမရယ်...ခုနကယောက်ကျားနှစ်ယောက် မိန်းမတစ်ယောက် ခလေးတစ်ယောက် အဖွားအိုကြီးတစ်ယောက် ဆိုတာ လူတွေပါကွယ်..သူတို့ကဒီအိမ်ကို အစိုးရကလာနေခိုင်းလို့ လာနေတာပါ..ခလေးမတို့က မသေဘူးထင်ပြီးတော့ဒီအိမ်ထဲမှာနေနေတော့ သူတို့နဲ့တစ်ခါတလေတိုးတယ်လေ..သူတို့ကကြောက်လို့ ပရလောကနဲ့ဆက်နွယ်နေတဲ့ အဲ့အဖွားအိုကြီးကို ဒီအိမ်မှာ ဘာတွေဖြစ်နေလဲဆိုပြီးတော့ခေါ်မေးတာပါကွယ်...လင်မယားနှစ်ယောက်နဲ့ ခလေးတစ်ယောက် တစ်ယောက်က မိန်းခလေးရဲ့အစ်ကိုပေါ့...
သြော် ကျမနားလည်သွားပါပြီရှင်..ရှင်တို့စောင့်ရှောက်ပေးတာကိုလဲကျေးဇူးတင်ပါတယ်...ကျမရဲ့အပြစ်မရှိတဲ့ခလေးတွေကိုကျမသတ်လိုက်မိပြီ..ဘာမှပြန်ပြင်လို့မရတော့ဘူး..ကျမလဲအေးအေးဆေးဆေးနေပါတော့မယ် မကျွတ်သ၍နေရအုံးမှာပေါ့ရှင်..အဖွားကြီးလဲပြုံးပြတယ်...ပြီးဆက်ပြောတယ် ဟိုဂူတွေက ညီမတို့ဂူတွေလဲပါပါတယ် အဲ့တာကြောင့် သစ်ရွက်တွေနဲ့ကျမ မောင်ကိုဖုံးခိုင်းထားတာပါလို့ပြောပြီးတော့..သုံးယောက်သားအိမ်ပေါ်ကနေတရိပ်ရိပ်နဲ့ပျောက်ကွယ်သွားကြလေတယ်.....
ချစ်လှစွာဖြင့်
စာရေးသူ
MSC-210
Myanmar Steemit Community
https://steemit.com/@zarmanizawlinn