စာမရေးတာလဲ ကြာသွားသလိုပဲဗျာ။
Proရက်တော့ မရေးမဖြစ်ရေးရတာပေါ့။ကျန်တဲ့ရက်တွေက ရေးသော်ငြားလည် ဖတ်သူမရှိတော့ တစ်ကိုယ်တည်း ပိုစ့်ကို အားနာမိပါလေရဲ့။
ဒါကလဲ ကိုယ့်အပြစ်နဲ့ကိုယ်လေ။
အခုတလော steemitမှာ စာရေးဖို့က အချိန်သိပ်မရသလိုဖြစ်နေတယ်။
တခြားအကြောင်းရာတွေက ကျွန်တော့်ကို ချုပ်နှောင်ထားပါလေရဲ့။
အဖြစ်အပျက်ကို ပြောပြချင်သေးတယ်။ အရင်ဆုံး မဖဲဝါရဲ့ လင်တော် မောင် ဦးအင်းပေါ့ gp ,4ကို ရောက်လာတယ်လေ။ သူရောက်လာတော့ master innwaတဲ့ ။ နံမည်ကတော့ တကယ့် လူမိုက်နံမည်ပဲဗျို့ 😁😁😁
လူမိုက်ဆိုပေမယ့် မဖဲဝါလေးတော့ ချစ်ရှာသားဗျ။ တစ်ခါတရံ သိုင်းကလဲ ကျင့်ချင်သေးတယ်။ gp 4 ရောက်လာလာချင်းမှာပဲ စိတ်ဝင်းစားစရာကောင်းတဲ့ ia အကြောင်းကို ပြောပါလေရော့။
ဒီကလဲ ဘယ်ရမလဲ သိချင်တော့သွားမေးတာပေါ့။ သဘောတော့ကောင်းသား စိတ်ရှည်ရှည်နဲ့ဖြေပေးပါ့။ တစ်ခါတရံ ညနက်ထိပြောနေသေးတာ။😁😁😁
ဦးအင်း ဆွပေးလိုက်တဲ့ IA ကြီး
အခုတော့ ကျွန်တော်နဲ့ တွေ့နေပြီလေ။
ပိုစ့်တွေရှာပြီးတင်တယ်။ gpတွေ လိုက်ပြီး shareတယ်။ မကြာဘူး spamထိတယ် အေးရော့ပဲ။
"ကယ်ပါ ကယ်ပါဆိုပြီး ဦးအင်းဆီ သွားမေးရပြန်ပေါ့"။ အဆင်ပြေလိုက်မပြေလိုက်နဲ့ " ဒုက္ခ ကိုရောက်လို့။ ကိုယ်မှ မသိတာကို ရောက်ချင်လဲ ရောက်မှာပေါ့။
အားတော့မလျှော့ မရှိမဲ့ရှိမဲ့ပိုက်ဆံလေးနဲ့ အရဲစွန့်လုပ်ထားတော့ ရင်တမ,မ နဲ့ပေါ့။ သို့ပေမယ့် ဦးအင်းကို အားကျမိ။
တနေ့တော့ ဦးအင်းလို ဖြစ်ကောင်းနိုင်ပါရဲ့လို့ ဖြေသိပ်ရင်း ပိုစ့်တွေ တင်နေရတယ်လေ။
Steemitဘက်ကို သိပ်မလှည့်သလိုဖြစ်သွားတော့ တောင် ဘယ်ရောက်လို့ ရောက်နေမှန်းမသိ။
အခုတော့ ကိုယ့်မှာ အကြောင်းရင်းနှစ်ခုရှိသွားပြီလေ။ Steemitအတွက် စာရေးရသလို iaအတွက် သတင်းပတ်ရှာနေရတယ်။
ဒီကြားထဲ တော့..........ကိုယ်ပြုသမျှ ကိုယ့်ကံဆိုပြီး ထိုင်ကာငေးနေရုံပဲပေါ့။
ရေးစရာမရှိ ကြံဖန်ပြီး ဦးအင်းအကြောင်းပါးပါးလေး ပုတ် ကာ ဒီမှာတင် စာကိုအဆုံးသတ်မိချင်ပါရဲ့။
ဒီပိုစ့်အား ဦးအင်းတစ်ယောက် မမြင်ပါစေနဲ့သား။😂😂😂😂
gp 4လူအားလုံး ဦးအင်းကို မပြောရ။😜😜ရေးချင်တာရေးမိလိုက်တယ် ခေါင်းစဉ်တောင် မတပ် တတ်တော့ဘူး။
အားလုံးကျေးဇူးပါခင်ဗျာ။ အပြုသဘောဖြင့်ရေးသားခြင်းဖြစ်တဲ့အတွက် အပြုသဘောနေနဲ့ ဖတ်ကာ ကျေနပ်နိုင်ကျပါစေဗျာ။
MSC-061