အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ။ကျွန်တော့်နံမည်မှာ မောင်ဇော်မျိုးနိုင်ဖြစ်ပြီးတော့
steemit nameမှာ ဖြစ်ပါတယ်။MSC-061ဖြင့် Myanmar Steemit Communit(MSC)တွင် အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့ facebook acc linkပါခင်ဗျာ။https://www.facebook.com/mgzaw.myonaing.96
ဝင်ရောက်လာပေးဖို့. ဖိတ်ခေါ်အပ်ပါတယ်။
တစ်ရက်ပြီးလို့တစ်ရက် ကုန်လေပြီ။
အခုဆို proရက်တောင်ရလာပြန်ပြီ။
အသီးသီးရေးကျ voteကျ commentကျနဲ့ လူရှုပ်တဲ့ ရက်ပေါ့။
ကျန်တဲ့ရက်ကျ ပိုစ့်တွေ သရဲခြောက်မှာတောင်ကြောက်ရတယ်။
Steemitသုံးလာတာလဲ ကြာပြီ။
MSC memberဖြစ်နေတာလဲ ကြာပြီ။
MSCရဲ့ လမ်းစဉ်ကိုနှစ်သက်လို့ မြဲနေတာ။ onlineမှာ လုပ်ပြီ ဆိုမှတော့ ပိုက်ဆံရချင်လို့ဆိုတာ သိပြီးသားလေ။
သူ့စည်းနဲ့ သူ့နေရာတော့ရှိရမှာပေါ့။
အခုဆို steemit tags မှာ myanmar အနေနဲ့ ရှိချင်လို့ အတန်တန်မှာတယ်။ myanmar လို့ဆိုတာနဲ့ ဘယ်သူ့ကို ကိုယ်စားပြုသလဲ၊ဘယ်သူ့အတွက်လဲပေါ့။
ဒါကို တိုင်းပြည်ထဲမှာရှိတဲ့ ဒင်းတွေ သိသင့်တာပေါ့။ အဖွဲ့အစည်းမဝင်တာ ကိစ္စမရှိဘူး။ သူ့ဘာသာနေတဲ့ myanmarဆိုတဲ့ ဂုဏ်လေးကို ရိုက်မချိုးကျပါနဲ့။
ကိုယ့်အတွက် ရသည်ဖြစ်စေ ၊မရသည်ဖြစ်စေ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်တော့ လှပစေချင်တာက လူတွေရဲ့ သဘာဝ။ ဒါကိုလဲ နားလည်ထားတယ်။
လှပစေချင်တယ်မလား။ လုပ်လေ ၊နည်းလမ်းမှန်မှန်နဲ့ ပိုစ့်ရေး ၊ voteကျလေ။
အာ့လိုအဖွဲ့ကွဲတာကို အပစ်မပြောလိုဘူး။ myanmarဆိုတဲ့ tagsကြီးကို စော်ကားတာတော့ ရင်နာတယ်ဗျာ။
အသက်အရွယ်ကြည့်တော့လဲ ငယ်တော့တဲ့အရွယ်တွေမဟုတ်ဘူး။
ဘယ်သူ့ကို အပြစ်သွားတင်ရမလဲ။
ပြောချင်မိတယ်၊ဒင်းတို့ သဘောပေါက်အောင်။နားလဲနားလည်သင့်ပါတယ်။
အလုပ်တစ်ခုလုပ်တယ်ဆိုတာ ကိုယ့်အတွက် ဘယ်တော့မှ အရင်မကြည့်ရဘူး။
အရင်ကြည့်ရင်လဲ အောင်မြင်ချင်အောင်မြင်လိမ့်မယ် သို့ပေမယ့် လူကောင်းကောင်း ဖြစ်လာမှာမဟုတ်ဘူး။
ဒီနေ့က gp 4က တင်တဲ့ pro တင်ရမယ့်နေ့။ ကိုယ်ပိုင်အတွေးနဲ့ရေးတယ်။ myanmarဆိုပြီး tagsလဲ ထည့်တယ်။ ဘယ်လောက်ကောင်းမလဲ။
စဉ်းစားကြည့်ပါ။
ကိုယ့်အတွက် အရင်ကြည့်တယ်လား။
နိုးးးနိုးပါ။ မကြည့်လို့ပဲ myanmarကို ဦးစားပေးထားတာလေ။ သိက္ခာမကျအောင် စည်းနဲ့ကမ်းနဲ့ ပိုစ့်ရေးနေတာလေ။
ကိုယ့်အတွက် ရတာတစ်ခုရှိတယ်။
တွေးတတ်တယ်၊ကြံဆတတ်တယ်၊ အကောင်းဘက်ကို မြင်တတ်လာတယ်။
ဟုတ်ပါတယ်။ လူကောင်းနဲ့လူဆိုးဆိုတာ ဒွန်တွဲ နေကျ။ လူကောင်းဖြစ်ချင်တာ လူဆိုးဖြစ်ချင်တာလားပေါ့ မေးခွန်းရှိလာပြီလေ။
ကဲ ဘယ်သူလူဆိုးလုပ်ချင်လဲ ပြောစမ်းပါ။ လူကောင်းပဲ လုပ်ချင်ကျတာပဲမလား။ လူဆိုးလူကောင်းပြောလို့ သတ်မှ၊ဖြတ်မှ ၊မိုက်မှ ကို ဆိုလိုတာမဟုတ်ဘူးနော်။
သူ့တစ်ပါးကို မထိခိုက်အောင်လုပ်နိုင်သူက လူကောင်းလေ။ သူ့တစ်ပါးဖြစ်တဲ့ myanmarကိုထိခိုက်အောင်လုပ်တဲ့သူက လူဆိုးပေါ့။ သိသာ၊မြင်သာ၊ထင်ရှားပါတယ်။
ဒါဆို သင်ကော လူကောင်းလား လူဆိုးလားပေါ့။
ဒီပိုစ့်ကိုရေးသားလိုက်ခြင်းက လူဆိုးလူကောင်းခွဲခြားတတ်၍ လူကောင်းနဲ့အတူ လက်တွဲသွားစေရန်ရည်ရွယ်ထားခြင်းဖြစ်ပါတယ်။
အမှားအယွင်းများတစ်စုံတရာ ပါရှိခဲ့ပါက ခွင့်လွှတ်ပါလို့ မတောင်းပန်တော့ပါဘူး။