"ဆက်လက်ရေးသားပါအုံးမည်"ဆိုပြီးရေးခဲ့မိလို့. ဆက်လက်ရေးသားရခြင်းဖြစ်ပါတယ်။
MSCတွင် gp 1,2,3,4ဟု ရှိခဲ့ရာတွင် gp 4၌ ကျွန်တော်ရောက်ရှိလို့နေပေသည်။ gp4က sl၏ စေတနာထဲတွင် ဆက်လက်မရေးပါနဲ့လို့ ပြောကြားမှု့ကြောင့် ဆက်လက်မရေးပဲ နေခဲ့ရလေပြီ။ယခုအချိန်ထိဟု ကျန့်ကြာခဲ့လေပါပြီ။
"ရေးပါရစေ"ဟုခေါင်းစဉ်တပ်ခါ ပိုစ့်တစ်ခုရေးသားခဲ့မိပါသည်။ အကြောင်းအရာ မစုံလင်သည့်အတွက် ဖတ်ရသူများ မရှင်းမလင်းဖြစ်သွားပုံထင်ရသည်။
ထိုကြောင့် ဆက်လက်ရေးသားပေးရခြင်းဖြစ်ပါသည်။ ကျွန်တော် မောင်ဇော်မျိုးနိုင်သည် msc တွင် msc-061ဖြင့် member ဝင်တစ်ဦးဖြစ်ပေသည်။
တနေ့တွင် MSC chat gpတွင် Admin တစ်ဦးမှာ အစည်းအဝေးရှိကြောင်းအသိပေးထားသည်။ ကျွန်တော်သည် ထိုအချိန်တွင် အပြင်သင်တန်းတက်နေရသဖြင့် ကြိုတင်ကာ ခွင့်တိုင်ခဲ့ပါသည်။
"ည 8 နာရီက အပြင်သင်တန်းတက်ရလို့ မလာနိုင်လို့ပါ ခင်ဗျာ"ဟူ၍ ပြောခဲ့မိလေသည်။
ထိုနောက် ကျွန်တော်ရေးသားလိုက်မိသော စာ၏ အောက်တွင် Admin မှ အောက်ပါအတိုင်းရေးထားမိလေသည်။
"မအားသူ မလာနိုင်သူ ၂ လတစ်ခါလောက်လုပ်တဲ့ မီတင်ကိုအကြောင်းအမျိုးမျိုးတွေရှိလို့ cg ဝင်မထားသူ ဘာညာတွေကို gp တစ်ခုတည်းစုထားပေးသင့်တာ အမှန်က "
" အလုပ်များသူများ စပါယ်ရှယ် gp ဆိုပြီးတော့လေ "ဟု ရေးသားထားသည်။
"ကျွန်မသာ leader ဆို အာ့လို ခွဲပေးထားမာ" ဟူ၍လဲ ရေးသားထားတာကိုတွေ့ရသည်။
ထိုအချိန်တွင် ကျွန်တော့်၏ စိတ်များ မည်သို့ပင်ဖြစ်သွားသည်ကို မသိချေ။
Member တစ်ယောက်က မလာလို့ မလာနိုင်ကြောင်း ခွင့်တိုင်ကြားရာတွင် ယခုလိုသော တုန့်ပြန်မှု့ကို မြင်လိုက်ရသည်မို့ တော်တော် အံ့သြသွားသည်။
အတွေးပေါင်းများစွာ ခေါင်းထဲရောက်သွားသည်။
တစ်ချို့တွင် Adminပြောသောစာကို ထောက်ခံကျသည်။ ကျွန်ုပ်တွင်မှူ မထောက်ခံနိုင်ဖြစ်လေပြီ။ အကြောင်းရင်းမှာ ဝါသနာအရ steemitကို သုံးခြင်းဖြစ်သည်။ Steemitတွေခါစတွင် ငွေရလိုသက်သက်ကြောင့် သုံးလေသည်။ MSCနဲ့တွေ့ပြီးနောက်ပိုင်း စိတ်ကူးများ အရောင်ပြောင်းသွားလေသည်။
အဖွဲ့အစည်းဖြင့်နေထိုင်တတ်လိုခြင်း၊စာပေများလိုက်စားနိုင်မှုရစေခြင်း၊အသိပညာများရစေခြင်း ထိုသို့သော အကြောင်းအရာအဖုံဖုံတို့ ရမှန်းသိ၍ steemitတွင် တစ်စိုက်တစ်မက် ရှိနေခြင်းဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူAdminမှ ရေးသားလိုက်သော စာကြောင့် ကျွန်ုပ် ဆွံ့ အ သွားလေသည်။
ထိုကြောင့် ကျွန်တော့်ရင်တွင် ဖြစ်ပေါ်လာသော ခံစားချက်အချို့ကို
FB ပေါ်တွင် ရေးသားတင်ခဲ့မိပါသည်။
အောက်ပါ linkတွင် ဖတ်ရှုကြည့်နိုင်ပါသည်။
https://m.facebook.com/story.php?story_fbid=438862339902730&id=100013369026433
အထက်ပါ linkကို မတင်ခင် အချိန်အနည်းအငယ်တွင် ဆိုသော steemit acc,တွင်လဲ "ရေးပါရစေ "ဟူ၍ ခေါင်းစဉ် တပ်ကာ အောက်ပါlinkတွင် ရေးသားမိခဲ့ပါသည်။
https://steemit.com/myanmar/@zawmyo/eyapaya-es-0ca84e8b6f796
ထိုသို့ ရေးသားခဲ့ပြီးနောက် နောက်တစ်နေ့တွင် MSCကနေ ထုတ်ခံလိုက်ရသည်။ စဉ်းစားစရာဖြစ်သွားမိလေသည်။
မည်သို့သောအကြောင်းကြောင့် အတိအကျ ပြောကြားခြင်းမရှိပဲ ထုတ်ခံရလေသည်။
မနက်မတိုင်ခင် ညတွင် Adminတစ်ဦးမှ "မည်သို့ပင် မကျေနပ်လေရော"ဟူသော် အဆိုမျိုးများတို့ဖြင့် မေးမြန်းခြင်းခံရလေသည်။
SS များဖြင့် ပိုစ့်မတင်မိတာကိုတော့ နားလည်စေချင်ပါတယ်။
မည်သို့ပင်ဖြစ်စေကာမူ member တစ်ဦးအနေနဲ့ ကျေနပ်ပါသည်။
ထုတ်ခံလိုက်ရသည်တစ်ပြိုင်တည်း MSCမှ ပေးသော proရယူထားသည့် ဆိုသော steemit acc အား MSC သို့ ပြန်လည်လှူဒါန်းပေးခဲ့ပါသည်။သို့ပေမယ့် လက်မခံခဲ့ပေ။
ထိုကြောင့် ယခင်ရေးသားခဲ့ဖူးတဲ့ "ရေးပါရစေ"ဟူသော အဆက်အား ဆက်လက်ရေးသားပေးလိုက်ရခြင်းဖြစ်ပါသည်။
တစ်ချို့တွင် ကျွန်တော် ရေးလိုက်သော ပိုစ့်များကို နားလည်မှု လွဲချော်သွားသည်ဟု ကျွန်တော်ယူဆမိသည်။
မကျေနပ်တာလဲ မဟုတ်ပါ။ Adminတစ်ယောက်အနေနဲ့ ယခုလိုသော တုန့်ပြန်မှု့မျိုး မပြုလုပ်စေရန် ဟူသော messageပို့ပေးလိုက်ခြင်းဖြစ်ပါသည်။ Member တစ်ယောက်အနေနဲ့ ရေးသားလိုက်ခြင်းဖြစ်ပါသည်။
ယခု ရေးသားချိန်တွင်မှု ကျွန်တော် မောင်ဇော်မျိုးနိုင် သည် MSC မှ အပြီးအပိုင်နှုတ်ထွက်သွားခဲ့ခြင်း ဖြစ်နေပြီ။
MSCတွင်ရှိနေစဉ်သကာလ ရီမောခဲ့ ၊သင်ယူခဲ့မှုတွေအတွက် ကျေးဇူးအများပြီးတင်မိပါသည်။ ကျေးဇူးမကမ်းတတ်ပါခင်ဗျာ။
ယခုလိုပြည့်စုံရေးသားပေးလိုက်ခြင်းက နောင်တွင် memberဝင်များ ကျွန်တော့်လို မဖြစ်စေရန်သာဖြစ်ပေသည်။
ယခုပိုစ့်အတွက် , msc-061ဟု တပ်ခွင့်ပေးကာ ပိုစ့်ရေးသားခွင့်ပြုပါလို့ တောင်းပန်လိုက်ပါတယ်ခင်ဗျာ။
Steemitတွင် မြန်မာအချင်းချင်း ရိုင်းပင်းကူညီတတ်နိုင်ပါစေ။