Online crazy ဖြစ်တဲ့ ကျွန်တော်ကတော့ onlineမသုံးရရင်မနေနိုင်ပါဘူးဗျာ။ ဒီနေ့တော့ ကျွန်တော် online crazy(8)ကို ဆက်လက်ရေးသားပါ့မယ်။
Onlineကနေ ပိုက်ဆံရှာလို့ရပြီဆိုတာ သိသိချင်းပဲ ဘယ်လိုရှာရတယ်ဆိုတာကို လေ့လာမိပါတယ်။ Developers များကတော့ appရေးသားခြင်း၊ websiteရေးသားခြင်းတွေနဲ့ ပိုက်ဆံရှာတယ်ဆိုတာကို သိခဲ့ရပါတယ်။
အာ့လိုသိသိချင်း ကျွန်တော်ဟာ ကွန်ပျူတာ တတ်မြှောက်ချင်စိတ်တဖွားဖွားပေါ်လာခဲ့တာအမှန်ပါ။တစ်ချိန်က စာသာအသေကျက်ဖြစ်ကြိုးစားခဲ့ရင် ကွန်ပျူတာ ကျောင်းတော်ကြီး တက်ဖြစ်မှာအမှန်ပါ။ အခုတော့ နောင်တတွေနဲ့ပေါ့။
Developer အလုပ်ကနေ ငွေရှာတယ်ဆိုတာ တကယ့်စိတ်ဝင်စားစရာပါ။
နည်းမျိုးစုံနဲ့ ရှာလို့ရပါတယ်။ လက်ရှိ developersများထဲက ဦးအေးကျော်ကို တော်တော်အားကျမိပါတယ်။
သူသည် appရေးသားသည်။ websiteတွေဖန်တီးသည်။ကျွန်တော်လဲ ထိုသို့လုပ်ချင်မိတယ်။ သို့ပေမယ့် အစစအရာရာ အဆင်မပြေသေးပေ။
ကွန်ပျူတာ မရှိပေမယ့် Android ဖုန်းကနေလဲ appရေးသာနိုင်တယ်လို့ ဆက်သိရတယ်။ ဆက်လက်လေ့လာကြည့်တော့ Aide Nyi Nyi Lwinကို လေးစားမိတယ်။ သူ့ဆီမှာလဲ သင်တန်းတွေရှိပါတယ်။ စာဖတ်သူအဖို့ စိတ်ဝင်စားပါက သွားရောက် စုံစမ်းနိုင်ပါတယ်ခင်ဗျာလို့ဘကြော်ငြာဝင်ခဲ့ပါရစေ။
အရလွယ် အရှုံးလွယ်တဲ့tradeလောက ကလဲ ရင်ခုန်စရာ။ ထိုဟာကို လုပ်ဖို့ဆိုတာ အချိန်တစ်ခုပေးရပါသေးတယ်။