ကဲဗျာ online crazy အပိုင်းက ဘာလိုလိုနဲ့ အပိုင်း(9)ကိုတောင် ရောက်လာပြီပဲ။ ရေးတော့ရေးမိလိုက်တယ်၊ ကိုယ်ကြုံတွေ့လာတဲ့ onlineပေါ်က အတွေ့အကြုံလေးတွေကိုပေါ့။
အခုတော့ onlineဆိုတာကြီးကို အရင်းအနှီး လုပ်ပြီး အမြတ်ယူဖို့ ကြိုးစားမိပါလေရဲ့။တနေ့ တနေ့ social mediaဖြစ်တဲ့ FBမှာတင် အချိန်ကုန်ကျတော့မှာလား။ websiteကိုကော လှည့်ကြည့်ဖူးကျလားမသိဘူး။
ကျွန်တော်ကတော့ သိချင်တာ တစ်ခုခုပဲဖြစ်ဖြစ် ပထမဦးဆုံး googleမှာခေါက်ရှာတယ်။ နားမလည်ခဲ့သော် သိသူတတ်သူတွေကို လိုက်လံရှာဖွေတယ်။
မေးတယ်၊ သင်ယူတယ်ပေါ့။
လူတွေက အတော်ခက်သားဗျ။ လက်တွေ့မြင်ဖူးကြုံဖူးမှ ယုံကြည်ကျတာက မဆန်းပေမယ့် အာ့အဖြစ်ပျက်တွေက ဟိုးအတိတ်မှာ ကျန်ခဲ့ပြီဗျ။ ဒီခေတ်ထဲမှာက ကိုယ်ရှေ့မှာဖြစ်နေတဲ့အရာကိုတောင် သေချာ မခွဲခြားနိုင်တဲ့ခေတ်ဗျ။
ဘာတစ်ခုမှ မရှိဘူး၊မဖြစ်ဘူးဆိုတာ မရှိရလောက်အောင်ပင် တိုးတက်နေကျတာ။
ကဲ အခုပဲ ကြည့်အုံးလေ onlineကနေ ငွေရှာလို့ရနေပြီ။ ဒါကို ယုံကြည်တဲ့သူတွေရှိသလို မယုံကြည်တဲ့သူတွေလဲ ရှိနေတာပဲ မဟုတ်လား။
Why? ဘာကြောင့်လဲ လို့ အဖြေရှာကြည့်သေးတယ်။ အဓိကတော့ လိုက်လံရှာဖွေ မှုမရှိတာရယ်၊ တွေးခေါ်ကြံဆမှု့မရှိတာရယ်ကြောင့်လို့တော့ ကျွန်တော်ထင်မိတယ်။