ပညာဟူရာဝယ်
ရှာတော့လဲ မတွေ့ချေ၊
တွေ့သည့်အခါဝယ်တွင်လဲ၊
အသုံးမဝင်ချေ ဖြစ်ရလေ၏။
တတ်သည့်ပညာ သင်ကာယူ
ယူလေသမျှ ပြန်သင်ရ၊
ထိုမှသာ တတ်မြှောက်ပညာ
စုံပါလေဟု ဆိုရမည်။
အကယ်၍ ငြား
တတ်သည့်ပညာ မျှဝေခြင်း
မရှိခဲ့ပါမှူ လူ့လောကဝယ်
အဘယ်သို့ ပြည့်စုံနိုင်နေမည်နည်း။
မျှဝေပေးပါမှုလျှင်
ဒါနတရား ပညာတရား
ပီတိစား၍ ကုသိုလ် ရပေမည်။
နောက်နောင် သံသရာ တွင်ဝယ်လဲ
ထူးခြားပေါက်မြှောက်
ဂုဏ်ထင်ကျော်စောလိမ့်မည်တကား။