ဆယ်တန်းစာမေးပွဲကြီးကလဲ ဖြေနေပြီ။ဖြေဆိုနေတဲ့ ညီတွေ ညီမတွေလဲ ဖြေလို့မှ ကောင်းရဲ့လားမသိဘူး။ ရင်တထိတ်ထိတ်နဲ့ စာမေးပွဲ ကို ရင်ဆိုင်နေမိသလားပေါ့။ ကိုယ်ကတော့ စိုးရိမ်မိသေးတယ် ညီတွေ ညီမတွေရယ်။
"မင်းတို့ တစ်နှ်းပတ်လုံး ကြိုးစား သမျှကို ယခု ဖြေကြားတင်ပြရတော့မယ်
အကောင်းဆုံးဖြေကျပါ"လို့လဲ မှာချင်မိသေး။အခုဆို မြန်မာစာနဲ့ English စာတော့ ဖြေပြီးသွားပြီ။
"ဘယ်လိုလဲ ဖြေနိုင်ရဲ့လားပေါ့"။ ရင်ထဲက အလုံးတစ်ဝက်တော့ ပြုတ်ကျသွားပြီလား ညီတွေ ညီမတွေရယ်။
အာ့ကြောင်းလေး တွေးမြင်နေမိတော့ ကိုယ်တွေ ဖြေဆိုချိန်ကို တမ်းတမိသေးတယ်။
"မင်းတို့ရဲ့ အကို ဖြစ်တဲ့ ငါတုန်းကတော့ ဆယ်တန်းဆယ်မေးပွဲကို ဘယ်လို ဖြေခဲ့တယ်ဆိုတာ ပြောပြအုံးမယ် ညီတွေ ညီမတို့"။
ငါတို့တုန်းကတော့ ဆယ်တန်းစာမေးပွဲ အဝေးတမြေက ဆင်ဖြူကျွန်းဆိုတဲ့ မြို့လေးမှာသွားဖြေခဲ့ရတယ်။ကျောင်းကတော့ ဇီးဖြူပင်ဆိုတဲ့ရွာက အထက်တန်းကျောင်းလေးမှာ နေပြီး မျိုးဆက်တံခွန်လို့ အမည်ရတဲ့ ဘော်ဒါလေး ဆည်းပူးခဲ့တယ်။
ဖြေရက်ရောက်တော့ တခြားတမြေဆီက ဆင်ဖြူကျွန်းမြို့က အထက်တန်းကျောင်းမှာဖြေခဲ့ရတယ်။ ဘော်ဒါ အသီးသီး ရိက္ခာ အပြည့်နဲ့ ကိုယ့်ဘော်ဒါနဲ့ ကိုယ်အဆောင်နဲ့ ကို ဖြေခဲ့ကျရတယ်။
ကိုယ့်မြေမဟုတ်တော့ ရင်ထဲမှာ စိမ်းသထက်စိမ်းမိသေးတာပေါ့။ အို မပူပါဘူးလေ အဖော်တွေက အများကြီးဆိုတော့ အားရစရာပါပဲ။ တချို့တွေကလဲ ဒီဆင်ဖြူကျွန်းမြို့ပေါ်လေးမှာပဲ လာဆုံကျတယ်။ ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် ကျောင်းသားအချင်း ကျောင်းသူ အချင်း "စာရပြီလား"လို့ မေးလိုက်တဲ့ အခါ "ရပြီလို့" ဖြေလိုက်ရဲ့ ဖီလင်မျိုး ငါ့ညီတွေ ညီမတွေ သိစေချင်သေးတယ်။
ကဲ မနက်ဖြန် မြန်မာစာဖြေမယ့်ရက် ငါတို့ ဘယ်လိုဖြေခဲ့လဲ သိလား။ ပြောပြအုံးမယ်။ ကိုယ်က စာကျက်တာ အရမ်းပျင်းတဲ့သူပဲ ။ မြန်မာစာဆိုတော့ ကျက်ရတာ ပင်ပန်းတယ်။ အမှန်ပြောရရင် မြန်မာစာကို ကြောက်တယ်။ မြန်မာစာရဲ့ အဓိပ္ပါယ် က မြင့်မားပေမယ့် ကိုယ့်အတွက်တော့ ပျင်းရိနေမိတယ်လေ။
ကဲ ဆရာမကတော့ စာကျက်စာကျက်လို့ အတန်တန်မှာတယ်။ တစ်နှစ်လုံးကျက်လာသမျှတော့ ရတဲ့ဟာက ရ ၊ မရတဲ့ဟာက မရနဲ့။ ပေါ့ပေါ့ပါးပါးပဲ အေးဆေးနေတယ်။ ဟီးဟီး ။ ကဲ စာမေးပွဲခန်းဝင်ဖို့ အချိန်က ကပ်လာတယ်။ ကျောင်းဝန်းကြီးထဲမှာ အစုလိုက်အပြုံလိုက်နဲ့ ငါ့ညီတွေညီမတွေ ပြေးမြင်နေမိစမ်းပါ။
ဘယ်လောက်ပျော်စရာကောင်းသလဲ။ ဆရာဆရာမတွေက လူတွေကိုစစ် ပြီးတော့ စာမေးပွဲအခန်းဝင်ကာ ဖြေဆိုပါလေသရော့။ ကဲ မြန်မာစာတော့ ဖြေလို့ပြီးပြီ။ ဖြေနိုင်ကျရဲ့လားလို့ အားရပါးရ မေးတဲ့သူကမေး၊ ဆရာဆရာမတွေကလဲ မေး။ အမေးစုံတဲ့ မြင်ကွင်းလေးမှာ မျက်ရည်ပေါက်ပေါက်ကျနေတဲ့သူ မပါတောလ မြင်ကွင်းလေးက ကြည်နူးစရာ။
ကိုယ့်အတွင်လဲ စိတ်ပေါ့သွားမိတာပေါ့ ညီတွေ ညီမတွေရယ်။ကဲ လာပြန် မနက်ဖြန် English စာတဲ့ဗျာ။ Englishစာဆိုတာက ဖြေခါနီးတော့ ကြည့်စရာမတွေ့။ Read the passage လေးဖြေနိုင်အောင်ပဲ ကြိုးစားရပြန်။ Grammar လေးက အမှတ်ယူရတော့ ကြည့်ရပြန်သေး။
သို့ပေမယ့် အချိန်က ပိုနေသေး။
ပြောရအုံးမယ် မင်းတို့ အကိုဖြစ်တဲ့ ငါက စာမေးပွဖြေရက်ရောက်တာတောင် ခရက်စ်လေးနဲ့ သာယာလို့ကောင်းတုန်း။ သူ့မ စာမေးပွကော ဖြေနိုင်ရဲ့လို့လဲ မေးရသေးတယ်။ သူမရဲ့ စာကျက်ဟန်လေးတွေကလဲ ချစ်စရာ။ အလဲ့အလဲ့ မင်းတို့အကိုက အာ့အချိန်မှ crushဆိုတာရှိလာတာ။
သူမရယ် စာမေးကြီးရယ်နဲ့ မင်းအကိုက အဲ့လိုဖြေခဲ့တာ😁😁😁။ အွန်း တော်ပါပြီ ဆက်မရေးချင်တော့ဘူး သူမ အကြောင်းတွေ ပြန်သတိရလာတယ်။
ကဲ ညီတွေညီမတွေရေ ဆယ်တန်းစာမေးပွဲတွင် ကျက်သမျှတိုး၍ ဖြေသမျှမှန်ကန်ကာ အမှတ်ကောင်းကောင်းနဲ့ တက္ကသိုလ် ဝင်စာမေးပွဲကြီး အောင်မြင်ကျပါစေဗျာ။
MSC-061