မြန်မာနိုင်ငံကြီး ဒီထက်တိုးတက်ရင်သိပ်ကောင်းမယ်။အဖက်ဖက်က အားနည်းချက်တွေ ရှိနေတော့ သူ့များနိုင်ငံတွေနဲ့ ယှဉ်ဖို့ မလွယ်ကူနိုင်။ ကိုယ့်နိုင်ငံမှာ ဘယ်သူတွေ တာဝန်ရှိသလဲတော့ သေချာမသိ။
သိတာတစ်ခုတော့ ပြောပြချင်တယ်။ အခုလို တိုးတက်နေတဲ့ခေတ်ကြီးမှာ မျက်လုံးနဲ့ကြည့်ပြီးမှ ယုံလို့မရသလို မဖြစ်နိုင်ဘူးဆိုတာလဲ ပြောလို့ မရသလိုဖြစ်နေပါပြီ။
နည်းပညာ တွေက ကြောက်စရာကောင်းအောင်ကို တိုးတက်လာပါပြီ။ ဘယ်လောက်ပဲ တိုးတက်နေပါစေ မြန်မာနိုင်ငံကတော့ သူတို့ရဲ့ အောက်မှာပဲ ရှိမြဲ ရှိစမြဲပါလေ။
အဲ့ဒီတော့ ခေတ်သက်စ လူငယ်တွေမှာ ပိုပြီး တာဝန်ရှိသလို ဘုမသိ ဘ မသိခဲ့တဲ့ လူကြီးတွေကလဲ လူငယ်တွေကို တွန်းအားပေးဖို့လိုပါလိမ့်မယ်။ "ငါ့ခေတ်တော့ ဒါမျိုးမရှိဘူး ဒါတွေ မလုပ်တတ်ဘူး မလုပ်ရဲဘူး"ဆိုပြီး အတွေးတွေဝင်ပြီး လူငယ်တွေကိုတော့ မနှိပ်စက်လိုက်ပါနဲ့ဗျာ။
အခုဆိုရင်လဲ မြန်မာလူငယ်တွေ တတ်နိုင်သမျှ ကြိုးစားနေကျပါပြီ။ထောက်ပံ့ပေးမှု့တွေတော့ အားနည်းတော့ မျှော်မှန်းသလိုတော့ ဖြစ်မလာဘူးပေါ့ဗျာ။ တစ်ချိန်မှာတော့ တိုးတက်တဲ့မြန်မာနိုင်ငံဖြစ်လာမယ်လို့တော့မျှော်လင့်မိပါတယ်။
သို့ပေမယ့် အချိန်နောက်မကျဖို့လဲ ဆုတောင်းမိပါသေးတယ်ခင်ဗျာ။
Credit photo from google