ဓါတ်ကြီး(၄)ပါး
ပထဝီ အာပေါ ဝါယော တေဇော ဆိုပြီးရှိကြတယ်။
ပထဝီ ဆိုတာက မြေကကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်။
အာပေါ ဆိုတာက ရေကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တာရာယ်ကို ဆိုလိုပါတယ်။
ဝါယော ဆိုတာက လေကြောင့်ဖြစ်တဲ့ သဘာဝဘေးအန္တရာယ် ကိုဆိုလိုပါတယ်။
တေဇော ဆိုတာက မီးကြောင့်ဖြစ်တဲ့ အန္တရာယ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။
ပထဝီဆိုတဲ့ မြေကြောင့်ဖြစ်တဲ့အန္တရာယ်ကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ ကြိုတင်ကာကွယ်မှုတွေမပြုလုပ်နိုင်ပါဘူး။
အာပေါ ဆိုတဲ့ရေကြောင့်ဖြစ်တဲ့ သဘာဝအန္တရာယ်ကိုလည်း ကြိုတင်ကာကွယ်မှုတွေ မပြုလုပ်နိုင်ကြပါဘူး။
တေဇော ဆိုတဲ့ မီးဘေးရန်ကိုတော့ ကျွန်တော်တို့တွေ အတက်နိုင်ဆုံး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်ဗျ။
မီးဆိုတာအလွန်ကြောင့်ဖို့ကောင်းတယ်ဗျာ။
သူခိုး ခိုးလို့မပြောင်ပေမဲ့ မီးခိုးရင်တော့အကုန်ပြောင်တယ်ဗျ။
အဲဒါကြောင့် ရှေးလူကြီးတွေကပြောကြတာ မလောင်ခင် ကြိုတင် တားစီးမှုတွေလုပ်ဖို့ကိုပေါ့။
မီးဘေးဖြစ်နိုင်တဲ့ အကြောင်းအရင်းများက ပေါ့စမီး သဘာဝမီး ရှို့မီး တို့ကြောင့်အများဆုံးဖြစ်နိုင်ကြပါတယ်။
သဘဝမီး ရှို့မီး တွေကိုတော့ကြိုတင်ကာကွယ်မှု လုပ်ဖို့မဖြစ်နိုင်ပါဘူး။
ပေါ့စမီးကိုတော့ ကျွန်တော်တို့တွေ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ကြပါတယ်
ပေါ့စမီးဖြစ်ပေါ်စေတဲ့အများဆုံး အကြောင်းအရင်းများက လျှပ်စစ်ကြောင့်ဖြစ်တဲ့ ပေါ့စမီး လောင်စာများ ကိုစနစ်တစ်ကျထားရှိမှုမရှိခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်။
လျှပ်စစ်ကြောင့် ပေါ့စမီး မဖြစ်စေရန်
လျှပ်စစ်ကြိုးများ ပေါက်ပြဲမှုရှိမရှိ စစ်စေးပေးခြင်း
လျှပ်စစ်နဲ့ပက်သက်တဲ့ စက်ပစ္စည်းများကို အသုံးပြုတိုင်း စနစ်တကျပြန်လည် ပိတ်ပင်ခြင်း
တို့ပဲ ဖြစ်ပါတယ်။
လောင်စာများ ကြောင့်ဖြစ်တက်တဲ့မီးဘေး မဖြစ်စေရန်
မိမိအိမ်အတွင် လောင်စာဖြစ်စေနိုင်သည့် ပစ္စည်းများကို စနစ်တကျထားရှိခြင်း
ကလေးများကို မီးခြစ်ဖြင့် ဆော့ကစားမှုများကိုတားစီးခြင်း
မိမိခြံဝန်းအတွင် လောင်စာဖြစ်စေနိုင့်သည့် ပစ္စည်းများ မြက်ပင်များကို စနစ်တကျ ရှင်းလင်းခြင်း
မိမိပတ်ဝန်းကျင်တွင် လောင်စာများကို ရှင်းလင်းခြင်း
တို့ပြုလုပ်ပေးခြင်းဖြင့် ပေါ့စမီးအန္တရာယ်ကို ကာကွယ်မှုများ ပြုလုပ်နိုင်ကျပါတယ်။
မိမိတို့ပတ်ဝန်းကျင်မှာ ပေါ့စမီးဖြစ်ခဲ့ပြီဆိုရင်လည်း သက်ဆိုင်ရာမီးသတ်ဌာနများကို အကြောင်းကြားဖို့လည်းလိုအပ်ပါတယ်။
မီးသတ်ဌာနတစ်ခုတည်းကိုလည်း အားကိုးနေလို့မရပါဘူး မိမိတို့ကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်။
မီးသတ်ဌာန တစ်ခုတည်းကိုပဲ အားကိုးလို့မရပါဘူးဆိုတာကလည်း မီးသတ်ဌာနများကို နိမ့်ချပြောဆိုချင်းမဟုတ်ပါဘူး။
မီးသတ်ဌာနက မီးသတ်ကားတွေ မီးလောင်တဲ့နေရာကိုရောက်ဖို့ဆိုတာကလည်း အချိန်အနည်းငယ်လိုအပ်တာကြောင့်ပါ။
မီးကအရမ်းများတယ် ငါတို့လည်းမတက်နိုင်ဘူးပြောဆိုနေကြမယ်ဆိုရင်တော့ ပေါစမီးကနေ တစ်ရပ်ကွက်လုံး ဝါးမြိုသွားပါလိမ့်မယ်။
မီးလောင်တယ်နေရာကနေ အခြားတစ်ဖက်ကို ကူးစက်မသွားနိုင်အောင်တော့ ရပ်ကွက်ထဲမှာရှိတဲ့လူများနဲ့ အတက်နိုင်ဆုံးလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။
ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာလည်း အရန်မီးသတ်အဖွဲ့လေးတွေ ဖွဲ့စည်းထားဖို့လိုအပ်ပါတယ်။
အဲဒီလုပ်ဆောင်ခြင်းဖြင့်လည်း မီးဘေးအန္တရာယ်ကို ကာကွယ်နိုင်ကြပါမယ်။
ကြောက်စရာကောင်းတဲ့ မီးဘေးအန္တရာယ်များ မဖြစ်ကြစေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပ့တယ်။
ကျွန်တော်က သိလို့တက်လို့ရေးသားခြင်းမဟုတ်ပါဘူး။
ကျွန်တော် သိသလောက်လေးကိုပဲ ပြောဆိုရေးသားခြင်း ဖြစ်ပါသဖြင့် အမှားများရှိခဲ့ရင်လည်း နားလည်းပေးကျဖို့ မေတ္တာရပ်ခံပါတယ်။