ရည်ရွယ်ချက်ရှိတဲ့လူ အများစုဟာ အောင်မြင်နေတယ်ဆိုမမှားပါဘူး
မည့်သည့်ကိစ္စမဆို ရည်ရွယ်ချက်တစ်ခုထားပြီးလုပ်ဆောင်ကြဖို့ကို တိုက်တွန်းလို့ပါတယ်
ရည်ရွယ်ချက်ထားပြီးလုပ်ဆောင်ပေမဲ့လည်းမအောင်မြင်ကြတဲ့ လူတွေလည်းရှိကြပါတယ်
မအောင်မြင်တဲ့လူအများစုဟာ ရည်ရွယ်ချက်နဲ့တော့လုပ်ဆောင်ပါသော်လည်းမအောင်မြင်ပေ
ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်ဆိုတာအမြဲတွဲလျှက်ပါ
မအောင်မြင်ကြတဲ့ လူအများစုဟာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်ဟာ မကိုက်ညီကြလို့ပါပဲ
ကျွန်တော်ကိုယ်တွေ့ ဥပမာလေးတစ်ခုပြောပြပါ့မယ်
ဟိုးအရင်တုန်းက ကံတော်ဆိုတဲ့ရွာလေးတစ်ရွာမှာ သားအဖနှစ်ယောက်ရှိပါတယ်
အဖေဖြစ်တဲ့သူရဲ့ နာမည်ကတော့ ဦးနိုင်ထွန်းဖြစ်ပါတယ်
သားဖြစ်သူနာမည်ကတော့ ဘိုထွန်းပဲဖြစ်ပါတယ်
သူတို့သားအဖနှစ်ယောက်စီးပွားရေးမပြေလည်ကြပါဘူး
အဲဒီလိုမပြေလည်တာကိုပြေလည်အောင်လုပ်မယ်ဆိုပြီး ရည်ရွယ်ချက်ထားရှိခဲ့ကြပါတယ်
မည်သည့်အလုပ်ကိုမဆို အလုပ်မရွေးလုပ်ကိုင်ကြပါတယ်
တစ်နေ့သားဖြစ်သူကအဖေ သားကတော့သူများအလုပ်တွေပဲလိုက်မလုပ်ချင်တော့ဘူး
ကိုယ်ပိုင်အလုပ်လေးတစ်ခုလုပ်မလားလို့ဆိုပြီးအဖေဖြစ်သူကိုပြောပြတယ်
အဖေဖြစ်သူကလည်း အဖေတို့မှာပိုက်ဆံအရင်းအနှီးမှမရှိတာ သားရယ်
သားကဘာလုပ်ချင်လို့လဲသား
ဒီလိုလေအဖေ သားတို့မှာ မြေကွက်အလွှတ်တွေရှိတယ်လေ
အဲဒီမြေကွက်တွေမှာ စိုက်ပျိုးရေးလေး လုပ်မလားလို့ပါအဖေ
အေးမဆိုးပါဘူးကောင်းသားပဲ
သားတို့ကြိုးစားလုပ်ရင် အောင်မြင်နိုင်မှာပါအဖေ
အေးအေး သားလေး ဘယ်နေ့စလုပ်ကြမလဲ
အဖေသားကတော့ မနက်ဖြန်ကစပြီးအကောင်အထည်ဖော်ချင်တယ်
အေးကောင်းတယ် တို့သားအဖ အတူတူကြိုးစားရင် ချမ်းသာဖို့ဆိုတာခနလေးပါကွာ
သားအဖနှစ်ယောက်ပြောဆိုရင်း ရယ်မောကြတော့လေသည်
မနက်မိုးလင်းသည်နှင့် သားဖြစ်သူအဖေထတော့လေ မနက်မိုးလင်းနေပြီ
ပြီးတော့သားတို့ ဒီနေ့အကောင်အထည်စဖော်ဖို့လည်းရှိတယ်လေ
အေးပါသားရယ်အဖေလည်း ထနေပါပြီသားရယ်
အဖေမျက်နှာသစ်ထားလိုက်တော့ သားမနက်စာပြင်ထားလိုက်တော့မယ်အဖေ
အေးပါကွာ အေးပါကွာ
မနက်စာစားပြီးသည်နှင့်သားအဖ နှစ်ယောက်စတင်အကောင်အထည်ဖော်ကြလေသည်
အချိန်တွေတဖြည်းဖြည်းကုန်ဆုံးလာသည်နှင့်အမျှ သူတို့သားအဖနှစ်ယောက်ရဲ့စီးပွားရေးအခြေအနေလေးဟာကောင်းမွန်လာတော့တယ်
အဖေရေဒီနှစ်တော့ သားတို့အမြတ်များများရတယ်နော်
သားလေး အဖေကတော့ဒီနှစ်လူငှားခေါ်ရင်ကောင်းမလားလို့
ဟာအဖေကလည်း ခေါ်မနေပါနဲ့ သားလုပ်နိုင်ပါတယ်
အေးပါ အဖေကလည်းပြောကြည့်တာပါ
အချိန်အနည်းငယ်အတွင်းမှာပဲ သားအဖနှစ်ယောက်ဟာ ထိုကံတော်ရွာတွင် တောသူဌေးကြီးများဖြစ်လာတော့လေသည်
တစ်နေ့ သားအဖနှစ်ယောက် ပျိုးနုတ်နေစဉ် အဖေဖြစ်သူ၏ လည်ပင်းတွင် ပင့်ကူကြီး တစ်ကောင်တွယ်ကပ်နေသည်ကိုသားဖြစ်သူကမြင်၍ ငါအဖေကို ကိုက်တဲ့ကောင်သေမယ်
ဆိုပြီး လက်ထဲမှာရှိတဲ့ ဓါးဖြင့်ခုတ်လိုက်လေသည်
ပင့်ကူသာ သေရုံမက ဖခင်ဖြစ်သူ၏လည်ပင်းပါပြတ်သွားလေသည်
အထက် ဥပမာလေးတစ်ခုမှာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်မှန်ကန်မှုနဲ့ မမှန်ကန်မှုနှစ်ခုလုံးပါဝင်ပါတယ်
သားအဖနှစ်ယောက်ရဲ့ ကြီးပွားချမ်းသာလာမှုဟာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်မှန်ကန်မှုရှိခဲ့လို့ပါ
ဖခင်ဖြစ်သူရဲ့သေဆုံးမှုဟာ သားဖြစ်သူကတော့ သူရဲ့ရည်ရွယ်ချက်က အဖေ ကိုက်ခံရမှာကို စိုးရိမ်၍ လုပ်လိုက်ခြင်းဖြစ်ပြီး
လုပ်ဆောင်မူ မှားယွင်းမူကြောင့်သာ ဖခင်၏ အသတ်ဆုံးရှုံးရလေသည်
ဖခင်၏သေဆုံးမှုဟာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက် မမှန်ကန်ခဲ့လိုပဲဖြစ်ပါတယ်
လူသားတိုင်းလူသားတိုင်းရည်ရွယ်ချက်မှန်မှန် လုပ်ဆောင်ချက်မှန်မှန် နဲ့လုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါတယ်
Written by
MSC 250