ပထမဆုးံ အင်တာဗျူး နှင့် ကျွန်တော်
မင်္ဂလာပါမိတ်ဆွေများ
- ကျွန်တော် ထိုင်းနိုင်ငံရောက်ရောက်ချင်း ရရာအလုပ်လုပ်မယ်ဆိုပြီး ပထမဆုးံရလိုက်တဲ့ လု့ခြုံလေးဝန်ထမ်း ဝင်လုပ်ခဲ့ပါတယ်။ အထောက်အထားမပြုံဆုံပဲ လုပ်ခွင့်ရတော့လည်း ဝမ်းသာအားရ ဖြစ်ခဲ့ရသည်။ တစ်နှစ်လောက်အလုပ်လုပ်ခဲ့ပြီး ထိုင်းစကားလေး ရေးတတ် ဖတ်တတ် ပြောတတ်နေပြီ။လုံခြုံရေးဝန်ထမ်းဆိုဒါ လည်းအမြင်ကောင်းအောင် ပြောခြင်းသာ။ ဖြတ်သွားဖြတ်လာတွေ့သူတိုင်း ၏အထင်သေးသော အကြည့်ပေါင်းများစွာနှင့် ဘာပညာမှ မတတ်၍အချောင်ခို လုပ်ရသည့်အလုပ်မျိုးဟု တချို့ကမှတ်ယူကြသည်။ အလုပ်ချိန် မနက် ၇:၀၀ နာရီမှ ည ၇:၀၀ နာရီ နေ့လည်တနာရီ ထမင်းစားနား။ကားများအတွင်းဖက်က ထွက်လာရင်ဖြစ် ပြေးလို့လမ်းရှင်းပေးရ တနေ့ကို အစီး ၁၀၀ ဝန်းကျင်။ နားရက်ရယ်လို့ တလတချိန်တောင်မရှိ နားရက်ယူချင်သပါ့ဆိုတရက်ကြိုပြော မပြောမိ၍နားရက် ယူပါကနှစ်ရက်လုပ်အားခဖြတ်ခံရမည်။ အမှန်တော့ မိမိမှာ နေ့တိုင်းလိုလိုပင် ငယ်စဉ်အရွယ်ကတည်းမှ ပညာသင် ဘွဲ့ရအောင်လုပ် သက်မွေးပညာသင် သင်တန်းများတတ် English လေ့လာ ( အတော်အသင့်ထက်ပို ပြောတတ်) ဘဝမှာကြိုးစားခဲ့ရမှုပေါင်းများစွာရဲ့ရလဒ်က လုံခြုံရေး ဝန်ထမ်းလား ဟူ၍အကြိမ်ကြိမ်မေးမိသည်။ ဤသို့သာဆက်လုပ်နေလျှင်ဖြစ် ဘဝမှာ ဘားမှဖြစ်လာမှာမဟုတ်ဘူး တခြားလုပ်ငန်းပြောင်းပြီးလုပ်အုးံမှပဲတွေးပြီး သွားရင်းလာရင်းဖြင့် တချို့မိတ်ဆွေများထံမှ တဆင့်စကားတဆင့်ကြားပြီး စားသောက်ဆိုင်တွင်ဝန်ထမ်းအလိုရှိကြောင်း အလုပ်ချိန် ၈ နာရီနှင့် တပတ်တရက်နားရက်ရှိကြောင်း လခမှာလည်း သာမာန်အခြားအလုပ်ထက်မြင့်မားကြောင်း အင်္ဂလိပ် နှင့် ထိုင်းပြောတတ်ရမည်ဖြစ်ကြောင်း သိခဲ့ရသည်။
သို့နှင့်ကျွန်တော်လည်း မိမိနှင့်အဆင်ပြေနိုင်သည်ထင်ပြီးသွားရောက်လျောက်ဖို့ဆုးံဖြတ်လိုက်သည်။ လုံခြုံရေးအလုပ်မှတရက်အနားယူရန်ခွင့်ကြိုတောင်းပြီး အလုပ်သစ်ရှိရာသို့ သွားရောက်အင်တာဗျူးရန်ရောက်ခဲ့သည်။ အင်တာဗျူးမည့်နေရာတွင် ကျွန်တော့်နည်းတူ အခြားလာဗျူးသည့် မိတ်ဆွေလေးဦးရှိနေသေးသည်ကိုတွေ့လိုက်ရသည်။ တဦးနှင့်တစ်ဦး စကားပင်ပြောခွင့်မရှိလိုက် အင်တာဗျူးရန် အတွက် ထိုင်းလူမျိုးတဦးမှအင်တာဗျူးမည့်ငါးဦးလုးံအား သူနှင့်လိုက်လာရန် ပြောဆိုခဲ့ပြီးအခန်းတခုသို့အရောက်ထိုသူမှ လက်ဟန်ဖြင့် အထဲဝင်ထိုင်ပါဟုပြောလေရာ ကျွန်နော်တို့ငါးဦးမှ အခန်းတွင်းရှိကုလားထိုင်သို့ အသီးသီးဝင်ထိုင်လိုက်ကြသည်။ထို့နောက် အင်တာဗျူးရန် အခန်းတွင်းကြိုရှိနေသော အင်္ဂလိပ်လူမျိုးတဦးနှင့် ထိုင်းလူမျိုးတဦးမှ စာရွက်တရွက်စီပေးပြီးဖောင်ဖြည့်ခိုင်းခဲ့ပြီး (cv ပုံစံမျိုး ထိုင်းအင်္ဂလိပ် နှစ်ဘာသာဖြင့်) ကျွန်တော်မှ ရှေးဦးစွာ အင်္ဂလိပ်ထိုင်း မည်သည့်ဘာသာဖြင့်ဖြည့်ရမည်နည်းဟု (ကျွန်တော်ထိုင်းစာလည်းရေးတတ်ကြောင်းသိစေခြင်း)မေးလိုက်သည်။ထိုသူမှ အဆင်ပြေသည့်ဘာသာနဲ့သာရေးဟု ဖြေကြားခဲ့သည်။၁၀မိနှစ်သာသာ လျှောက်လွှာရေးခဲ့ပြီး ထိုသူများလက်ထဲသို့ အသီးသီးအပ်ခဲ့လိုက်ကြသည်။
ထိုသူများမှ ကျွန်တော်တို့စာရွက်များကိုင်၍ မေးခွန်းများမေးကြရာ မည်သည့်အချိန်ထိုင်းနိုင်ငံရောက်ခဲ့သည် မည်သည့်အလုပ်လုပ်ခဲ့သည်သာမက မိသားစုအကြောင်းများပါ မေးလာခဲ့သည်တွင် ကျွန်တော်တဦးတည်းသာ မထစ်မငေါ့ အင်္ဂလိပ်လူမေးသည့် မေးခွန်းသာမက ထိုင်းလူမျိုးမေးသည့် မေးခွန်းပါဖြေနိုင်ခဲ့သည်။အခြားလေးဦးမှာ ခေါင်းကုပ်လျက် ဟိုလေးဟိုလေးဖြစ်လျှက်။ ကျွန်တော်ဒီအခြေအနေအရ သုးံသပ်လိုက်သည်မှာ ကျွန်တော့်ကိုထိုသူများဖက်မှ ငြင်းစရာအကြောင်းမရှိ ယလုအလုပ်ကျွန်တော်ရပြီဟု တထစ်ချယုံကြည်နေမိခဲ့သည် (အခြားသူလေးဦးကြောင့် မိမိကိုယ့်ကို ယုံကြည်မှုလွန်ကဲခြင်း)။ အလုပ်တွင်လိုအပ်သည်မှာ ဝန်ထမ်းလေးဦးသားဖြစ်ကြောင်း ကျွန်တော်ရောက်ရောက်ခြင်းကြော်ငြာစာလေး ချိတ်ထားသည်ကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထိုစားသောက်ဆိုင်သည် coffee bar အပြင် ဟိုတယ်လုပ်ငန်းပါ အပေါ်ထပ်ရှစ်ထပ်လုးံတွင်လုပ်ကိုင်လျက်ရှိပြီး မိမိတို့မြန်မာအတွက် အခွင့်အလမ်းမှာ လခမြင့်မားသူမန်နေဂျာ ဝန်ထမ်းများနှင့် ဝန်ထမ်းအများစုမှာ မြန်မာလူမျိုးသာဖြစ်ကြောင်း အလုပ်တွင်ရိုးရိုးသားသား အကျင့်စာရိတ္တ ကောင်းမွန်သူများကို သြစတေးလျရှိ သူတ်ို့ပိုင်ဟိုတယ်သို့ ခေါ်ယူသွားကြောင်းသိရှိထားသဖြင့် အခွင့်ခူးပဲဟုတွေးထင်နေမိခဲ့သည်။
နောက်ဆုးံအင်တာဗျူးသူများထံမှ နောက်ဆုးံမေူခွန်းတခုမေးမည် အားလုးံစာဖရွက်ထဲမှာဖြေကြဟု စာရွက်လွတ်တရွက်စီပေးပြီး မေးခွန်းမှာ "စားသောက်ဆိုင် ကော်ဖီဘားရှိ မိမိသိသော အစားအသောက်နာမည်များ ရေးရန်ဖြစ်သည်။ ကျွနုပ်သည် ယခင်ကမလုပ်ဖူးသူဖြစ်ရာ နာမည်များပြောရန်အခက်တွေ့လေပြီ ကျန်သူများမှာတော့ အစားအသောက်နာမည်လေးများ စာရွက်ပြည့်အောင်ရေးချပြီး အင်တာဗျူးသူများထံသို့ကျန်လေးဦးလုးံအရင်ပေးလိုက်ကြသည်။ကျွနုပ်မှာမူ စဉ်းစားဟန်ဖြင့် တွေတွေဝေဝေဖြစ်နေခြင်းကို သူတို့အထင်သားမြင်နေရပြီး စာရွက်ပေးရန် ကမ်းလှမ်းလာခဲ့သည်မှ နောက်ဆုးံပေးခဲ့လိုက်သည်။ ကျွန်တော်ရေးခဲ့သော အစားအသောက်အမယ်များမှာ ၆ ခုသာသာရှိခဲ့သည်။ ထို့နောက်မှာတော့ အင်တာဗျူးသူ အင်္ဂလိပ်လူမျိုးမှ
I’m really sorry to say that this time we won’t able to approve you for a job and you four join us tomorrow.
Authour Kobee
MSC 222