ဟုတ်ကဲ့ steemit ချစ်သူများမင်္ဂလာပါ။
Steemit မှာအောင်မြင်ရင်ဘာလုပ်မလည်း ?
photo credit shutterstock
ယခုခေါင်းစဉ်အောက်မှာ ကျွန်တော့်ကိုယ်တွေ့လေးမျှဝေပါရစေ
- မှတ်မှတ်ရရ ၂.၂.၂၀၁၁ရက်နေ့ တောင်ကြီးမြို့မှ ပြင်ဦးလွင်မြို့သို့ ဆိုင်ကယ်ဖြင့်တဦးတည်းသွားခဲ့သည့်ရက်။ဆိုင်ကယ်ဖြင့်သွားရသည့်အကြောင်းမှာလည်း မိမိလိုချင်သည့်ထိုင်းဘီး ကျွဲ125 ဆိုင်ကယ်မျိုး တောင်ကြီးမြို့တွင်အသုးံများပြီး ပြင်ဦးလွင်မြို့တွင်အသုးံနည်းသောကြောင့်တည်း။
Photo credit google image
ထ်ု့အတူ မိမိ၏ကျောင်းသားဘဝ သူငယ်တန်းမှ တက္ကသိုလ်ကျောင်းပြီးသည့်ထိ ပြင်ဦးလွင်ဇာတိဖြစ်ပေမဲ့လည်း မိဘအလုပ်အကိုင်ကြောင့် တောင်ကြီးမြို့တွင်သာ ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။တောင်ကြီးမှ ဆိုင်ကယ်ဝယ်ယူပြီးအပြန် ကားနှင့်မတင်ပဲ လူငယ်စိတ်ပီပီ တစ်ဦးတည်းမောင်းပြန်ချင်သည့်စိတ် လမ်းခရီးတွင် ရှုခင်းများကြည့်ရင်းအမှတ်တရ ပုံလေးများပါရိုက်ခွင့်ရမည့်အရေး ကြိုးတွေးပြီးမနက်၈နာရီ တောင်ကြီးမြို့မှထွက်ခွာလာခဲ့ပြီးတနာရီသာသာမောင်းရုံဖြင့် မနက်ကိုးနာရီကျော်အောင်းပန်းမြို့ရောက်ခဲ့ပါပြီ။အောင်ပန်းမြို့ချယ်ရီဆိုင်တွင် ထမင်းပေါင်းတပွဲ နှင့် Myanmar သံဗူးလေးပါ ဘေးဘီလှည့်ကြည့် ငါ့အသိမရှိလောက်ပါဘူးဟာဆိုပြီးတွဲမှာလ်ုက်သည်။ စားသောက်ပြီး နာရီဝက်သာသာနားပြီး အောင်ပန်းမှတဆင့် ရွာငံလမ်းဖက်သို့ဦးတည်မောင်းလာခဲ့ရာ ဓနုမြေ ပင်းတယလမ်းတလျောက် လမ်းဘေးဝဲယာတွင့်တော့ ပန်းနှမ်းစိုက်ခင်းများ မြေပဲ ဆူကာသီး စိုက်ခင်းမျိုးစုံဖြင့် ပန်းချီကားအလား မျက်စိတဆုးံ မြင်ရခြငါးသည် ဓနုမြေပင်းတယသို့ အလည်လာကြသူများအဖို့ ရင်သပ်ရှူမောဖွယ်ရာ အလှတရားတွေပါ။ ကျွန်တော်လည်း ဆိုင်ကယ်ရပ် မိမိဖုန်းဖြင့်ဓာတ်ပုံရိုက်ရင်း တဦးတည်း "အရမ်းလှတယ်နော် ကြည့်ပါအုးံ " ဆိုပြီး မည်သူတဦးတယောက်မျှဘေးတွင်မရှိလည်း မိမိကိုယ့်ကိုပြော မိမိကိုယ့်ကိုကြည့်နေခဲ့ရသည်။ လမ်းတွင်ရှုခင်း view point နဲနဲသဘောကြရင်တော့ ဆိုင်ကယ်ရပ် ဆေးလိပ်တလိပ်ထုပ် မီးညှိ ဓာတ်ပုံရိုက် တယောက်တည်းစကားပြော နားနားနေနေနဲ့ မောင်းလာခဲ့ရာ ည ၇နာရီကျောက်ဆည်သို့ ရောက်ခဲ့သည်။
မိမိပြန်ရမည်မှာ ပြင်ဦးလွင် ည၇နာရီထိ ကျောက်ဆည်မြို့တွင်သာရှိတုန်းဆိုတော့ ကျောက်ဆည်တွင်သာ တညအိပ်သွားမည့်အကြောင်းဆုးံဖြတ်ပြီး သင့်တော်သည့်တည်းခိုးခန်းအမြန်ဆုးံ ရှာပြီးတညတာကျေက်ဆည်တွင်အနားယူအိပ်လိုက်သည်။ မနက်၇ နာရီအိပ်ယာမှထ အခန်းခရှင်း မှတ်ပုံတင်ယူပြီး ကျောက်ဆည်မြို့မှစတင်ထွက်ခွာပြီး မနေ့ညထမင်းမစားထားရသေးတော့ ဗိုက်လည်းဆာနေပြီဖြစ်ရာ မြို့အထွက်ဆိုငါးဘုတ်အကျော် မန္တလေးဘက်သွားသည့်အခြမ်း အတွင်းဖက်ခြမ်းတွင်ဖွင့်ထားသော စားသောက်ဆိုင်တဆိုင်တွင် အစားအသောက်မှာရင်း ဆရာဦးဖေမြင့် စာအုပ်pdf ဖွင့်ဖတ်နေခဲ့သည်။ ထိုဆိုင်သည် မြို့အထွက်ဖက်အစွန်တွင်ကြနေခြင်းကြောင့် စားသောက်သူ ဧည့်သည်ဆိုလို့ကျွန်တော်တဦးသာ။ဆိုင်ဝန်ထမ်းညီလေးတယောက်က "အစ်ကို နဲနဲတော့ကြာမယ်နော် စောင့်နိုင်လား" သူပြောပုံအရ မနက်စောစော မရောင်းချင်တဲ့ပုံမျိုး ကျွန်တော်ကလည်း "အေးရပါတယ် ဘီယာအရင်ယူလာပေးပါညီလေး" ပြောပြီးမနက်စာတော့ ဘီယာနဲ့တွဲပေအုးံပေါ့တွေးရင်း ဆရာဖေမြင့်စာအုပ်ဖတ်နေခိုက် ဆိုင်အတွင်းသို့ ဦးတည်လျှက် ဆိုင်ကယ်တစီးဖြင့် လူနှစ်ဦးဝင်လာသည်ကိုတွေ့လိုက်သည်။ ထိုသူနှစ်ဦးမှ ဆိုင်ကယ်မောင်းလာသူက ပိန်ပိန်ပါးပါး အသားခပ်မည်းမည်း ပုဆိုးလွယ်အိတ်တလုးံဖြင့် နောက်တဦးက ဝဝတုပ်တုပ် မျက်လုးံပြူးပြူး ဆံပင်ခပ်ရှည်ရှည် ရုတ်တရက်ကြည့်လိုပ်ရင် အဆိုတော်အကိုကြီး အငဲပုံစံမျိုး။ အကြည့်က ကျွန်တော်ကိုလိုက်ရှာနေသလိုမျိုးနဲ့ သူ့အကြည့်က စိုက်ကြည့်နေခြင်းမှ ကျွန်တော်မျက်နှာလွဲချလိုက်သည်။ ကျွန်တော်သူ့ကိုမြင်မြင်ချင်း ခေါင်းထဲမှာ စိတ်ကြိုက် သူ့အကြောင်းမကောင်းသည့်ဖက်ကတွေးပြီးနေပြီ။ထိုခပ်ဝဝပုဂ္ဂိုလ်က ဆိုင်အတွင်းထဲဝင်လာပြီး ကျွန်တော့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည် အကြည့်ကကျွန်တော့်ဖက်။ကျွန်တော်လည်းအကြည့်မဆုံအောင်ရှောင်နေရင်းမှ ကိုအငဲအသံဖြင့်သူပြောလာသည်မှာ "ညေးတယောက်တည်းလား" ကျွန်တော့်ကိုပြောနေမှန်းသိနေပေမဲ့လည်း မကြားချင်ဟန်ဆောင်နေသော်လည်း သူက "ဒီကညီလေး တယောက်တည်းလား" ဆိုတော့ရှောင်လွဲမရ "ဟုတ်ပါတယ်" လို့ဖြေဖို့သာ။ဒါနဲ့ ထိုသူမှ "တယောက်တည်းဆိုဒီမှာလာထိုင်လေ"လို့တရင်းတနှီးဖိတ်ခေါ်မှုအတွက် ဝမ်းသာမိပေမဲ့လည်း သူစိမ်းလည်းဖြစ်နေတော့ "ရပါတယ် ကျေးဇူးပါ" ပဲဖြေခဲ့လိုက်တယ်။ သူကမလာမှန်းသိတော့ ထလာပြီး "အေး မင်းမလာတော့ငါဘာဒါပေါ့ကွာ" ပြောရင်းကျွန်တော်ခုံသို့ဝင်ထိုင်လိုက်သည်။ပြီးတော့ ပြောသေးသည် "မင်းထမင်းမှာထားလား ဘီယာထပ်မှာ ကြိုက်တာစား မင်းအတွက်ငါအကုန်ရှင်းပေးမယ် အေးဆေး" လက်လေးကိုခါရင်း ပြောလိုက်တော့ကျွန်တော်သိလိုက်သည်မှာ ဤသူသည် အမှန်တကယ်မူးနေသည်ဆိုဒါလေးကိုပါ။ကျွန်တော်လုပ်သင့်သည်မှာ မိမိမှာသမျှလေးရှင်းပြီးထွက်ခွာရန်သာဖြစ်သည်။ထိုပုဂ္ဂိလ်နှင့်ပါလာသူမှာလည်း ဆိုင်ကယ်သော့ လပ်ထဲဝှေ့ရမ်းရင်း ခပ်ဝဝပုဂ္ဂ်ုလ်ဘေး ပြုးံပြရင်းဝင်ထိုက်လေသည်။ ထိုအချိန်ရောက်မှ ခပ်ဝဝ ပုဂ္ဂိုလ်မှစတင်မိတ်ဆက်ပေးရာ သူသည်မန္တလေးမှဖြစ်ကြောင်း သူနှင့်ပါလာသူမှာ ဆိုင်ကယ်ယယ်ရီသမားဖြစ်ကြောင်း ယမန်နေ့ညကတည်းက စိတ်လွတ်ကိုယ်လွတ် ဘီယာသောက်ရင်းမိုးလင်းသွားကြောင်း ယခုကျောက်ဆည်လာရချင်းမှာလည်းရွှေသိမ်တော်ဘုရားမှာ အရက်အပြီးလှူမည်ဖြစ်ကြောင်းပြောပြခဲ့သည်။နောက်ပြီးကျွန်တော်မှ "ဘာအလုပ်လုပ်တာလည်း အစ်ကိုက" မေးတော့ သူသုးံသွားသည့်စကားမှာ စိတ်မရှည်ဟန် မပြောပြချင်ဟန် "အရေးမကြီးပါဘူး အဲ့ဒါ အစ်ကိုက သာမာန် ဂျွတ်စဗွတ်ပါတဲ့" တခါမှမကြားဖူးသော ဂျွတ်စဗွတ်ပါ လို့သုးံ၍ဖြေခဲ့သည်။ဒီလိုနှင့်စကားစမြည်းပြောရင်း ကျွန်တော်လည်း သာအာန်လူ အလုပ်အကိုင်မရှိ ယခုမှ တောင်ကြီးမြို့က အလုပ်ထွက်ပြီးလာရကြောင်း ယခုပြင်ဦးလွင်ပြန်မည်ဖြစ်ကြောင်းသာ ပြောပြခဲ့သည်။အမှန်မှာမိမိသည်လည်းပြင်ဦးလွင်မြို့တွင် တဦးတည်း (မိသာစုနှင့်အဝေး) ဖုန်း electronic နှင့် Internet cafe ဆိုင်ဖွင့်ထားသည်မှာ သုးံနှစ်ထဲပင်ရောက်ရှိနေသည့်အကြောင်းမပြောခဲ့။နာရီဝက်ကျော်စကားပြောဖြစ်ခဲ့ကြရာမှ ကျွန်တော်ပြန်သင့်ပြီထင်ပြီး နာရီကြည့်သလိုနှင့် ပြောလိုက်သည်မှာ "အချိန်တောင် ၁၁ ထိုးနေပြီ စကားပြောကောင်းနေတော့သတိမထားမိလိုက်ဘူး ကျွန်တော်ပြန်နှင့်အုးံမယ်နော်" ထိုသူမှ "အေးပါ ဒါနဲ့မပြန်ခင် တခုမေးကြည့်မယ် ခနထိုင်ပါအုး ငါးမိနှစ်ပေါ့" ကျွန်တော်လညါးမငြင်းသာဆက်ထိုင်လိုက်သည် ဟုတ်ဖြေရင်း။ထိုသူမှဆက်လက်၍ " ညီလေးလက်ထဲမှာအခု သိန်းငါးထောင်ရှိရင်ဘာလုပ်မလည်း အဲ့ဒါလေးဖြေခဲ့ကွာ" ဆိုပြီး ကျွန်တော်မဖြေခင်ဆိုင်ကယ်သမားဖက်လှည့်ပြီး "မင်းရောဖြေကြည့်ပါ" လို့မေးလိုက်သည်။ ဆိုင်ကယ်သမားမှ "အင်း သိန်းငါးထောင်ရှိရင် ၄၅၀၀ ဘဏ်မှာထားမယ်ပြီးတော့ နိုင်ငံခြားတွေဘာတွေလည်မယ် နဲနဲပါးပါးရွာပြန်အလှူလုပ်မယ်" စကားမပြတ်ခင် ခပ်ဝဝ ပိုဂ္ဂိုလ်မှ "အလုပ်မလုပ်တော့ဘူးလားဟ" မေးတော့ "နိုင်ငံခြားတွေလည်ပြီးပြန်လာရင် လုပ်မှာပေါ့" "ဘာလုပ်မှာလည်း" "အင်းသင့်တော်တဲ့အလုပ်တခုခုပေါ့ စားသောက်ဆိုင်ကုန်စုံဆိုင် တခုလုပေါ့" လို့ဖြေခဲ့ပြီး ကျွန်တော့်ဖက်ကိုခေါင်းမော့ရင်း "မင်းရော" ဆိုလာတော့ အမှန်ပဲ ကျွန်တော်စိတ်ထဲမှာရှိတဲ့အတိုင်း ဖြေခဲ့ပါတယ် ။ ဖြေလိုက်သည်မှာ " အင်းကားဝယ်ပြီး လိုင်းထည့်မယ် ပြီးတော့ကုန်ပွဲရုံထောင်မယ် မြေကွက်အရောင်းအဝယ်လုပ်မယ်" လို့ဖြေဖြေချင်း သူကခေါင်းလေးယမ်းရင်း "မဖြစ်ပါဘူး မဖြစ်သေးဘူး" သူဘာကိုဆိုလိုငနည်း? ဘာရည်ရွယ်ပြီး ဘာကိုပြောပြချင်နေသနည်း? ကျွန်တော်အဲ့ဒီအချိန်ထိမသိခဲ့။ ထိုနောက်မှ သူပြောပြလိုက်သည့်စကားလေးကတော့ တသက်မမေ့နိုင်တော့မည့်စကားလေးပါ။
"အစ်ကိုပြောပြမယ်ညီလေး အစ်ကို့ကို အခနလိုမေးခွန်းမေးလာရင် တခုပဲဖြေမှာ ကျောက်စိမ်းအလုပ် ဘာဖြစ်လို့လည်းဆို ကျောက်စိမ်းအကြောင်းသာမန်ထက်ပိုနားလည်သလို ဝါသနာလည်းအရမ်းပါတယ် ညီလေးတို့လို့အသက်ရွယ် ၂၅ နှစ်လောက်မှာ ကိုယ်ပိုင်ရှာလို့ရတဲ့ငွေ သိန်းသုးံထောင်ကျော် ကိုင်ခဲ့ပြီ ကျောက်အလုပ်ထဲက။ငါ့ကိုမေးရင် ကျော်အလုပ်လုပ်မယ်လို့ဖြေမှာ တခြုထဲ ငါးကိုချမ်းသာအောင်လုပ်ပေးနိုငိာဒါ ငါဝသနာပါတဲ့ဒီအလုပ်ပဲ တခြားဘားမှမလုပ်ဘူး ဘတ်စုံတတ်ရင်ထမင်းငတ်မယ် ဝါသနာပါတာလုပ် တခုပဲလုပ်ကြီးအောင်လုပ် ဇောက်ချလုပ် ဘယ်အလုပ်မှသေးတယ်မရှိဘူး ကွမ်းယာတမျိုးတည်းဇောက်ချရောင်းပြီးချမ်းသာသူတွေပဲနမူနာကြည့်"
- သူစကားအပြီးကျွန်တော်တွေးမိတယ် အရမ်းမူးနေပြီလားမသိဘူးလို့ မကြာခင်အတွင်းမှာပဲ Cygnus ကားအနက်ဆိုင်ထဲဝင်လာပြီး uniform အနက်နှင့်ထောင်ထောင်မောင်းမောင်း လူသုးံဦးဆင်းလာပြီး ကျွန်တော်တို့ထိုင်ရာသို့လာပြီး “ဆရာ ပြန်တော့မလား" လို့မေးပြီး ကျောက်ရုပ်ပမာ နောက်သို့ ဆုပ်ကာရပ်နေလျှက်။တခနတာ ကျွန်တော့်ခေါင်းထဲမှာ မေးခွန်းပေါင်းများစွာဖြင့်------အပိုင်း (၂) ဆက်လက်မည်
ယခုပိုစ့်သည် စိတ်ကူးယဉ်မဟုတ်ပဲ ကိုယ်တွေ့ဖြစ်ရပ်လေးပါ။