Steemit မှာအောင်မြင်ရင် ဘာလုပ်မလည်း ? အပိုင်း ( ၂ )
ပထမပိုင်းမှအဆက်....ပထမပိုင်း ဒီမှာနိပ်ပါ
ဘယ်လိုမှမထင်ထဲပဲ အမှတ်မထင် Toyota Cygnus ကားနဲ့ပုဂ္ဂိုလ်သုးံဦးမှ " ဆရာ ခိုင်းထားတဲ့အလုပ် အဆင်ပြောချောမွတ်စွာ ပြီးဆုးံအောင်မြင်သွားပြီ" ဟုဆက်ပြောလာရာ ကျွန်တော့်မှာ လူမှား၍လာပြောခြင်းလေလား သို့မဟုတ် တကယ်ပဲလား စသည်ဖြင့် မေးခွန်းများစွာနှင့် ရှိနေခိုက် ကျွန်တော်နှင့်စကားပြောနေသော ကိုဝကြီးမှ " ဒါအစ်ကို့တပည့်တွေပဲ " ဟုပြောလာခဲ့သည်။
ကျွန်တော်ချက်ချင်းဆိုသလို ထိုသူသို့မေးခွန်းများ မေးခွန်းများကိုမေးလိုက်ချင်စိတ်တဖွားဖွားနှင့် အိနြေ္ဒပျက်မိသော်လည်း ဝင်သက်ထွက်သက်ကို သာမာန်ထက်ဖြည်းညင်းစွာလျော့ချလိုက်ပြီး ခန္ဓာကိုယ်ရှိ သတိမထားအသုးံပြုလျက်လျက်ရှိနေသာ အာရုံများ စုစည်းရန်အလို့ငှာ အမြန်ဆုးံဖျောလျော့လိုက်ပြီး နှုတ်များပိတ်၍ ထိုဦးဝကြီး ဆက်လက်ပြောဆိုမည့် စကားကိုသာဆက်လက်စောင့်နေမိသည်။ သို့ဖြစ်ဦးဝကြီးမှ
"အေးညီလေး အခုနပြောသလို အစ်ကို့ဘဝမှာ အစ်ကိုအလုပ်တခုပဲလုပ်တယ် ဝါသနာပါလို့ လည်းဆိုရလို ကျွမ်းကျင်မှုလည်း ဒီကျောက်ပဲ ဇော်ချလုပ်တယ် အောင်မြင်အောင်လုပ်တယ် လိုင်းမပူးဘူး ကျွမ်းကျင်ဝါသနာလပါတဲ့နယ်ပဲမှာဇောက်ချ လုပ်ကိုင်မှကြီးပွားမှာ ကိုနားလည်တယ်။ "
ယခင် ၁ နာရီသာသာအချိန်က ကျွန်တော်စကားပြောခဲ့ရသည့် ပုဂ္ဂိုလ်မှာ သာမန်(ဂျွတ်စဗွတ်သာ) ယခုပြောနေသည့်ထိုသူမှာက သာမန်လူမဟုတ်တော့ တကယ့်အောင်မြင်နေသည့် သူဌေးကြီးဖြစ်ကြောင်း သိရှိရပြီးနောက်ကျွန်တော့်စကားလုးံများ ဆွံ့အ သွားသလိုယခင်ကကျောမှီပြီးထိုင်ခဲ့ရသော်လည်း ယခုထရပ်ရမလို ထိုင်ရမလိုနှင့် ကျောဆန့်လျက်အနေအထားဖြင့်သာထိုင်နေခဲ့သည်။
- ထိုနောက်ဦးဝကြီးမှ "ကဲသွားကြစို့ လုပ်စရာလေးတွေကျန်သေးတယ် ညီလေးလည်း ပြင်ဦးလွင်ပြန်မယ်မစုတ်လား ဦးတို့ကားနဲ့လိုက်ခဲ့ ဆိုင်ကယ်ကို ဦးတပည့် တယောက်မောင်းလာပေးလိမ့်မယ်" ကျွန်တော်မှလည်းချက်ချင်းပဲ ငြင်းဆန်ခဲ့ပါသေးသည် အမျိုးမျိုး မရ ထိုဦးဝကြီးမှ ဒီလိုတွေ့ရခြင်းမှာ သာမာန်မဟုတ်ပဲရှေးရေစက်ကြောင့်တွေ့ဆုံရကြောင်း မိမိကိုယ်မြင်မြင်ခြင်းတွင်လည်း ထိုသူ့ရင်ထဲမှ အလိုလိုစကားပြောခြင်းလာကြောင်း သနားဂရုနာစိတ်ဝင်လာမိကြောင်း စသဖြင့်ပြောပြလာရာ ကျွန်တော်လည်း ကျွန်တော်လည်း မငြင်းသာလိုက်သွားခဲ့သည်။
- ထို့နောက် ထိုသူ၏ကားဖြင့် ရွှေသိမ်တော်ဘုရားဝင် ထိုသူမှ မူးယစ်အရည်ကို ဘုရားတွင်အပြီးလှူပြီး မန္တလေးသို့ထွက်ခွာလာခဲ့သည်။ လမ်းခရီးတွင်မည်သည့်စကားမှ သိပ်မျပြာပြစ်ခဲ့။ ဤသို့နှင့် မန္တလေးပြင်ဦးလွင်သွားရာ လမ်းခွဲထုးံဖို ရောက်ခါနီးအချိန်တွင် ဦးဝကြီးမှ မိမိအိမ်သို့လိုက်၍ ဆိုင်ကယ်စောင့်ယူသွားရန်ဆိုလာသဖြင့် မိမိလည်းထိုသူအကြောင်း ပိုသိရန်ဆန္ဒလည်း ရှိနေသောကြောင့် "ဟုတ်" စကားတလုးံသာဖြေခဲ့လိုသည်။
- သို့နှင့် သိပ္ပံလမ်း တလျောက်ချိးကွေ့မောင်းဝင်လာပြီး အရမ်းကြီးမား ခမ်းနားထည်ဝါသော အိမ်ဖြူကြီး ပန်းခင်းရေးပန်းကလေးများဖြင့်ဝန်းရံထားသောအိမ်ရှေ့အရောက် ယူနီဖောင်းဝတ် လူတစ်ဦးမှ ခြံတခါးဖွင့်လျက် အလေးပြုရင်း စောင့်ကြိုနေခြင်းကို တွေ့ရသဖြင့် ယခုအိမ်မှာ ဦးဝကြီးအိမ်ဖြစ်ကြောင်း သိလိုက်ရသည်။
အိမ်ထဲဝင်တံခါးမှာ ကားရပ်ပြီးဦးဝကြီးနှင့်ကျွန်တော့်အား ကြိုဆိုတံခါး ဖွင့်ပေးနေသောအမျိုးသမီးကြီး မှ " သူတို့ရောက်နေပြီ" ပြောလိုက်ရာ ဦးဝကြီးမှ " ဒီညီလေးအတွက် စားသောက်စရာ ပြင်ပေးလိုက်အုးံ" ပြောရင်း အိမ်အပေါ်ထပ်သို့တက်သွားသည်။ ထို့နောက် အသက် ၅၀ ကျော်အမျိုးသားကြီးတဦးမှ ကျွန်တော့်အား "လာသား" ဆိုပြီး Dinning ခန်းသို့ခေါ်ဆောင်သွားသည်။ အိမ်ကြီးအတွင်း၌ ကျော်စိမ်းပုံ ပန်းကြီးကားများ ပန်းပုရုပ်ထုများ စနှစ်တကျထားရှိပုံ အိမ်ကြီး၏ အသုးံအဆောင်များ မြင်ရခြင်းအားဖြင့် သာမာန်အဆင့်အတန်းရှိသော ပုဂ္ဂိုလ်မဟုတ်ကြောင်း အလွန်ထင်ရှားသ်သာလွန်းနေပါသည်။ "သားလာစားလေ" ဆိုသောအသံကြားမှာ ရုတ်တရက် လှည့်ပတ်ကြည့်နေခြင်းများ ရပ်ပြီး ခူးထားသောထမင်းလေးအား စားသောက်ရန်အသင့်ပြင်လ်ုက်သည်။
ထိုသို့ထမင်းစားရင်းမှ ကျွန်တော့်အားထမင်းခူးပေးသော ဦးလေးကြီးအား မိမိသိခိင်နေသျောမးခွန်းများမေးမိသည်။ ထိုဦးလေးကြီး ဖြေကြားချက်များအရ ဦးဝကြီးဆိုသူမှာ ကျောက်သူဌေးကြီးဖြစ်ကြောင်း ဦးဝကြီးအမျိုးသမီးမှာလည်း ယခုလက်ရှိ မြို့ကြီးတော်တော်များများတွင် ပန့်ဆီဆိုင်ဖွင့်ထားကြောင်း သားသမီးများမှာ နိုင်ငံရပ်ခြားတွင် ပညာသင်နေကြောင်း ဦးဝကြီးက ကျောက်လုပ်ငန်းသာ ပြုလုပ်ပြီး ဦးဝကြီးအမျိုးသမီးမှ အခြားလုပ်ငန်းများလုပ်ကိုင်ကြောင်း မကြာခင်အိမ်ပေါ်တက်သွားခြင်းမှာလည်း ကျောက်အရောင်းအဝယ်ကိစ္စဖြစ်ကြောင်း စသည်ဖြင့်သိခွင့်ရလိုက်သည်။ သို့နှင့်အိမ်ရှေ့တခါးဝဆီမှ တံခါးဖွင့်သံနှင့်အတူ ဆိုင်ကယ်သံပါကြားနေရသဖြင့် မိမိဆိုင်ကယ်ရောက်လာသည်ကိုသ်လိုကါရသည်။ကျွန်တော်လည်း ထမင်းစားပြီးသည်နှင့် ဦးဝကြီးကိုယ်စား ထမင်းလူးပေးခဲ့သူ ဦးကြီးအား နှုတ်ဆက်ခဲ့ပြီး ပြင်ဦးလွင်သို့ခရီးဆက်နှင်လာခဲ့သည်။ ဦးနှောက်ထဲမှာ ဦးဝကြီးအကြောင်းစဉ်းစားရင်း သူပြောခဲ့သည့်စကားများကို တဖန်တလဲလဲကြားယောင်ရင်း အိမ်အပြန်လမ်းသို့ ...........
Steemit မှာအောင်မြင်ရင် ဘာလုပ်မလည်း ခေါင်းစဉ်အောက်မှာ အပေါ်ဇာတ်လမ်း သက်ဆိုင်မှုဘာရှိသလည်း?
အစ်ကို ဟင်နရီ၏ ဆောင်းပါး လမ်းညွှန်ချက်အရ ယခုဘSteem Sp ယခုကျွန်တော်တို့စုဆောင်းပြီး Sp ဈေးတက် လုပ်ငန်းတခုခု စတင်လုပ်ကိုင်ရန်အလ်ု့ငှာ ထုပ်ရောင်းပြီး ငွေလက်ကိုင်ထားသည့်အချိန်တွင် မိမိဝါသနာပါ ကျွမ်းကျင်သော အလုပ်ဘာလည်းဆိုပြီး ဇဝေဇဝ ဖြစ်မနေပဲ ပိုက်ဆံဘယ်လောက်ရှိရင် ဘာအလုပ်ကို ဘယ်လိုလုပ်မည် ဘယ်လိုစုဆောင်းမည် မိမိဖက်က ယခုအချိန်ကပင် အဆင်သင့်ဖြစ်နေဖို့ အခြေခံကျကျတွေးထားပြီး ရည်မှန်းချက်လေးကို မိုးလင်းတိုင်း ရင်ထဲမှာသတိပေး (ငါဘာဖြစ်အောင်လုပ်မည်) ရင်းဘဝကို ဆက်လက်ရုန်းကန် ချီတက်ကြရအောင်လားဗျာ။
Author ကိုဗီး
MSC 222
Photo credit google image