မင်္ဂလာပါ ညီအစ်ကိုများ
စာလေးရေးမယ်ရေးမယ်နဲ့ ဆင်ခြင်ပေး အလုပ်အသစ်လည်းစလုပ်နေတော့ ဖုန်းက သုံးမရ အလုပ်ထွက်မှ ပြန်သုံးရနဲ့ အချိန်မရှိဒါတော့မဟုတ် ရှိတဲ့အချိန်ကလည်း ထုပ်မသုံးပဲနေလာလိုက်တာ စာတောင်မရေးဖြစ်တာ သုံးပတ်ကျော်နေပါပြီ။
အလုပ်အသစ်ဖုန်းမသုံးရခြင်းဟာလည်း သက်သေပြဖို့ရန်တခုတည်းပါ။ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရတာကတော့ cv တွေ resume တွေနဲ့ ခွဲခြားပြီး အလုပ်လက်ခံတဲ့ပုစံမျိုးမဟုတ်တော့ မိမိကိုယ်တိုင်လုပ်ပြမှသာ သူဌေးကလက်ခံမည် ဆိုသောကြောင့် ဖုန်းထုပ်မသုံးပဲတနေကုန်အလုပ်လုပ်နေခြင်းသာ။ အလုပ်ဆိုပေမဲ့လည်း ထိုင်းနိုင်ံရောက်တာ အခုဆို ငါးလရှိနေပြီး ပထမစရောက်သည့်အချိန်က လုံခြုံရေးဝန်ထမ်း သုံးလခွဲ မနက် 7 နာရီ မှ ည 7 နာရီအထိတနေကုန်ရပ် ကားအဝင်အထွက် မော်တော်ပီကယ်လုပ်နဲ့ သုံးလခွဲတာဖြတ်သန်းခဲ့ရ။ 2006 ခုနှစ် အမိမြန်မာမြေမှာရှိစဉ်ကတော့ နိုင်ငံခြားသွားရန်အလို့ငှာ တတ်ခဲ့လိုက်သည့်သင်တန်းများ speaking computer နဲ့ နိုင်ငံခြားပညာဆက်သင်ရန်ဖြေခဲ့လိုက်ရသည့် IS level များတွေက အခုအချိန်မှာ မေးမြန်းဖော်တောင်မရခြင်းဟာ အပြစ်ဆိုချင်သပါ့ဆိုဖြင့် မိမိမှတပါး အခြားသူအရှိအံ။ 2009 ခုနှစ် တွင်တော့ သင်တန်းများပြီးဆုံး နိုင်ငံခြား ပညာဆက်သင်ရန် entres ဖြေကြားအော7မ်ြင်ပြီး အစစအရာရာအဆင်သင့်ဖြစ်နေချိန်မှာတော့ မှတ်ပုံတင် ၃ က သာကိုင်ဆောင်ပြီး ၆ က ကြီးပြောင်းရန်အလို့ငှာ မိမိဇာတိ ပြင်ဦးလွင်ပြန်သွားလိုက်ရခြင်းမှသည် ယခုအချိန်ထိ အရှေ့မသွားပဲ တန်ပြန်အနောက်သွားနေသည့်ဘဝမျိုးထဲမှ ရှိနေခဲ့ရသည်မှာ 8 နှစ် ရှိနေပါပြီ။ ဖြစ်ပျက်ပုံက မှတ်ပုံတင်လှဲရန်သွားချိန်အဆင်မပြေမှုများကြောင့် ကုန်သွားသည့်အချိန်က ကိုးလ ဖြစ်သွားသောကြောင့် နီးစပ်ရာနီးစပ်ကြောင်း အင်တာနက်ခေတ်ထနေတဲ့အချိန်တဖြစ်လည်း အင်တာနက်ဆိုင်လေး စတင်ဖွင့်ခဲ့ပြီး လေးနှစ်တာ အဆင်ပြေလှပ်ရှားခဲ့သည်။ အသက်အရွယ်ငယ်သူဖြစ်သလို ရလာသမျှမစုဆောင်း မိတော့ ရေရှည်မှာ ဘာမျှအဖတ်မတင်ခဲ့ပါ။
သို့နှင့် 2013 ရောက်တော့ ဖုန်းခေတ်ထလာသဖြင့် ဖုန်းဆိုင်းခေးစတင်ပြောင်းလည်း ဖွင့်ခဲ့သော်လည်း အောင်မြင်ခဲ့မအောင်မြင်ခဲ့သည်ကတော့ လပ်ရှိထိုင်းတွင်လာရောက်လုပ်ကိုင်နေခြင်းက သက်သေပါ။ တတ်ခဲ့သမျှသိခဲ့သမျှသော ဗဟုသုတ ပညာတွေကတော့ တခုမှ အကျိုးမဝင်ခဲ့သလို 0 က စရမည်သာဖြစ်သည်။ သို့ပေမဲ့လည်း ပထမအစ ရောက်ခဲ့ရသည့် အချိန်မှာတော့ သုံးလသာ လဲုခြုံရေးလုပ်ပြီး ယခုအချိန်တွင်တော့ ပစ္စည်းရောင်းသည့်နေရာတွင် နေရာရခဲ့သည်။ တလအတွင်သိသိသာသာ အရောင်းအင်အား အကောင်းဆုံးအဖြစ် ရော7သူ်းအားလုံး 8 ယောက်တွင်ပထမနေရာတွင်ဖြစ်ခဲ့ရပြီး လခအများဆုံးနေရာတွင်တော့ နေရာရလာပြီဖြစ်သည်။
ကျွန်တော်ထင်ထားခဲ့သည်က ယခင်အချိန်များတွင်တွေ့ကြုံလေ့လာခဲ့မှုများ ယခုအချိန်တခုမှအသုံးမဝင်ခဲ့ဘူးဟု အပြစ်တင်ပြောဆိုခဲ့သော်လည်း အမှန်မှာ လွန်ခဲ့သော 8 နှစ်ခန့်နှစ်ခန့်ရန်ကုန်ရှိစဉ် သင်ခဲ့သော ထိုင်းစာစကား အင်္ဂလိပ်စာ စကား နှင့် ဖုန်းဆိုင်အရောင်း အတွေ့အကြုံများနှင့် မိမိကိုယ်၌ကြိုးစားမှုများတွဲလျက်နေခြင်းကြောင့် အနည်းဆုံးအရင်အလုပ်ထက်တော့သက်သာသည့်နေရာနှင့် ပိုမြင့်သောဝင်ငွေလေးရနေခဲ့ခြင်းဖြစ်သည်။
အချုပ်အနေနဲ့ပြောရခြင်းမှာတော့ မိမိမည်သည့်နေရာရောက်သည်ဖြစ်စေ အတွေ့အကြံဗဟုသုတများ မိမိနှင့်မဆိုင်သလိုမျိုး မနေပဲ မည်သည့်အရာမဆို သိချင်စိတ် နားလည်ချင်စိတ် ထားရှိခဲ့ပါမည်ဆိုလျှင် တနေ့နေ့တချိန်ချိန်တော့ ထိုအရာမှာ ဧကန်မုချ အသုံးဝင်မည်မှာသေချာပါသည်။
သီးခံဖတ်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်။
Authour ကိုဗီး
MSC 222