တစ်ကိုယ်လုံး ကိုက်ခဲနေတဲ့
မနက်ခင်း အလွမ်းတွေ
နှလုံးသားနဲ့ချိတ်ဆက်ပီး
သတိရစေသား...
ဒီ..အနမ်းတွေ နှုတ်ခမ်းတွေ
ရနံ့တွေ ရင်ခွင်တွေ...
မြင်ကွင်းမှတ်မိနေတဲ့
ပန်းချီဆရာတစ်ယောက်
အတွေးတွေလို...
သတိရပါတယ်လို့
ဘယ်လိုပြောရမှာလဲ
ဒီနှလုံးသားက
ဒဏ်ရာတန်းလန်းကြီး
တစ်ခါတစ်ခါ
ငြိမ်သက်သွားတာ
တစ်ဆစ်ဆစ်နဲ့ကိုက်နေခဲ့
ဟိုမရောက်ဒီမရောက်အတွေးတွေထဲ
နောက်ဆုံးကျတော့လဲ
လက်တစ်စုံနဲ့
မင်းနှလုံးသားကိုဖက်
ခနမှေးစက်လိုက်တယ်
ဖြစ်ပေါ်လာမယ်လို့မထင်ခဲ့ဘူး
မနက်ဖြန်မနက်ဖြန်တိုင်းရဲ့
ပုံရိပ်တွေ အဲ့ဒါ...
ငါ့ရင်ခွင်ထဲတိုးဝင်ခဲ့ပီး
မင်းပုခုံးလေးပေါ်
လက်တင်ထားလိုက်တဲ့နေ့...