"အား ဆရာမ သားကို ကျော်ဇင် ကွန်ပါဘူးနဲ့ခေါက်သွားတယ်"
" ဟင် သားကျော်ဇင် သူပြောတာဟုတ်လား"
" မဟုတ်ပါဘူးဆရာမ ဖေငယ် ညာနေတာပါ သားဘာသာစာရေးနေတာ"
" သားဖေငယ် ဒီကို လာခဲ့စမ်း"
" ဟုတ်ဆရာမ"
"လက်ပိုက် ညာတာမကောင်းဘူးလို့ဆရာမသင်ပေးထားတယ်လေ"
" ဆရာမ သား မညာ..."
"တော်တော့ ဖေငယ် သွား ထိုင်ထ ၁၀ကြိမ်လုပ် နောက်တစ်ခါ ရိုက်မယ်နော"
ဖေငယ်ဆိုသူမှာ အကြော်သည် အမျိုးသမီးတစ်ယောက်၏သားဖြစ်သည်။
ဖေငယ်မှာ ငယ်စဉ်ကတည်းက ဖခင်သေဆုံးသွားခဲ့ရသည်။ ရိုးသားသောကလေးတစ်ယောက်လည်းဖြစ်ပါသည်။
ကျော်ဇင်ဆိုသူမှာ ရွှေဆိုင်ပိုင်ရှင် လင်မယားနှစ်ယောက်၏သားဖြစ်သည်။
သူတို့မှာ ၂တန်းကျောင်းသားများဖြစ်ကြသည်။
ဖေငယ်မှာ အမြဲတမ်း ကျော်ဇင်၏ အနှိပ်စက်ခံရသော်လည်း ဆရာမက အရေးမယူခဲ့ပါ။
ဆရာမ အမှတ်ခြစ်နေစဉ် ကျော်ဇင်မှာ ထပ်မံ၍ ဖေငယ်အား ဗိုက်ခေါက်လိမ်ဆွဲလေသည်။
ဖေငယ်မှာ နာကျင်လွန်း၍ ကျိတ်ငိုနေရှာသည်။
ဒီတစ်ခေါက်တော့ သူ ဆရာမအား မတိုင်တော့ပါ။
သူတိုင်လို့လည်း ဘာမှ ပြောင်းလဲသွားမှာမှမဟုတ်တာလေ။
"ကလောင် ကလောင်"
ဟူသော ကျောင်းဆင်း ခေါင်းလောင်းထိုးတော့ ဖေငယ် စာအုပ်များသိမ်းနေစဉ် ကျော်ဇင်က နောက်မှ ဆံပင်အား ဆွဲစောင့်ကာ ကျောပိုးအိတ်လွယ်၍ထွက်ပြေးသွားလေသည်။
ဖေငယ်လည်း နာကျင်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။
ဖေငယ် ဘေးလွယ်အိတ်အဟောင်းလေးအားလွယ်ကာ ထွက်လာတော့ ကျောင်းပေါက်ဝတွင် ကျော်ဇင်အား သူမိဘများ ကားဖြင့်လာခေါ်သည်ကိုမြင်လိုက်လေသည်။
ကျော်ဇင်မှာ ကားပေါ်မတက်ခင် လျှာထုပ်ပြသွားသေးသည်။
ဖေငယ်မှာ လာခေါ်မယ့်သူမရှိပေ။
ကျောင်းနှင့်လည်းနီးတော့ တစ်ယောက်တည်းပြန်လာခဲ့သည်။
"ဟင် သား ဖေငယ် ပြန်လာပြီလား"
" ဟုတ်မေမေ သားဘာကူလုပ်ပေးရမလဲ"
" မေမေလည်း ဆိုင်သိမ်းတော့မလို့ သားအတွက် အကြော်၂ခုချန်ထားတယ် အိမ်ရောက်ရင် ထမင်းကြမ်းနဲ့စားဖို့လေ"
" ဟုတ်မေမေ"
ဖေငယ် ဆိုင်ကူသိမ်းပေးပြီး သားအမိနှစ်ယောက်ပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ မိခင်ဖြစ်သူမှာ ပစ္စည်းများချကာ ထမင်းအိုးတည်ရန်ဆန်ဆေးနေလေသည်။
ဖေငယ်က လွယ်အိတ်လေးခုံပေါ်တင်၍ မိခင်ဆီလာလေသည်။
"မေမေ"
"အေး သားပြောလေ"
"မေမေ့ကို မေးစရာရှိတယ်"
" မေးလေသား ဘာမေးမလို့လဲ"
" လူတွေက ဆင်းရဲတဲ့သူကို ဘာလို့ ပစ်ပယ်ထားတာလည်း"
"ဟင် သားဖေငယ် သားမေးခွန်းက ဘယ်လိုလဲ သားကျောင်းမှာ ဘာဖြစ်လာတာလဲ"
"မေမေ သားကိုလေ သားသူငယ်ချင်းတစ်ယောက်က အမြဲရန်ရှာတယ်မေမေ"
"သားက ဆရာမကို သွားမတိုင်ဘူးလား"
" တိုင်တာပေါ့မေမေ ဆရာမက သားကိုတောင်ပြန်အပြစ်ပေးလိုက်သေးတယ်"
"ဟင် သားကိုအမြဲရန်ရှာတာ ဘယ်သူလဲသား"
"ကျော်ဇင်လေမေမေ ဟိုဘက်လမ်းက ဦးဦးငွေမောင်းရဲ့သားလေ"
" အော် သားရယ် သူတို့က ချမ်းသာကြတယ်လေ"
" ချမ်းသာတဲ့သူတွေကို လူတွေကဦးစားပေးတာလားမေမေ"
" အာ့လိုလဲမဟုတ်ပါဘူးသားရယ် သားလေးဘာမှမတွေးနဲ့ သူ သားအပေါ်မှာမကောင်းရင် သူနဲ့ဝေးဝေးထိုင်ပါသား ပြီးတော့ ဆရာမတွေကိုလည်းမမုန်းရဘူးနော်"
" သားမမုန်းပါဘူးမေမေ သားမေမေ့ကိုမေးချင်ယုံသက်သက်ပါ သားရေချိုးတော့မယ်မေမေ"
"အေးအေးသား မြန်မြန်ချိုး အအေးပတ်မယ်နော်သား။"
"ဟုတ်မေမေ"
"ကဲသားရေ ရေချိုးပြီးရင် ထမင်းစားကြမယ်"
"ဟုတ်မေမေ ဘာဟင်းချက်လဲ"
"ထုံးစံတိုင်း ရွှေခေါင်းပြောင်ပေါ့သားရယ်"
"ဟာ သားအရမ်းကြိုက်တယ်"
" သားရယ် သားလေး ဒီဟင်းကို ငြီးငွေ့နေတာသိပါတယ် ဒါပေမယ့် မေမေ့တို့က မပြည့်စုံဘူးလေသား"
"မေမေကလည်း သားကြိုက်ပါတယ်ဗျာ မေမေသာ သားဆီက မလုစားနဲ့"
အမေဖြစ်သူ မျက်ရည်ကျတော့ ဖေငယ် သုတ်ပေးလိုက်ပြီး
"မေမေမငိုပါနဲ့ဗျာ"
" အင်းပါသားရယ် ကဲ မေမေတို့ စားကြရအောင်"
ထမင်းဝိုင်းလေးမှာသားအမိနှစ်ယောက်နှင့်ပြည့်စုံနေပေသည်။
"မာမီ သား ဒီကြက်သားဟင်းမစားချင်ဘူး ဝက်သားစားချင်တာ"
" အေးပါသားရယ် ဒေါ်လုံးရေ ရေခဲသေတ္တာထဲက ဝက်သားယူပြီး ဆီပြန်လေးချင်လိုက်ဟေ့"
"ဟုတ်ကဲ့မမလေး"
"မာမီ သားကို စက်ရုပ်အသစ်တွေဝယ်ပေးဦး ကျောင်းမှာကြွားချင်လို့"
" သားရယ် ရှိတာတွေတောင် ကစားလို့ကုန်လို့လား"
" မရဘူး ဝယ်ပေး မဝယ်ပေးရင် ထမင်းမစားတော့ဘူး"
"ခင် ရယ် သားကိုဝယ်ပေးလိုက်စမ်းပါကွာ"
"အကိုရယ် ခင်က နောင်နေတာပါ သားလေးတစ်ယောက်ပဲရှိတာ ဝယ်ပေးမှာပေါ့"
" ဟေး ဒါမှဒို့မာမီ"
ကျောင်းတက်ခေါင်းလောင်းထိုးတော့ ဖေငယ် လမ်းလျှောက်လာရင်းမှ အပြေးလေးကျောင်းဝန်းထဲဝင်လာသည်။
အခန်းရှေ့ရောက်တော့
"ဆရာမဝင်ခွင့်ပြုပါ"
" အေးသား ဝင်ခဲ့ပါ"
ဖေငယ် ခုံအလွတ်တွင်ဝင်ထိုင်လိုက်လေသည်။
"ဆရာမ"
"သားကျော်ဇင်ပြောလေ"
" ဖေငယ်ကို သားဘေးနားမှာမထိုင်ခိုင်းနဲ့ သူဆီက နံတယ်"
"ဖေငယ် ရေမချိုးလာဘူးလား"
"သားချိုးလာပါတယ် ဆရာမ"
"ကဲကဲ ဟိုနောက်ဘက်က ခုံအတန်းမှာသွားထိုင်"
"ဟုတ်ဆရာမ"
ဖေငယ် ခေါင်းလေးငုံ့ကာ နောက်ဆုံးတန်းသွားထိုင်လေသည်။ ကျော်ဇင်မှာ တစ်ဟီးဟီးရီနေသည်။
နေ့လည်ခေါင်းလောင်းထိုးတော့ ကျောင်းသားအသီးသီး မုန့်ဈေးတန်းသွားသူကသွား ထမင်းဘူးဖွင့်စား သူက စားနဲ့။ ဟင်းနံ့များရတော့ ဖေငယ်ဗိုက်ဆာလာလေသည်။ အခန်းထဲမှာဆက်မထိုင်တော့ပဲ အပြင်ဘက် ခုံတန်းလေးတွင် ထိုင်ကာ ဟိုကြည့်ဒီကြည့်နှင့်နေလိုက်သည်။
ထိုစဉ် အသားဖြူဖြူနဲ့ မိန်းမတစ်ယောက်ကျောင်းအုပ်ရုံးခန်းထဲကထွက်လာလေသည်ကို ဖေငယ်မြင်လိုက်သည်။
ထိုအမျိုးသမီး လက်ကိုင်အိတ်ထဲမှဖုန်းထုတ်စဉ် စာအုပ်လေးတစ်အုပ် ပြုတ်ကျလာလေသည်။
ထိုအမျိုးသမီးမှာ ရေးကြီးသုတ်ပြာနှင့် သတိထားမိပုံမပေါ် ကားရှိရာသို့ထွက်သွားလေသည်။
ဖေငယ်လည်း စာအုပ်လေးကောက်ကာ ထိုအမျိုးသမီးနောက်မှပြေးလိုက်သွားလေသည်။ ထိုအမျိုးသမီးကားပေါ်တက်ကာ ကားလေးမောင်းထွက်သွားလေသည်။ ဖေငယ်လည်းနောက်မှ ပြေးလိုက်သွားသည်။
တစ်နေရာအရောက် ကားလေးထိုးရပ်သွားလေသည်။
ကားပေါ်မှ စောစောက အမျိုးသမီးဆင်းလာကာ
"သားလေး ကားနောက်က ဘာလို့ပြေးလိုက်လာတာလည်း"
"ဟို အန်တီ စာအုပ်လေး ပြုတ်ကျကျန်ခဲ့လို့"
ထိုအမျိုးသမီး မျက်လုံးပင်ပြူးသွားသည်။
ထိုစာအုပ်လေးမှာ ဘဏ်စုငွေစာအုပ်ပင်။
"ကျေးဇူးပဲသားလေး သားလေး ဘယ်ကတွေ့တာလဲ ကျောင်းထဲမှာ အန်တီအိတ်ထဲကပြုတ်ကျတာတွေ့လို့"
"ကျေးဇူးပါသားလေး ရော့ရော့မုန်ဖိုးယူသွားသားလေး"
" ဟင့်အင်းအန်တီ မေမေကပြောတယ် သူများဆီက ဘာမှအလကားမယူရဘူးတဲ့"
ထိုအမျိုးသမီးပြုံးလိုက်ပြီး
"သားက ဘယ်နှစ်တန်းတုန်းကွဲ့"
" သားက ၂တန်းပါ"
" အော် အင်းပါသားလေး ကျောင်းတက်ခေါင်းလောင်းထိုးပြီလေ အရိုက်ခံနေရမယ်ပြန်တော့လေ"
"ဟုတ်အန်တီ သားသွားပြီနော်"
ဖေငယ်လေး ပြန်သွားတော့ ထိုအမျိုးသမီး ခေါင်းတစ်ငြိမ့်ငြိမ့်နှင့်။
နောက်တစ်နေ့ဖေငယ်လေး ကျောင်းရောက်တော့
"သားကိုဝင်ခွင့်ပြုပါဆရာမ"
"အေးသား ဝင်ခဲ့ပါ"
ဖေငယ် ခေါင်းလေးငုံ့ကာ နောက်ဆုံးတန်းသွားမည်အလုပ်
"သားဖေငယ် ခဏလာပါဦး"
ဟု ဆရာမခေါ်တော့ ဖေငယ် ပြန့်လှည့်လာလေသည်။
"ကဲ သားတို့သမီးတို့ ဖေငယ်လေးအတွက်လက်ခုပ်တီးလိုက်ကြပါဦး"
" ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း "
ဟူသော လက်ခုပ်သံကြောင့် တစ်ခါမှ ခေါင်းမော့၍ သူငယ်ချင်း များကိုမကြည့်ဖူးသောဖေငယ်တစ်ယောက် မျက်ရည်များစီးကျလာလေသည်။
ဆရာမမှာ မျက်ရည်များသုတ်ပေးလိုက်ပြီး
"မငိုပါနဲ့ ဖေငယ်ရယ်"
" ဒီအန်တီက ဒီကျောင်းကိုလှူထားတဲ့အလှူရှင်ပါ"
ဖေငယ် ကြည့်လိုက်တော့ ဟိုနေ့က သူ စာအုပ်လိုက်ပေးခဲ့သော အမျိုးသမီးပင်။
"သားကို ရိုးသားဖြူစင်တဲ့ ကျောင်းသားဆုပေးချင်လို့တဲ့ လက်ခံလိုက်ပါဦးး သား"
ထိုအမျိုးသမီးက ဖေငယ်အား ဆုလေးပေးတော့ ကျောင်းသားများ လက်ခုပ်တီးကြသည်။
ထိုစဉ် ကျော်ဇင်ထွက်လာကာ လက်ထဲမှ စက်ရုပ်ကလေးအား ဖေငယ်အား လှမ်းပေးလ်ုက်တော့ ဖေငယ်အရမ်းကိုပျော်သွားလေသည်။
"ဒီနေ့ကစပြီး ငါတို့နှစ်ယောက် အခင်ဆုံးသူငယ်ချင်းဖြစ်ပြီနော်"
ဟု ကျော်ဇင်ပြောလိုက်တော့ ဖေငယ် ခေါင်းလေးငြိမ့်ပြလိုက်သည်။ ဆရာမတွေက ပြုံးလို့။
ကျောင်းသားများက လက်ခုပ်တီးကြနှင့် ပျော်ရွှင်စရာကောင်းသော မြင်ကွင်းလေးပင်။
***အလွှာမတူလူတန်းစားပေမယ့် ရိုးသားဖြူစင်တဲ့ စိတ်ဓါတ်ရှိရင် အရာရာ အဆင်ပြေစေမှာပါ****
စိတ်နှလုံးချမ်းမြေ့ကြပါစေ။
#Min Thawon Hlwar(Lady killer)