ဘယ်သူနိုင်မလဲ
စာရွက်ပေါ်က သစ္စာတရားနဲ့
နှလုံးသားက မေတ္တာတရား
အားပြိုင်တဲ့ပွဲ...
နာကျင်ခြင်းတွေ
လက်ခုပ်လက်ဝါးတီးလို့
မျှော်လင့်ခြင်းကင်းမဲ့တဲ့
အချစ်တွေကို
သစ္စာတရားတွေနဲ့ဘောင်ခတ်
သံကွန်ချာစည်းတွေ အထပ်ထပ်ခြား
စကားလုံးတွေနဲ့ ထိုးနှက်
အမျိုးဖျက်တော့မတဲ့လား...