ကျွန်ုပ်နှင့် စတီးရွာတွင် အကျမတော်ခြင်း
တစ်နေ့သ၌ ကျွန်ုပ်လည်း ပျင်းပျင်းရှိသဖြင့် ကျွန်ုပ်တို့steemit ရွာနောက်ပိုင်းက ကိုစပ်စုဆီ သွားလည်သပေါ့ဗျာ။ကိုစပ်စုတို့ အိမ်ရှေ့ ရောက်ပြီဆိုရင်ပဲ စပ်စုရဲ့ ရှု့မငြီး ချစ်သမီးလေးရဲ့ တဝါးဝါးငိုသံကို အရင်ကြားရ၏။ကျန်ုပ်လည်းအလွန်တရာ အောင်မြင်လှသော အသံဝါကြီးနှင့် စပ်စုရေဟုလှမ်းအော်လိုက်ရာ ယောင်းမကြီး ခါးထိုးလျက် မျက်နှာမှာလည်း ကွန်မန်ဒိုစစ်သည်များကဲ့သို့ အိုးမဲများ လိမ်းချယ်လျက် စစ်နိုင်၍ ပြန်လာသော အသေခံစစ်သည်ကြီးပမာ ဝံ့ကြွားစွာဖြင့် ပုဆိုးစတစ်ဘက်အားလက်ဖြင့်မလျက် အိမ်ရှေ့သို့ထွက်လာလေသည်။ကျွန်ုပ်၏အောင်မြင်သော အသံကြောင့်ထင်သည် တဝါးဝါးငိုနေသော ကလေးငယ်လည်း ရုတ်တရက်မျှကြောင်၍ အငိုရပ်သွား၏။ကျွန်ုပ်လည်း ရောက်တုန်းရောက်ခိုက် မကြာခင်မှာ steemit ရွာသူကြီး ဘတင်
တို့ပြုလုပ်မည့် ဇန်နဝါရီလအတွက် လူစွမ်းကောင်း ရွေးချယ်ပွဲအကြောင်း စကားစမြီပြောဆိုလိုသည့် အတွက် ပင်ကျရည်လေးသွားကစ်ရအောင် ဟုမျက်စပစ်ခေါ်ရာ
စပ်စု၏ မျက်နှာက ၄င်း၏ ဇနီးသည်ဘက်သို့လှည့်သွား၏။"မိန်းမလို်င်စင်ရှိသေးလား"
"ဒီတစ်ခါနောက်ဆုံးပဲနော် "အနှီ စပ်စုတို့လင်မယားပြောဆိုနေကြသည်များကို ကျွန်ုပ်လည်း နားမလည်။ရှိစေတော့ ထန်းတောရောက်မှ အဓိပ္ပါယ် မေးတော့မည်။
ရွာသူကြီးဘတင်ဟူသည်ကား သိုင်းလောကတွင် သူ၏ကလောင်လက်နက်ကား အတော်အစွမ်းထက်သည်ဟူ၏။ မည်သို့မည်ပုံလုပ်လို်က်သည်မသိဆိုသလို သူလက်နက်နဲ့ထိရင် ရယ်ရမလား၊ငိုရမလား၊ကြည်နူးရမလား၊ကြေကွဲရမလား၊စိတ်ဓာတ်အားတွေတိုးပွားစေမလားဆိုသလို အမျိုးမျိုးခံစားကြရကုန်၏။နောက်ထပ် ကျော်ကြားသောသိုင်းပညာရှင်များလည်းရှိ၏။ထိုသူတို့ကား အံ့ကျော်ကြီးခေါ် ၊ steemit ရွာ၏ လူမိုက်ခေါင်းဆောင်လည်း ဖြစ်ပေသည်။
မိုက်ကန်းလွန်း၍ သခွားသီးပင် အစိမ်းလို်က် ကိုက်စားတတ်သူဖြစ်သည်။ရွာရှိတွေ့သမျှလူဖြဲတတ်ပေရာ ဖြဲစရာမရှိ စက္ကူတွေ ထိုင်ဖြဲတတ်သူဖြစ်သည်။တစ်ခါများ အဖြဲလွန်၍ အပေါင်စာရွက်တွေပါဖြဲမိလေရာ ပေါင်ထားတာလေးတွေ ပြန်မရတော့ဘဲ ဆုံးခဲ့ဖူးသည်ဟူ၏။အရိပ်မဲ့သိုင်းပညာရှင် ၊သူကား ဆန်းကြယ်လှ၏။နေဘယ်လောက်ထိုးထိုး အရိပ်မထွက်သူဖြစ်သည်။အရိပ်မထွက်လောက်အောင် လျင်မြန်လွန်း၍တော့မဟုတ် လူကောင်သေးနေ၍ အရိပ်မပေါ်ခြင်းဖြစ်လေသည်။သူ၏နောက်ထပ် ကျော်ကြားသော သိုင်းပညာကတော့ ကျားသစ်သိုင်းပင်ဖြစ်သည်။ရွာထဲတွင် ခိုးယူမှုများဖြစ်ပွားပါက ခိုးယူသူများအား ကျားသစ် သိုင်းဖြင့် ချေမှုန်းတတ်သူဖြစ်ကာ ရွာမှနှင်ထုတ်တတ်သူလည်းဖြစ်ပေသည်။
နောက်ကွီးရွှေခေါ် ရွာထဲတွင်မူးလာပြီဆိုလျင် ငါ့ရည်းစားသူများနဲ့ညားလေပြီဟူသော သီချင်းကို အော်အော်ဆိုတတ်သူဖြစ်၏။သူလည်း ကလောင်လက်နက်ပိုင်ရှင်တစ်ဦးဖြစ်၏။အသဲကွဲဒဏ်ခံရပြီးထဲက သူ့ကလောင်လက်နက်မှာ အရောင်အဝါ တဖိတ်ဖိတ်တောက်လျက် ပို၍ အစွမ်းထက်လာသည်ဟူ၏။အရောင်အဝါ တောက်ပမှုကြောင့် သူ့လက်နက်ကိုကြည့်မိသူပင်လျင် မျက်ရည်တောက်တောက်ကြရသည်အထိ ဖြစ်ကြရလေသည်။
ကျွန်ုပ်လည်း စပ်စုနဲ့အတူ ထန်းတောသို့ ထွက်လာရာ ပုဇွန်စိတ်ခုန်ချိန်ကွက်တိခန့်တွင် ထန်းတောသို့ရောက်လေသည်။ရောက်လျင်ရောက်ခြင်း ထန်းတောပိုင်ရှင်ဖြစ်သည့် ကိုထွေးခေါ် မှ ဝမ်းသာအားရဆီး ကြိုလေသည်။ယခင်သောက်ပြီး အကြွေးမပေးရသေးသည်ကို တောင်းမည်ဟု အံခဲ၍ ဝမ်းသာပုံပေါ်၏။
ဆိုသည်ကား အရက်မူးသိုင်းဖြင့်နာမည်ကြီး သူဖြစ်သည်။သူမူးပြီဟေ့ဆိုလျင် ရွာထဲတွင်ခွေးတစီစီ ဖြစ်တတ်သည်။မူးပြီးလုံခြည်ဘယ်နားကျကျန်ခဲ့မှန်းမသိလောက်အောင်ပင် အမူးပါးသူဖြစ်သည်။မူးမူးနဲ့ လျောက်သွားရင်း မျက်စိလည်ကာ ရွာမှတစ်နှစ်ခန့်ပျောက်သွားပြီးသကာလ ပြန်ရောက်လာချိန်တွင် ကျောက်အောင်လာသည်ဟုဆိုကာ ကြီးပွားလာသူဖြစ်သည်။ဤသို့ဖြင့် ထန်းတောအားအပိုင်ဝယ်ကာကြီးပွားနေသူဖြစ်သည်။ကျွန်ုပ်တို့ရောက်ပြီးသိပ်မကြာခင်မှာပင်ကိုထွေးမှ ထန်းရည်နှစ်မြူဆွဲထွက်လာ၏။သူလည်း မူးပေမယ့်ခေသူမဟုတ် ဆန်ဆေးရည်ကို ဘီအီးရောလျင်ထန်းရည်ဖြစ်သည်ဟူသော လျို့ဝှက်သိုင်းကြမ်းကို ပိုင်နိုင်လှသူဖြစ်သည်။ဘယ်နှယ့် ဒီလောက်မူးနေမှတော့ ဒီလူကြီးထန်းပင်ပေါ်တတ်သည်ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
ဆက်ပါအုံးမည်......
(စီနီယာများအား စော်ကားလိုခြင်းမဟုတ်ဘဲ
ရေးသားဟန်တစ်ခုကိုအစမ်းသဘောမျိုးမြည်းစမ်း၍ ဟာသအမြင်ဖြင့် ရေးထားခြင်းပါသည်။ ဖတ်ပြီးမရယ်ရလျင်လည်း ကလိထိုး ၍တောင်းပန်မည်ဖြစ်ပါကြောင်း)