image source pixabay
ညီငယ်အရာရှိသို့ပေးစာ(၆)
သို့
ညီငယ်။ဒီအပတ်မှာတော့အကို့အနေဖြင့် မော်တော်ယာဉ်မောင်းစဉ် လိုက်နာသင့်တဲ့အပြုအမှုတွေနဲ့ ဆေးလိပ်သောက်သုံးရာတွင် သတိပြုလိုက်နာအပ်တဲ့ ကျင့်ဝတ်များဆိုင်ရာကိုပြောပြမယ်။
ညီအနေဖြင့် ရှေ့တန်းစစ်ဆင်ရေးမှာတာဝန်ထမ်းဆောင်ပြီး နောက်တန်းသို့ပြန်လည်ရောက်ရှိစဉ်မှာ မော်တော်ယာဉ်မောင်းနှင်ရန် အခါအခွင့်ကြုံသင့်လာပါက အချိန်ကြာမြင့်စွာ မောင်းနှင်ခြင်းအမှုကိုကင်းကွာနေတဲ့အတွက် သတိနဲ့ဖြေးညှင်းစွာမောင်းနှင် သင့်တယ်။ မောင်းနှင်စဉ်မှာလည်း ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းအတိုင်း အခြားသောယာဉ်များနှင့် အပေးအယူမျှတစွာမောင်းနှင်ရမှာဖြစ်တယ်။လမ်းလည်ခေါင်တွင် အခြားသောယာဉ်များကိုပိတ်ဆို့ရပ်တန့်ထားပြီး သူငယ်ချင်းနဲ့စကားပြောခြင်း၊လူအတင်အချပြုလုပ်ခြင်း၊ ရှေ့မှမောင်းနှင်နေရာမှ အချက်ပြမီးမပြဘဲ ရုတ်တရက်ချိုးကွေ့ ခြင်း၊ အခြားသောယာဉ်များနှင့်ပြိုင်ဆိုင် မောင်းနှင်ခြင်းတွေကိုရှောင်ကျဉ်ရမယ်။မိမိနှင့်ချိန်းဆိုထားသောသူရဲ့ အိမ်ရှေ့ရောက်လျင်လည်း ကားပေါ်မှဆင်း၍ ရောက်ရှိပြီဖြစ်ကြောင်း အသိပေးရမယ်။ ဟွန်းတီး၍ခေါ်ခြင်းဟာ အလွန်ရင်းနှီးသော သူအချင်းချင်းမှအပ ရိုင်းပြတဲ့မပြုအမှုဖြစ်တယ်။
image source pixabay
ဆေးလိပ်သောက်သုံးခြင်းနဲ့ပတ်သတ်လို့်လည်း ကမ္ဘာနဲ့တစ်ဝှမ်း ဆေးလိပ်သောက်သုံးလေ့ရှိကြသော်လည်း ဆေးလိပ်လုံးဝ မသောက်သုံးသူ၊ ဆေးလိပ်နံ့မခံနိုင်သူ တွေလည်း ရှိတယ်ဆိုတာ သတိပြုထားရမယ်။အထူးသဖြင့် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်မိခင်တွေ အနားရှိစဉ်မှာဆိုရင်တော့ ဆေးလိပ်သောက်ခြင်း အမှုအကျင့်ကိုလုံးဝရှောင်ရှားရမှာဖြစ်တယ်။ ဆေးလိပ်နံ့ကြောင့် ဆေးလိပ်မသောက်သုံးတတ်သူများနှင့် အနံ့မခံနိုင်သူတွေအတွက် လွန်စွာမှ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာကို သတိချပ်ထားသင့်တယ်။ဒါ့ကြောင့် ဆေးလိပ်သောက်သုံးခြင်းနှင့်ပတ်သတ်၍လိုက်နာအပ်သည်တွေကို ပြောပြမယ်-
(၁) ဌာနဆိုင်ရာယူနီဖောင်းဝတ်ဆင်ထားချိန်မှာ အဆောက်အဦပြင်ပတွင်လုံးဝဆေးလိပ်မသောက်ပါနှင့်၊အားကစားပြိုင်ပွဲများ နဲ့အခြားသောပွဲလမ်းသဘင်များတွင်လည်း ဒေသန္တရ အခြေအနေပေါ်မူတည်ပြီးသာသောက်သုံးပါလေ။
(၂)ထမင်းစားသို့လည်းကောင်း၊ ဘုရားကျောင်းသို့လည်းကောင်း၊ကဇာတ်ရုံ၊ရုပ်ရှင်ရုံ၊ဘူတာရုံ၊သင်္ဘောဆိပ်နှင့် ဆေးရုံကဲ့သို့ အများနှင့်သတ်ဆိုင်သောနေရာတွေကို မီးညှိပြီးသောက်လက်စဆေးလိပ်ကိုယူဆောင်သွားခြင်းကိုရှောင်ပါ။
(၃)လူအများနှင့်သက်ဆိုင်တဲ့နေရာတွေမှာဆေးလိပ်မသောက်ရဆိုတဲ့ သတ်မှတ်ချက်ရှိ/မရှိ သတိပြုပါ။
(၄) လက်ထပ်မင်္ဂလာပွဲကဲ့သို့သော အခမ်းအနား ပွဲလမ်းသဘင်ကျင်းပနေချိန်မှာ ဆေးလိပ်မသောက်သုံးပါနဲ့။
(၅)တာဝန်ချိန်မှာတော့ အထက်အရာရှိရဲ့ မျက်နှာရိပ်မျက်နှာကဲကို သိနားလည်မှသာ၊ထိုသူမှ မနှစ်မြို့ဟန်ပြသည့်အခါမှသာ သောက်သုံးပါ။
(၆)ထမင်းစားဖိတ်ကြားခြင်း အခါမှာလည်း ထမင်းစားပွဲမှာ သာမာန်အားဖြင့် ဆေးလိပ်ပါတည်ခင်းဧည့်ခံလေ့ရှိကြပေမယ့် ဆေးလိပ်မထည့်ထားသော ထမင်းဝိုင်းဆိုပါက အိမ်ရှင်မှာ ဆေးလိပ်သောက်သုံးခြင်းကို မနှစ်သက်သောသူဖြစ်ကြောင်း သိနားလည်ပါ။
(၇)ဆေးလိပ်ပြာများကို ကြမ်းပြင်ပေါ်သို့ လည်းကောင်း၊ဆေးလိပ်တိုများကိုအမှိုက်ခြင်းအတွင်းသို့လည်းကောင်း၊မီးရှိနေသောဆေးလိပ်တိုများကို စားပွဲပေါ်သို့လည်းကောင်း မချသင့်ပါ။
(၈)အခြားသူတစ်ဦးမှ မိမိအား ဆေးလိပ်မသောက်ရန်ပြောလာလျင်လည်း ထိုသူအားမထီမဲ့မြင်ပြုခြင်းကိုရှောင်ကြည်ပါ။
(၉)ကမ္ဘာတစ်ဝှမ်း ဟော်တယ်များ၊သင်္ဘောဆိပ်များ ၊လေဆိပ်များတွင် ဆေးလိပ်သောက်သုံးရန် သီးသန့်နေရာများသတ်မှတ်ထားလေ့ရှိတဲ့အတွက် ထိုနေရာများတွင်သာ သောက်သုံးပါ။
ဆေးလိပ်သောက်သုံးတတ်သူတစ်ဦးအနေဖြင့် မိမိမှုတ်ထုတ်လိုက်သောမီးခိုးဟာ အခြားသူတစ်ဦးရဲ့ မျက်နှာရှေ့မမှုတ်ထုတ်မိအောင် သတိပြုသင့်တယ်။အခြားသူတစ်ဦးကိုနှုတ်ဆက်စကားမပြောမီ ဆေးလိပ်ကို ပါးစပ်မှ ဖယ်ထုတ်ပါ။ဆေးလိပ်ခဲလျက်စကားပြောဆိုခြင်းကို မပြုလုပ်သင့်ဘူး။အခြားသူများ၏အိမ်တွင်ဆေးပြင်းလိပ်၊ဆေးပေါ့လိပ်သောက်သုံးတတ်သူများအနေဖြင့် မိမိခြွေချလိုက်တဲ့ပြာဟာ ဆေးလိပ်ပြာခွက်အတွင်း၌သာဖြစ်သင့်ပါတယ်။တတ်နိုင်လျင်တော့ ဆေးလိပ်သောက်သုံးတတ်သည် အမူအကျင့်ကို ရှောင်ကျဉ်ပါလို့ပြောကြားလိုတယ်။လူကျင့်ဝတ်၊လူစည်းကမ်းများကိုသိနားလည်သော အရာရှိကောင်းတစ်ဦးဖြစ်ပါစေ။
image source pixabay
စီနီယာ
MSC-126