သြော် ဘာလိုလိုနဲ့ ချစ်နဲ့ကိုယ်ဝေးခဲ့တာ နှစ်ပတ်ကျော်လာပြီနော်
ကိုယ်နဲ့ဝေးရာ ရန်ကုန်မြို့ကြီးကို ချစ်ထွက်သွားခဲ့တဲ့ ၂၁ ရက် ဖေဖော်ဝါရီ ကို အမြဲအမှတ်ရနေတယ်
ချစ်ကတော့ ကိုယ့်စိတ်ကူးအိမ်မက်တွေပုံဖော်ဖို့ဒီဇိုင်နာသင်တန်းသွားတက်တယ်ဆိုပေမဲ့
ကိုယ့်အတွက်ကတော့ ချစ်မရှိတဲ့နေ့တွေမှာ ပျော်ရွှင်မှုဆိုတာဘာလဲမမှတ်မိလောက်အောင်ကို ဘဝထဲကပျောက်ဆုံးနေခဲ့တာလေ.
ခုမှသိလိုက်ရပြီ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဟာ ဘာဆိုတာကို
ခုမှသိလိုက်ရပြီ ချစ်ရဲ့ကိုယ့်အပေါ်ဂရုစိုက်မှုတွေအကြောင်းကို
ခုမှသိလိုက်ရပြီ ကိုယ့်လက်မောင်းပေါ်မှေးစက်နေကျ ပျော်ရွှင်ခြင်းဖန်ဆင်းရှင်လေးကို
တကယ်ဆို ရှိနေစဉ်ကတန်ဖိုးမသိဆိုသလို. ဝေးသွားမှသိလာရပြီ သူ့တန်ဖိုးကို...
ရှိနေစဉ် သူ့အပေါ်အလေးမထားမိတာကိုလည်းနောင်တရမိပါရဲ့....
ချစ်ပညာတွေသင်ပြီးပြန်လာမဲ့တနေ့ကို ကိုယ့်ရင်ထဲကပေါက်ဖွားလာတဲ့ အလွမ်းပန်းလေးတွေသီကုံးရင်း အလွမ်းပန်းခြင်းလေးနဲ့ ကြိုနေပါ့မယ် ကိုယ့်အချစ်ဆုံးရယ်. အဲ့ချိန်ကြရင်သာ အရင်ထက်နှစ်ဆ ပိုချစ်ကြရအောင်နော်...