အားလုံးပဲမင်္ဂလာပါဗျာ... ကျွန်တော်ဟာ steemit ကို စတင်ဝင်ရောက် ခဲ့သည်မှာ တစ်လ ၀န်းကျင်ရှိလာပြီဖြစ်လေရာ မိမိလုပ်ကိုင်နေသော လုပ်ငန်းအကြောင်း လည်း သေချာသိသင့်သည်ဟု ယူဆမိသဖြင့် steemit ရဲ့ အဓိက သိသင့်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ Voting Reward အကြောင်းကို လေ့လာခဲ့ရာ ကျွန်တော်သိရှိရသလောက်များအား ပြန်လည်တင်ပြလိုပါတယ်ဗျာ။
ကျွန်တော်ကဲ့သို့သော နောက်ထပ်အသစ်ဝင်ရောက်လာသော Newbie များအတွက် လေ့လာမှတ်သားဖွယ်ရာ ရည်ရွယ်ရေးသားခြင်းဖြစ်ပါတယ်ဗျာ။ ဒီ Post ရေးဖြစ်အောင် ကျွန်တော် မသိနားမလည် သည်များကို အစဉ်အမြဲစိတ်ရှည်စွာ ရှင်းလင်းပြောပြသင်ကြားပေးသော အား ကျေးဇူးအထူးပင်တင်ရှိကြောင်း ဦးစွာပဏာမ ပြောကြားလိုပါတယ်ဗျာ။
Steemit Post တစ်ခုတွင် အခြားသူများ မှ Vote ပေးသည့် အခါ ထိုVote ပေးသူများ၏ Steem Power (SP) Voting Power အလိုက် Steem Dollar (SBD) များ မိမိ Post အတွက်ရရှိလာပါသည်။
ဥပမာအားဖြင့် ကျွန်တော်၏ Post တစ်ခုမှ ပုံများကို လေ့လာကြည့်နိုင်ပါသည်။
ပုံတွင် ကျွန်တော်၏ နောက်ဆုံး Post အတွက် လက်ရှိ Vote ရထားသည့် Steem Dollar စုစုပေါင်းပမာဏသည် (20.83) SBD ဖြစ်လေသည်။ ထို ငွေကြေးပမာဏသည် Post သက်တမ်း 7 ရက် ပြည့်သည်နှင့် ရေးသားသူထံ ပေးချေမည်ဖြစ်သည်။
ကျွန်တော် Steemit သို့ စတင်ဝင်ရောက်စဉ်က ထိုပမာဏများကို US Dollar (USD) နှင့်လည်း မှားခဲ့သလို ထို
Vote ရထားသည့် ပမာဏသည် မိမိထံ တိုက်ရိုက်ဝင်လာမည်ဟု တွေးထင်ခဲ့ဖူသည်။
အမှန်မှာ မိမိတင်လိုက်သော Post တွင်ရထားသော Vote ပမာဏတွင် မိမိ Post တင်ပြီး 30 မိနစ်အတွင်း ရလာသော Vote များသည်သာ မိမိအတွက် ရာနှုန်းပြည့်ရခြင်းဖြစ်ပြီး 30 မိနစ်နောက်ပိုင်းတွင် လာရောက် Vote ခဲ့လျှင် 75% သာ မိမိအတွက် Author Reward အနေဖြင့် ရရှိပြီး 25% သည် Curator Reward အနေဖြင့် Vote လာပေးသူ ကာယကံရှင်များထံ ပြန်သွားပါသည်။
Steemit တွင် မိနစ် (၃၀)အတွင်း Vote များများရရန် လည်းမလွယ်ကူသဖြင့် ရရှိသမျှ Vote အားလုံးသည် မိနစ် (၃၀)နောက်ပိုင်းတွင်သာ ရလိမ့်မည်ဖြစ်ရာ မိမိPost ရှိ SBD ပမာဏ ၏ 75% သာ ရရှိလိမ့်မည်ဟု တရားသေ မှတ်ယူရန်သာဖြစ်လေသည်။
အထက်တွင် တင်ပြခဲ့သော ကျွန်တော်၏ Post နဲ့ ဥပမာပေးဖော်ပြရလျှင် (20.83) SBD ၏ (75%) ကို တွက်ရလျှင် (15.6225) SBD ကို Author Rewards အနေဖြင့် ကျွန်တော် ရရှိမည်ဖြစ်ပြီး ကျန် (5.2075) SBD သည် Curator Rewards အနေဖြင့် Vote ပေးသူများထံ ပြန်သွားပေလိမ့်မည်။
သို့ရာတွင် ကျွန်တော်တို့ သတိပြုရန်လိုသည်မှာ Steemit တွင် Post တစ်ခုတင်တိုင်း ညာဘက်အောက်နားလေးရှိ Rewards အကွက်တွင် ရွေးချယ်စရာ Choice (3)မျိုးရှိနေသည်ကို တွေ့ရပါမည်။
ပုံကိုကြည့်ပါ။
(၁) Power Up 100%
(၂) Default (50% / 50%) နှင့်
(၃) Decline Payout တို့ရှိနေပါလိမ့်မည်။
(၁) Power Up 100% ထားပြီးတင်ထားသော Post ဖြစ်ခဲ့လျှင် မိမိရရှိသမျှ Author Reward သည် Steem Power (SP) အနေဖြင့် မိမိအကောင့် Wallet ထဲသို့ ၀င်ပေလိမ့်မည်။ သို့ရာတွင် Steem Power သို့ ၀င်သည့်ပုံစံသည် တိုက်ရိုက် ၀င်သွားခြင်းမျိုးမဟုတ်ပဲ (15.6225) SBD ပမာဏ ကို Post တင်သည့်ကာလ မှ Reward ပေးသည့် ကာလအထိ (7) ရက်တာအတွင်းရှိ Steem ၏ ပျမ်းမျှပေါက်ဈေး ဖြင့် စားသဖြင့် Crypto Market တွင် ၀ယ်သည်ထက် အရနည်းလေသည်။
ဥပမာ- (15.6225) SBD ကို Blocktrade.us တွင် Steem Power ၀ယ်လျှင် ယခုလက်ရှိပေါက်ဈေးအတိုင်းဆိုလျှင် (16.4) Steem Power ရမည်ဖြစ်သော်လည်း
မိမိ Post တွင် 100% Power Up ထားခဲ့ပါက (15.6225) SBD ကို ယခု Steem ပေါက်ဈေး (3.54)USD ဖြင့် စားသဖြင့် (4.4131) Steem Power မျှသာရပေလိမ့်မည်။ (7 ရက် ပျမ်းမျှ ဈေး မသိသဖြင့် လက်ရှိ ပေါက်ဈေးဖြင့် သာ တွက်ချက်လိုက်ပါသည်)
အရှင်းဆုံးပြောရရင်တော့ 100% Power Up က Post ပိုင်ရှင်အတွက် မတန်ဘူးပေါ့ဗျာ။
(၂) Default (50% / 50%) ကိုထားခဲ့ပါမူ မိမိရရှိသည့် Author Reward သည် 50% / 50% အချိုးဖြင့် နှစ်ပိုင်းခွဲဝေကာ ပထမ 50% ကို Steem Dollar (SBD) ဖြင့်လည်းကောင်း၊ ဒုတိယ 50% ကို Steem Power အဖြစ်လည်းကောင်း ရရှိမည်ဖြစ်သည်။
သို့ဖြစ်ရာ (15.6225) SBD ကို 50% - 50% တ၀က်ခွဲရလျှင် (7.81125) SBD ရရှိမည်ဖြစ်ပြီး Steem Power အနေဖြင့် မူ ကျန် (7.81125) ကို Steem ပေါက်ဈေး (3.54) ဖြင့်စားသော် (2.2065) Steem Power ရရှိမည် ဖြစ်သည်။
(7.81125) SBD သည် Blocktrade.us တွင် (8.181) Steem Power တန်သည်ဖြစ်လေရာ Power Up မည်ဆိုလျှင် (8.181+2.2065 = 10.3875 Steem Power) ရရှိမည်ဖြစ်သဖြင့် ပထမ Option ထက် Post ပိုင်ရှင်အတွက် များစွာ ပိုတန်လေသည်။ ပုံကိုကြည့်ပါ။
(၃) တတိယ Option ကတော့ မေးစရာလိုမည်မထင်ပါ။ Decline Payout ဖြစ်သဖြင့် Post အတွက် အကျိုး တစုံတရာခံစားခွင့်ရှိမည်မဟုတ်ချေ။
ဆိုရလျှင် ကျွန်တော်တို့ကဲ့သို့ Post ရေးသားသူများအတွက် အသင့်တော်ဆုံး Option သည် (Default 50% / 50%) သာဖြစ်လေသဖြင့် Post တစ်ခု၏ Rewards Payout ကို အဆိုပါ နှုန်းထားဖြင့်သာ တွက်ချက်သင့်လေသည်။
Voting Bot အသုံးပြုသူများအတွက် လမ်းညွှန်
Voting Bot များကို အသုံးပြုသည်ဆိုသည်မှာ မိမိ က အဆိုပါ Voting Bot အကောင့်သို့ သူတို့သတ်မှတ်ထား သော Steem Dollar (SBD) ပမာဏကို လွှဲ၍ လွှဲသည့်အကြောင်းအရာတွင် မိမိ Post လင့် လေးထည့်ပေး လိုက်ပါက ထို Voting Bot မှ လာရောက် Vote ပေးခြင်းဖြစ်လေသည်။
ထိုသို့ Bot သုံး၍ Vote ခြင်းသည် ကျွန်တော်တို့ကဲ့သို့ Steemit တွင် မအောင်မြင်သေးသော (Follower) ပရိသတ် များများ မရှိသေးသော သူများအတွက် Vote တောင်းနိုင်သော အခွင့်အရေးတစ်ရပ်လည်း ဖြစ်လေရာ Steemit Newbie တိုင်း သိနားလည်သင့်သည်ထင်ပါသည်။
Voting Bot List ကို https://steembottracker.com/ တွင် လေ့လာနိုင်ပါသည်။
Bot ကို သုံး၍ Vote သည်ဆိုရာဝယ် မိမိပိုင်ဆိုင်သော SBD ပမာဏကို အရင်လွှဲပေးရပြီး ထိုသူမှ သူ ၏ လက်ရှိ Voting Power, Voting Weight တို့ ဖြင့် Vote သင့်သလောက်သာ ပြန် Vote သဖြင့် မည်၍မည်မျှ ပြန်ရမည်ကို ကြိုတင်မသိနိုင်ပါ။ ထို့ကြောင့် Voting Bot များကို အသုံးပြုရာတွင် မြတ်သည်လည်းရှိသလို အရှုံးလည်း ရှိလာနိုင်လေသည်။ သို့ဖြစ်၍ မိမိစမ်းသုံးကြည့်သော Bot သည် မိမိအတွက် အကျိုးအမြတ် ရှိ/မရှိ တွက်ချက်ရန်အလို့ငှာ အထက်တင်ပြခဲ့သည့်အတိုင်း Vote Reward ကို တွက်ချက်တတ်ရန်လိုလာလေသည်။
Voting Bot များသည် SBD ဖြင့်သာ ငွေပေးချေမှုလက်ခံကြသည်ဖြစ်လေရာ မိမိ ပြန်လည်ရရှိမည့် Reward ကိုလည်း SBD Unit ဖြင့်သာ ပြန်လည်တွက်ချက်ရန်လိုလာလေသည်။
ထို့ကြောင့် ကျွန်တော် သိလောက် တွက်နည်းလေးအား တင်ပြလိုက်ရပါသည်။
ဥပမာ- သင်သည် Voting Bot ထံသို့ 1 SBD ပမာဏ ဖြင့် Vote ပေးခိုင်းလိုက်သည်ဆိုပါစို့။
အဆိုပါ Bot သည် မိမိ Post ထံ လာရောက်ကာ 2.4 SBD ဖိုး ပြန်လည် Vote ပေးခဲ့သည်ဆိုလျှင် ...
(2.4) SBD ၏ 75 % ကို Author Reward အနေဖြင့် ရမည်ဖြစ်သဖြင့် 2.4 ကို 100 ဖြင့်စား၍ 75 ဖြင့် ပြန်မြှောက်ရမည်ဖြစ်၍ှ(1.8 ) ရရှိမည်ဖြစ်သည်။ ထို့နောက် 50% / 50% Rewards ဖြစ်သဖြင့် တ၀က်ဝက်သော် (0.9) ရရှိမည်ဖြစ်သည်။
ထို့ကြောင့် Steem Dollar အနေဖြင့် (0.9) SBD ရရှိမည်ဖြစ်ပြီး Steem Power အနေဖြင့် မူ (0.9) ကို ပျမ်းမျှ Steem ပေါက်ဈေး (3.54) usd ဖြင့် စားသော် (0.2542) Steem Power ရရှိမည်ဖြစ်သည်။ သို့ရာတွင်
မိမိသည် Voting Bot ထံသို့ SBD Unit ဖြင့်သာ လွှဲခဲ့သည်ဖြစ်ရာ Steem Power ကို SBD ပြောင်းရမည်ဖြစ်သည်။
ထို့ကြောင့် နောက်တစ်နည်း အလွယ်တွက်နည်းပြောရလျှင် Steem Power အတွက် တွက်ရမည့် ဒုတိယ (50%) ကို Steem ပေါက်ဈေး ဖြင့် မစားဘဲ Steem Dollar (SBD) ပေါက်ဈေးဖြင့်စားလျှင် SBD Unit သို့ တိုက်ရိုက်ရရှိမည်ဖြစ်လေသည်။
လက်ရှိ SBD ပေါက်ဈေးသည် (3.93usd) ဖြစ်၍ (0.9) ကို (3.93) ဖြင့်စားသော် (0.229) SBD ရမည်ဖြစ်သည်။
ထို့ကြောင့် (50% / 50% ) Rewards စနစ်တွင် ပထမ (50%) အတွက် (0.9) SBD ရရှိမည်ဖြစ်ပြီး ဒုတိယ (50%) အတွက် (0.229) SBD တန်ကြေးရှိ Steem power ရရှိမည်ဖြစ်ရာ 0.9 + 0.229 = 1.129 SBD ပမာဏ ပြန်ရသည်ဟုဆိုနိုင်သဖြင့် 1 SBD ဖြင့် Bot ကို Vote ခိုင်းခြင်းအတွက် (0.129) SBD မြတ်သည် ဟု ဆိုရမည်ဖြစ်လေသည်။ ထို့ကြောင့် ရာခိုင်နှုန်းအားဖြင့်ဆိုရလျှင် (12.9%) မြတ်သည် ဟုဆိုရပေမည်။
အချုပ်အားဖြင့်ဆိုသော် Vote တစ်ခု၏ တန်ဖိုးမှ မိမိရရှိမည့် ပမာဏကို တွက်ချက်မည့် တွက်နည်းမှာ
(၁) Vote တန်ဖိုး ကို (100) ဖြင့်စား (75) ဖြင့်မြှောက်ပါ
(၂) ထိုမှ ရလာသော တန်ဖိုးကို 2 ဖြင့်စားပါ။ ( 50%-50% စနစ်အတွက် တ၀က်ဝက်ခြင်းဖြစ်သည်)
(၃) ထိုမှ ရသည့်ပမာဏ သည် ပထမ 50% SBD ပမာဏ ဖြစ်ပါသည်။
(၄) ဒုတိယ 50% အတွက်မှာမူ အဆင့် (၂)မှ ရလာသော ပမာဏအား လက်ရှိ Steem Dollar (SBD) ပေါက်ဈေးဖြင့် စားပါ။
(5) အဆင့် (၃) နှင့် အဆင့် (၄) ပေါင်းပါ။
ဟူ၍ ဖြစ်လေသည်။
မိမိသုံးလိုက်သော Bot ၏ Voting ပမာဏအား သိရန်မှာမူ https://busy.org/ ကို သွား၍ Search Box တွင် မိမိ User Name ကို ရိုက်ရှာကာ မိမိ Post Upvote သူ ဦးရေဂဏန်းကို နှိပ်လိုက်လျှင် မည်သူက မည်မျှ တန်ဖိုး လာရောက် Vote ပေးထားသည်ကို ဆန်းစစ်ကာ မြတ်/မမြတ် တွက်ချက်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
Steemit အဖွဲ့သားများအားလုံးအောင်မြင်မှု ကို အရယူနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
လိုအပ်ချက်များ၊ လွှဲမှားနေမှုများရှိလျှင်လည်း Comment တွင် ပြင်ဆင်ပေးနိုင်ပါသည်ခင်ဗျာ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအား အစဉ်ဦးခိုက်လျှက်