မဖြစ်စလောက် အရင်းနီးလေးနဲ့ ဘာလုပ်ရင် ကောင်းမလဲဟု
မိုးတိမ်တွေးမိသည်
ချမ်းသာစွာနေထိုင်ချင်တာ ရည်းမှန်းချက်ကတော့ အမြဲတတ်ကြွလျှက်ပင်
သို့ သော်
ရွှေစာဆိုသည် မြို့ကလေးက ထွက်လာတာ အခုဆိုလျှင် လေးငါးရက် ရှိလေပြီး မယ်မယ်ရရ ဘာတစ်ခုမှ မလုပ်ကိုင်ရသေးပေ
ယခု ရောက်ရှိနေသည် လွန်ကန် ဆိုသည် ရွာကလေးက အိမ်ခြေ ရှစ်ထောင်ကျော်ခန့် ရှိသည် မြို့နှင့်လဲ အလှမ်းနီးလှသည်
စီးပွားရေးသမားများမှာ ကုန်ပစ္စည်းများစွာ အား ကားတင်ပြီး ကူးချည်သန်းချည်နဲ့ စီးကားလှသည် ရွာကလေးတဲ့
ဈေးတန်းတစ်လျှောက် မိုးတိမ်တစ်ယောက် လှည့်လည်ကြည့်မိသည်မှာ
ကုန်းစိမ်းရောင်းကြသူများ ငါးခြောက်ငါးခြမ်း ရောင်းချသူများ အသားငါး ရောင်းကြသူများနဲ့ သစ်သီးရောင်းချသူများအား တွေ့ရပြီးနောက်
မိုးတိမ် စိတ်ကူးထဲတွင် ဖြတ်ကနဲ တွေးမိလိုက်သည်မှာ အဝတ်ထည်များတဲ့ ဈေးထဲရော ဈေးပတ်ဝန်းကျင့် အနီးနားပါမကျန်
အဝတ်ထည် ရောင်းချကြသူများအား မတွေ့ရှိရပေ
အဝတ်စားများ ရောင်းချလျှင် အဆင်ပြေလောက်မယ်
ဒါပေမယ့် ဘာအဝတ်စားများ ရောင်းချရမလဲ ဟု တွေးကြည့်ရာတွင်
ဘေလ်ထုတ်များ ရောင်းကြည့်ရမည်ဟု စိတ်ကူးရမိသည်
တန်ဖိုးကြီးအဝတ်စားမဟုတ်သောကြောင့် ရွာထဲလူများလည်း အဆင်ပြေနိင်လေပြီး ……
နောက်သုံးလေးရက်တွင် သူမှာထားသော ဘေလ်ထုတ် အဝတ်စားများ ရောက်ရှိလာလေတော့သည်
ထပ်ပြီးစဉ်းစားသည်မှာ ကြိုက်တာရွေး တစ်ထောင်ငါးရာ ရောင်းလျှင်
ဘေလ်ထုတ်များမှာ ပုံလှတာတွေကုန်ပြီး ပုံမလှတာတွေ ကျန်ခဲ့နိင်ကြောင်း တွေးမိသည်နှင့်
ဘေလ်ထုတ် အဝတ်စားများအား
သန့်ရှင်းသတ်ရပ်ပြီး လူငယ်အကြိုက် လူကြီးကြိုက်သော ပုံလှတာများအား ရွေးလေးတော့သည်
နောက်တစ်နေ့ မနက်ခင်းတွင် ဈေး၏ ထိပ်ပေါက်ဝ လူမြင်များသည် နေ့ရာတွင် ချရောင်းလေ့တော့သည်
ပထမတွင် လူတချို့မှာ အဝတ်စားများအား လှည့်ကြည့် လှည့်ကြည့်နှင့်ကြည့်သွားကြလေသည်
သို့ သော် အဝတ်စားများအား လှပသော အရာများအား ရှေ့တန်းတင်ထားသဖြင့် တစပြီး တစ ကြည့်ရှုသူများ ဝယ်လိုသူများ
များပြားလာလေတော့သည်
ဆယ်နာရီခန့် တွင် ဈေးသိမ်းပြီးလျှင် သူတည်းခိုရာ ရွာဦးဘုန်းကြီကျောင်း သို့  ပြန်လာခဲ့တော့သည်
သုံးလေးရက် အတွင် အဝတ်စားဘေလ်ထုတ်များ ကုန်သလောက်နီးနီး ဖြစ်သွားသည် အမြတ်စွန်းငွေမှာ ခွန်နှစ်သောင်းခန့် ကျန်ခဲ့လေသည်
ပထမ ဦးစွာ သူရောင်းချလို့ ရသည် အမြတ်ငွေ တစ်ဝက်အား
ရွာဦးကျောင်းထိုင် ဘုန်းဘုန်းထံတွင် ဝတ္ထူငွေ လေးသောင်းအား ကပ်လှုူခဲ့လေသည်
ထို့နောက်
အဝတ်စားဘေလ်ထုတ်များအား ဒီအပါတ်မှာ များများမှာပြီးရောင်းချရမယ်ဟု တွေးပြီး
ရွာထဲက ဈေးရောင်းတတ်သည် လူငယ်နှစ်ဦးအား နေ့စားပေး၍ ငှားခဲ့လိုက်သည် သူတစ်ယောက်ထဲဆို အဝတ်စားရွေးရ ဘာလုပ်ရနှင့် မနိင်တော့ပြီး
လူငယ်နှစ်ဦးအား ငှားရမ်းပြီး အဝတ်စားများ ရောင်းချပြီးနောက်
သူစီးပွားရေးက မထင်မှတ်လောက်အောင် တိုးတတ်ခဲ့လေသည်
သုံးလေးလအတွင်း စားပြီးသောက်ပြီး ငွေဆယ်သိန်းကျော် အထက် ပိုလျှံခဲ့လေသည်
သို့ပေသည် ကံသည် အမြဲတမ်းကောင်းနေနိင်ပါ့မလား
အမြဲတမ်းရော ဆိုးနေနိင်ပါ့မလား အလွန်ထူးဆန်းသော ကံတရားသည်
နိမ့်ချည် မြင့်ချည် နှင့် လည်ပတ်နေသည် မဟုတ်ပါလား
ထို့အတူ လူများစွာသည်လဲ ၎င်းအတိုင်းပင်
လူတစ်ဦးလုပ်လို့  အောင်မြင်လာလျှင် လိုက်လံလုပ်ဆောင်တတ်ကြသည် သဘာဝ
သိပ်မကြာမှီ ရက်ပိုင်းတွင် ဈေးထဲမှာ သူ့ လိုပင် ဘေလ်ထုတ်ရောင်းသော လူများ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလှကြတော့သည် ထို့ နောက် မိုးတိမ်၏ ဈေးကွက် ပိတ်လေတော့သည်
မိုးတိမ်စဉ်းစားမိသည်မှာ ချမ်းသာလိုသော စိတ်နှင့်မျော်လင့်ချက်တအားထားပြီး အလုပ် လုပ်လျှင်
စိတ်ကို အလွန် ဒုက္ခပေးလှသည် စိတ်မချမ်းသာမူများ ပေးလှသည်
မိုးတိမ် အမြင်မှန် ရလေပြီး
ချမ်းသာသော နည်းလမ်းအား သဘောပေါက်လေပြီး
ထို့နောက် ရွာသို့ ပြန်ခဲ့လေတော့သည်