မိုးလင်းလည်းသူပဲ မိုးချုပ်လည်းသူပဲ တရေးနိုးလည်းသူပဲ
အိပ်မက်ထဲထိရောက်နိုင်လွန်းသူ…
အလုပ်လုပ်ရင်းလည်းစက္ကန့်မလပ်သတိရပြီး
အချိန်တိုင်းပဲ စိုးမိုးနိုင်လွန်းတယ်။
တစ်နေ့တစ်ခါလောက်မှ တွေ့ခွင့်မရရင် အိပ်မပျော်စားမ၀င်နဲ့ စိတ်သွားတိုင်းကိုယ်မပါဖြစ်ရလွန်းလို့ ပုံမှန်လေးတော့လာတွေ့လှည့်ပါကွယ်။
တစ်ရက်ပြည့်အောင်ခွဲခွါလိုက်ရတဲ့ခါ ရင်ထဲမကောင်းလွန်းလို့ အလွမ်းသီချင်းလေးဖွင့်တစ်ယောက်တည်းလိုက်ညည်းနေမိတာ……
ဒါတွေသူသိရက်နဲ့ ခုလည်း ပြစ်ထားရက်ပြန်တယ်။
သူများတွေက ကလမလို့ခေါ်တာတောင်လိုက်မခေါ်ရက်ပဲ အားကိုးတကြီးနဲ့ အူးကာလို့သာခေါ်ခဲ့သူရယ်ပါ…
ကြာရီးပြစ်မထားပါနဲ့ အူးကာရယ်။ ချစ်သူတောင်အဲလောက်မမျှော်တတ်ခဲ့တာမို့ လာဖြစ်အောင်လာခဲ့ပါအုံးလို့ …