အားလုံးကို မင်္ဂလာပါလို့ ကျွန်တော် မောင်zawzawhtwမှ
နှုတ်ခွန်းဆက်သလိုက်ပါတယ်ခဗျာ။
အခုဆိုရင် ကျွန်တော်တို့(group)1ရဲ့ pro ရက်သတ္တပတ်က
ပြန်လည်လို့ ရောက်ရှိလာပါသဖြင့် ကျွန်တော်အပါအဝင်
အဖွဲ့သား အားလုံးဟာ အမျိုးမျိုးသော ရသမျိုးစုံတို့ ဖြင့်
ရေးသားပြသရမည် အချိန်အခါကို ရောက်ရှိလာသဖြင့်
ကျွန်တော်အခု * အိမ်မက်ထဲက နိုင်ငံနှင့် မြို့တော် *လို့
အမည်ရှိ ကျွန်တော်ရဲ့  ရေးသားပြသမှုကို တင်ပြ ပရစေဗျာ။
@@@@@@@@@@@@@
ကောင်းသောနေ့လေးတစ်နေ့သောနေ့ ရဲ့ ကောင်းသော ညလေးတစ်ညမှာ
ကျွန်တော်ဟာ အလွန် ဝမ်းသာကြည်နူးဖို့ ကောင်းသော
အိမ်မက်တစ်ခုကို ကျွန်တော် မြင်မက်မိ ပါတယ်ခဗျာ။
အိမ်မက်ထဲမှာ ကျွန်တော်ဟာ အရမ်းကို ထူးဆန်းတဲ့
Steemit နိုင်ငံဟုအမည်ရသော နိုင်ငံသို ကျွန်တော်
ယောင်လည်လည်နဲ့  ကျွန်တော် ရောက်ရှိ သွားပါတယ်ဗျာ။
- ဟာ အရမ်းကို ထူးဆန်းတဲ့ နိုင်ငံပါလားဟ steemit
နိုင်ငံတဲ့ နေရာတိုင်းမှာ ကျွန်တော်အတွက် အရမ်းကို
မှတ်သားစရာကောင်းတဲ့ စာပေရေးရာတွေနဲ့  ဘဝအတွက်
ကောင်းမွန်သော အတက်ပညာများစွာ ရှိနေပြီး အရမ်းကို
လေ့လာ နေချင်စရာ နိုင်ငံတစ်ခုလို့ ပြောပရစေဗျာ။
ကျွန်တော်လဲ ရောက်ရောက်ချင်း ဘာလုပ်လို ဘာကိုင်ရမှန်း
မသိဘူးလေ အသိကလည်း မရှိတော့ တစ်ယောက်ထဲ
ယောင်လည်လည်နဲ့  ကျွန်တော် ရရာအလုပ်ကို ရိုးရိုးသားသား
လုပ်ကိုင်နေရင်းနဲ့  အချိန်တွေ ကုန်ဆုံးခဲ့တယ်ပေါ့ဗျာ။
ဒီလိုနဲ့ ကျွန်တော်နေလာတာ 1လလောက် ကြာတဲ့
အချိန်မှာတော့ ကျွန်တော် ဘဝကို ခွန်အားတွေ ပေးမယ့်
အခြေအနေ တစ်ခုက ကျွန်တော်ကို ဖန်တီးပေးခဲ့ပါတယ်ဗျာ။
အကြောင်းအရလေးကတော့ ?
Steemit နိုင်ငံမှာ ကျွန်တော်တို့ Myanmar နိုင်ငံ သားတွေနဲ့ 
တွေ့ ဆုံခဲ့တယ်ဗျာ တော်တော်များများတွေခဲ့ပါတယ်ဗျာ။
ကျွန်တော် ဝမ်းသာစရာ တစ်ခုက မြန်မာနိုင်ငံသားတွေ
အများကြီး ရှိတဲ့အနက် Steemit နိုင်ငံရဲ့ ခေတ်မီ တိုးတက်လျက်
ရှိသော မြို့များစွာထဲက * MSC မြို့တော် * လို အမည်ရှိသော
မြို့လေးမှာ အလွန်ကို ခင်မင်ရင်းနှီးမှုနှင့် ပျော်ရွှင်စရာကောင်းသော
အလေ့အထ များနှင့် တစ်ဦးနဲ့တစ်ဦး ဟာ မသိကြပင်မဲ့လဲ
ညီကိုမောင်နှမတွေလို သဘောထားပြီး ချစ်ခင်ကြင်နာစွာ
နေထိုင်နေကြသော မြန်မာနိုင်ငံ သားများတွေ့လိုက်ရပါတယ်ဗျာ။
ကျွန်တော်လဲ ကောင်းမွန်သော မြန်မာနိုင်ငံသားများနှင့် တွေ့ တော့
သူတို့ နဲ့ နေပါရစေဆိုပြီး ခွင့်တောင်းရတာပေါ့ဗျာ။
ကျွန်တော် ကံကောင်းပါတယ်ဗျာ MSC မြို့တော် က တာဝန်ရှိ
လူကြီးတွေက ကျွန်တော်ကို ခွင့်ပြုချက် ပေးလို ကျွန်တောဟာ
နိုင်ငံ - Steemit
မြို့တော် - MSC
ရပ်ကွက် - (group) 1
ခြံအမှတ် - 161
အမည် -
အခုလိုမျိုး steemit နိုင်ငံမှာ MSC မြို့တော်ရဲ့
(group) 1 ရပ်ကွက် မှာ ခြံအမှတ် 161 နှင့် အတူ
အမည် -ဖြင့် stremit နိုင်ငံမှာ
နေခွင့်ရခဲ့ပါတယ်ဗျာ ။ကျွန်တော် ပြောဖို့ မေ့တော့ မလို့ ဗျာ
MSC မြို့တော်မှာ ရပ်ကွက် (4)ရပ်ကွက် ရှိပါတယ် ခဗျာ
(Group)1 ရပ်ကွက်
(Group)2 ရပ်ကွက်
(Group)3 ရပ်ကွက်
(Group) 4 ရပ်ကွက် တို့ဖြစ်ပါတယ် ခဗျာ။
ကျွန်တော်ကတော့ (Group)1 ရပ်ကွက်မှာ
အေးချမ်းသာယာစွာ နေထိုင်ပြီး (Group)1 ရဲ့
ရပ်ကွက် လူကြီး ဖြစ်တဲ့ ဦးမိုးဇော်ကြီးနှင့် သူရဲ့ အားထားယုံကြည်ရသော ရပ်ကွက် သာယာအေးချမ်းအောင်
အမြဲ ဆောင်ရွက်ပေးနေကြသော ပညာရှိ (5)ဦးတို့ နှင့်အတူ
ကျွန်တော်တို့ ရပ်ကွက်ဟာ အများနည်းတူ steemit နိုင်ငံကြီးမှာ
အောင်မြင်အောင် ကြိုးစားနေကြတာပေါ့ဗျာ ။
MSC မြို့ရဲ့ ထူးခြားမှုကတော့ဗျာ အရမ်းကို ထူးခြားတဲ့ ရည်ရွယ်ချက်
တစ်ခုကို အကြောင်းပြုပြီး steemit နိုင်ငံ ရောက်Myanmar လူသားများကို msc ဉက္ကဌကြီးက နေ့ စဉ် အလှည့်ကြစနစ်ဖြင့်
ရပ်ကွက်(4)ရပ်ကွက်ကို သူရဲ့ steemit နိုင်ငံက တာဝန်ရှိ လူကြီး
များနှင် သူရဲ့ လက်အောက်ငယ်သားများနဲ့အတူ myanmar နိုင်ငံသားများကို
ထောက်ပံ့ပေးတဲ့ သူတို့ ရဲ့ ထူးခြားတဲ့ ပံ့ပိုးမှုတွေကို
ကျွန်တော်တွေလိုက်ရတယ်ဗျာ ။လေ့လာကြားသိရတာတော့ဗျာ
Steemit နိုင်ငံ MSC မြို့တော်ရဲ့ ဉက္ကဌက မြန်မာနိုင်ငံသား
ဖြစ်နေတာကိုဗျ နောက်ပြီး သတင်းတစ်ခုက ကျွန်တော်တို့
မြန်မာနိုင်ငံ သားကြီးက steemit နိုင်ငံရဲ့ ဘုရင် သမီးနဲ့ 
ကြိုက်နေကြတယ်လို့ လဲ သတင်းရလိုက်တယ်ဗျာ။
ထိုအချိန်မှာဘဲ - ဇော်ရေ ထတော့လေ 6း00 ထိုးနေပြီ ထတော့*
ကျွန်တော် မိန်းမရဲ့ စကားသံချိုချိုလေးကို
ကြားမိလိုက်ပြီး ကျွန်တော်လဲ အိမ်မက်ကနေ
လန့် နိုးလာခဲ့ရပါတယ်ဗျာ။
အော် ဒါနဲဗျာ steemit နိုင်ငံ MSC မြို့တော်
ရဲ့ ဉက္ကဌ ကြီးက steemit နိုင်ငံရဲ့ ဘုရင်မနဲ့ 
ချစ်သူတွေ ဖြစ်နေကြတာ ဟုတ်လားလိုတောင်
မမေးလိုက်ရဘူးဗျာ နောက်နေ့ အိမ်မက်ထက်မက်လို ဥက္ကဌကြီးနဲ့ တွေရင် မေးဖြစ်အောင် မေးမယ်လို ကျွန်တော်လည်း
တွေးရင်းနဲ့  ...........
အားလုံးကို ကျေးဇူတင်ပါတယ် ခဗျာ။
နိုင်ငံ - steemit
မြို့တော်- MSC
ရပ်ကွက်- (Group)1
ခြံအမှတ် - 161
အမည် -
MSC-161