အားလုံးကို မင်္ဂလာပါလို ကျွန်တော် ဦးစွာပထမ နှုတ်ခွန်ုးဆက်သလိုက်ပါတယ်
ခဗျာ ကျွန်တော်အခုရက်ပိုင်းအတွင်း အကြောင်းအမျိုးမျိုးကြောင့် စာမရေဖြစ်ခဲ့
တာ တစ်ပါတ်လောက်ကြာခဲပြီဗျာ ဒါကြောင့်အခုချိန်ကစပြီး ကျွန်တော်စာပြန်
ရေးတော့မည်ဟု စိတ်ကူးမိပြီးအခုလို ရေးသားတင်ပြချင်တဲ့ အကြောင်းအရာ
လေးကတော့ #အလုပ်#
လို့ကျွန်တော်အမည်ပေးထားတဲ့
စာစုလေးကို ကျွန်တော် အားလုံးကို ချရေးသားပြလိုက်ပါတယ်ခဗျာ။
#အလုပ်#
ညီကိုတိုအားလုံးနဲ့ကျွန်တော်တို့အားလုံးဟာ ကိုယ်လုပ်တဲ့ အလုပ်ဟာ
ကိုယ်ရဲ့အကောင်းဆုံးစိတ်ထားနဲ့အကောင်းဆုံး အရည်အချင်းကို
ဖော်ပြနေတာ ဖြစ်ရမယ်လို့ကျွန်တော် ထင်မိတယ်ခဗျာ။
ဟုတ်တယ်လေဗျာ အကောင်းဆုံးစိတ်ထား အကောင်းဆုံးစေတနာနဲ့
လုပ်တာဟာ ကိုယ့်အတွက် ဘားမှဆုံးရှုံးမှု မရှိဘူးလျော့မသွားဘူး။
အကောင်းဆုံး ပေးလိုက်တာဟာ အကောင်းဆုံး ရလိုက်တာပဲ။
ကိုယ်ဟာ ကောင်းတယ့်သူဖြစ်လာတယ် အဲဒါဟာ အကောင်းဆုံး
ရလိုက်တာပဲ ပေးလိုက်ရတာဆုံးရှုံးသွားတာလို့မထင်နဲ့ ပေါ့ဗျာ။
နောက်ပြီး ကျွန်တော်တို့အားလုံးဟာ ဘယ်လိုအလုပ်မျိုးကိုဘဲလုပ်လုပ်
မိမိလုပ်တဲ့အလုပ်နဲ့မိမိကိုယ်ကို မိမိ လေးစားနိုင်အောင်လုပ်ကြမယ်ဗျာ။
ကိုယ်က သဘောထားမြင့်မြတ်သွားရင် ဘယ်အလုပ်ပဲလုပ်လုပ် အဲဒီအလုပ်က
ကိုယ့်ရဲ့ မြင့်မြတ်မှုကို အကောင်အထည်ဖော်ပေးနိုင်တာ ကျွန်တော်မြင်တွေ့ခဲ့ရ
ပြီး ကိုယ်လုပ်တဲ့အလုပ်က ကိုယ့်ရဲ့မျှတတဲ့စိတ်နဲ့အသိဥာဏ်ကိုလေးနက်အောင်
မြင့်မြတ်အောင် လုပ်ပေးပြီး အမြဲတမ်း စိတ်ချမ်းသာမှုရနေတော့ အလုပ်ကို
မပျင်းတော့ဘူးပေါ့ဗျာ။
ဒါကြောင့် ကျွန်တော်အမြင်အရ အလုပ်ဟာကိုယ်ရဲ့ စိတ်ထားမြင့်မြတ်မှုကို
ထုတ်ဖော်ဖို့အခွင့်အရေးတစ်ခုလို ကျွန်တော် မြင်ခဲ့ရတာပေါ့ဗျာ။
အလုပ်မရှိရင် ငါဘယ်သူလဲဆိုတာတောင် မပြောတက်တော့ဘူးဗျာ
အလုပ်မရှိရင် ဘဝဆိုတာ မရှိသလို စိတ်နေစိတ်ထားဟာလည်း
တည်ညိမ်မှု မရှိတက်ဘူးလိုလည်း ထင်မိပါတယ်ဗျာ။
ဒါကြောင့် ကိုယ်နဲ့ကိုက်တဲ့ အလုပ်တစ်ခုခုကို စိတ်ပါလက်ပါ လုပ်နေသင့်တယ်လို့ထင်မိတယ်ဗျာ ဒါမှ ကိုယ့်အလုပ်ကို ကိုယ်ကျေကျေနပ်နပ် လုပ်ရရင်
ကိုယ့်ကိုယ်ကိုယ် တော်တော် ကျေနပ်မှုရကြမှာ မလွဲပေါ့ဗျာ ဟုတ်ဘူးလား ?
ကိုယ်က ဘာလုပ်နေပြီး ဘာကြောင့်လုပ်နေတယ်ဆိုတာကို တကယ်
ပိုင်ပိုင်နိုင်နိုင် သေသေချာချာသိရတာလောက် စိတ်ကျေနပ်စရာကောင်းတာ
မရှိတော့ဘူး နောက်ပြီးကိုယ် ဘာလုပ်ချင်တယ်ဆိုတာကို ပြတ်ပြတ်သားသား
သိပြီး စိတ်ရောကိုယ်ပါ လုပ်နေမှ အလုပ်ဆိုတဲ့ အရာကို ရဲရဲဝံဝံရင်ဆိုင်နိုင်ပြီး
ဘဝအတွက် တိုးတက်မှုများ တွေ့ရှိနိုင်တာပေါ့ဗျာ။
ဘယ်အလုပ်ပဲဖြစ်ဖြစ် စိတ်နလုံးကို အပြည့်ပေးပြီးတော့ လုပ်ကြည့်ပါဗျာ
အဲဒီလိုဆိုရင် အောင်မြင်မှုဟာလုပ်ရသလောက် အကျိုးများတယ်ဗျာ။
ဟီးးးးး ကျွန်တော်လည်း ရေးရင်းနဲ့ရေးလို့ ကောင်းလို့ ရေးလိုက်တာ
အားလုံး အလုပ်လုပ်ချင်စိတ်တွေ ရနေကြပြီလားဗျ ကျွန်တော် ဒီရက်ပိုင်း
အလုပ် ဘက်ကို ပိုပြီးစိတ်ကို နှစ်ပြီးလုပ်လာလို့ အောင်မြင်မှု အနည်းငယ်
ရခဲ့တယ့်အတွက် အခုလို စာစုကို ရေးသားဖြစ်ခဲ့တာပေါ့ဗျာ။
ကျွန်တော်ရဲ့ အခုစာကိုဖတ်ပြီး အားလုံးရဲ့ အားပေးစကားသံများကို
ကြားချင်မိတယ်ခဗျာ စာကတော့ နဲနဲလည်သွားမှာ
ကျွန်တော်တောင် ရေးရင်းနဲ့ လည်လည်သွားလို့သိခံပြီးဖတ်ပေးပေါ့ဗျာ ဟီးးးး
အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော် zawzawhtwe
MSC.161