အမှတ်မရှိတဲ့ ကျွန်တော် ယခင်ပါတ်က အဆက်
ကျွန်တော်လဲ နောက်လလစာထုတ်ရင်ပေးလို ပြောပြီး
သူကို အစဉ်ပြေအောင်ပြုလုပ်ပေးခဲတာပေါ့ဗျာ
ကိုအောင်ကြီးကတော့ ကျေးဇူးအရမ်းတင်ပါတယ်ညီရယ်တဲ့
အခုလို အကိုကို ကူညီပေးလို အကိုညီရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ဘူတဲ့ ဗျာ ကျွန်တော်ကလဲ ရပါတယ်ဗျာ
အခုလိုကျွန်တော်ကူညီပေးထားလို အကိုက ပြန်ပြီးကူညီရမှာကတော့ ဒီလ လစာထုတ်ရင် အကိုပြန်ပေး
ရင် အကိုယ့်ကို ကျွန်တော်ကူညီရကျိုး နပ်ပါတယ်အကိုရာလို
ကျွန်တော် ပြောပြခဲ့ပြီး လကုန်ပြီ လစာထုတ်ပြီလေ
ကျွန်တော်အပါအဝင် ကိုအောင်ကြီးလဲ လစာထုတ်တယ်လေ
" ကိုအောင်ကြီး လစာကောင်းလားဗျို့"
ကိုအောင်ကြီးက ပြန်ပြီးပြောပါတယ်
" အေကွာ လစာကလဲ မှန်းသလောက်မရပါဘူးကွာ "
သူကျွန်တော်ကို ညာတာပါ သူလစာကို ကျွန်တော်က
သိနေတယ်လေ ဗျာ ဒီလသူလစာက အရင်လစာထက်
ပိုရတာ ကျွန်တော်သိနေတယ်လေ ဗျာ "
" ဟားးး ကိုအောင်ကြီုကတော့ နောက်တယ်ဗျာ
ဒီလ ကိုအောင်ကြီး လစာ ၆သိန်းကျော်တောင် ရတယ်ဆိုတာ
ကျွန်တော် သိပါတယ် ကိုအောင်ကြီး နောက်နဲ့နော်"
ကျွန်တော်လဲ သူနောက်နေတယ်ထင်ပြီး ကျွန်တော်ကတော့
ရီမော်ပြီး ပြန်ပြောလိုက်တော့မှ သူက
" ဟားး ညီကတော်လှချည်လားကွ အကို ရမယ်လစာကို
စုံစမ်းထားလိုလေ "
" စုံးစမ်းထားတာပေါ့ တော်ကြာ လစာမကောင်းလို
ညီရေ မင်းကူညီထားတဲ့ ငွေ ဒီလလဲ အကို မဆက်နိုင်ဘူး
ပြောနေမှာ ကြောက်လို့ ပေါ့ ကိုအောင်ကြီး ရ"
ကိုအောင်ကြီး ကျွန်တော်အခုလို ပြောလိုက်တော့
မျက်နှာနဲနဲ ပျက်သွားတာ ကျွန်တော်တွေလိုက်ရတယ်ဗျာ
" အေပါကွာ အကိုက ညီပြောတဲ့အတိုင်းဖြစ်နေပြီညီရေ"
" ဘာဖြစ်လိုလဲ ကိုအောင်ကြီး အစဉ်မပြေဘူးလား "
" အေ ဟုတ်တယ်ညီရေ အကိုငွေက မလည်သေးဘူး
ညီရေ ၂သိန်းလောက်ပဲ ညီကို ပြန်ပေးနိုင်မှာညီရေ
အကို ဒါကြောင့် ညီကို အားနာနေလို ညီအစဉ်ပြေပါမလား"
ကျွန်တော် တော်တော်လေးကို ညစ်သွားတာပေါ့ဗျာ
ကျွန်တော် အမေကလဲ သူရဲ့ ငွေ ပြန်တောင်းနေပြီ
ကျွန်တော် လစာထုတ်ရင်ပေးမယ်လို ပြောထားပြီးသား
နောက်ပြီး အသိတစ်ယောက်စီက အကူအညီတောင်းထားတဲ့
၂သိန်းကလဲ ပြန်တောင်နေပြီ ကျွန်တော် ဘယ်လိုလုပ်ရမလဲ
နည်းလမ်းမှ မရှိတာ ဒါကြောင့်
" အစဉ်မပြေဘူ ကိုအောင်ကြီးရေ ကျွန်တော် အားလုံးကို
လစာထုတ်ရင်ပြန်ပေးမယ်လို ကျွန်တော် ဂတိပေးပြီးနေပြီဗျ
ကျွန်တော် ပတ်ဆံ ၁သိန်းက မပေးသေးတာရတယ်
သူများစီက အကူအညီတောင်းထားတဲ့ ငွေတွေက
ပေးမှ ရမှာပါ အကို ကျွန်တော်ကို ကူညီပါနော်
၂သိန်းတော့ မလုပ်ပါနဲ့ ၎သိန်းလောက်ပေးပါနော်
ဒါတောင် ကျွန်တော်က ၁သိန်း စိုက်ပေးထားရမှာ
ဒါမှ တစ်ယောက်ကို ၃သိန်း နောက်တစ်ယောက်ကို၂သိန်း
ပေးလိုရမှာလေ ကိုအောင်ကြီးရ ကျွန်တော် ဂတိမပြတ်ချင်ဘူးဗျ "
ကျွန်တော်လဲ ပွင့်ပွင့်လင်းလင်းပြောပြီး သူကို အကူအညီ
ပြန်တောင်ကြည့်မိတယ်လေ
" ညီရယ် အကိုယ်လဲ အားနာပါတယ်ညီ အကိုယ်တစ်ကယ်
မလည်သေးလို့ ပါကွာ ညီ အကိုယ့်ကို ညီကြိုက်သလိုပြော
ပါကွာညီ အကိုညီကို တောင်ပန်ပါတယ် ညီ ဒီတစ်လလောက်
ထက်ပြီးကူညီပေးပါနော် ညီ"
ကျွန်တော်လဲ ဘာပြောလို ဘာလုပ်ရမလဲ မသိတော့ပါဘူးဗျာ
တစ်ဖတ်မှာ ပေးရမယ်လူတွေကို ကျွန်တော်က ဂတိပေးပြီးသာ
ဖြစ်နေ မပေးရင်လဲ ကျွန်တော်ရဲ့ ဂတိ ပြတ်ရမယ် အဖြစ်ရယ်
တစ်ဖတ်ကလဲ ဘယ်လိုမှ အစဉ်မပြေလို ထက်ဆင့် အကူအညီတောင်နေတဲ့ ကျွန်တော်အရမ်းကိုလေးစားချစ်ခင်ရတယ် အလုပ်ထဲက
လုပ်ဖော်ကိုင်ဖက် စိတ်ဆိုးလို့ လဲမရ မပေးလိုလမရဘူလို့ လဲ
ကျွန်တော်နှုတ်ကပြောမထွတ်တာနဲဘဲ ကျွန်တော် ဆုံးဖြတ်ချက်တစ်ခု ချပြီး ထက်ဆင့်ကူညီရုံမှ ဘာမှမတတ်နိုင်
တော့တဲ့အဆုံးမှာ ကျွန်တော်ရဲ့ ဒီလရတဲ့ လစာလေးအိမ်ကို
ပြန်မပေးနိုင်ခဲ့ဘဲ ကျွန်တော်ရဲ့ အားနာတတ်ပြီးသူတစ်ပါးကို
ကူညီတတ်တဲ့ ကျွန်တော် ဘယ်တော့များမှ ကံကောင်းမှာလဲဗျာ ကျွန်တော်က စေသနာကောင်းထာပြီး
ကူညီတယ် ဒါကိုတစ်ချိုလူတွေက အခွင့်အရေးယူတတ်ကြတယ်ဗျာ ကျွန်တော်စိတ်မဆိုးပါဘူး
ကျွန်တော်စေသနာကို အသိအမှတ်ပြုပေးပြီ ကျွန်တော့်ကို
အမြဲတန်း ခင်မင်နေရင်ကျွန်တော်ကျေနပ်ပါတယ်ဗျာ
ပါဖြစ်လိုလဲဆိုတော့ ကျွန်တော်ကူညီခဲ့တယ့်
လူတော်တော်များများက ကျွန်တော်ကို လမ်းမှာတွေရင်
ပြေးပုန်းရတာနဲ့ ရှောင်ထွတ်သွားရတာနဲ့ ဗျာ
ကျွန်တော်အရမ်း စိတ်မကောင်းဖြစ်မိတယ် ကျွန်တော်
အားလုံးကို ခွင့်လွတ်ပါတယ် ကျွန်တော်ကိုတွေ့ ရင်
အရင်လိုဘဲ ခင်ခင်မင်မင်နေပေးကြပါဗျာ
ကျွန်တော် ဒီလောက်ပဲ ရေးသားပြရစေဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ် zawzawhtwe
MSC-161
Photos-Facebook