အားလုံးကို မင်္ဂလာပါခဗျာ ကျွန်တော်အခုတစ်ပါတ်
အားလုံးကိုရေးသားပြချင်မိတဲ့ အကြောင်းအရာ
ကတော့ ကျွန်တော်ရဲ့ အားလပ်ရက်
ဒီနေ့ အလုပ်နားရက်ဆိုတော့ ကျွန်တော်အိပ်ရာထဲက
တော်တော်နဲ့ မထဘဲ မနက်၉နာရီလောက်ထိ မထဘဲ
အိပ်နေလိုက်တယ်ဗျာ ။ ကျွန်တော်ရဲ့ ချစ်ဇနီးကတော့
အလုပ်နားရက်ဆို ဈေးဝယ်နေကြဆိုတော့
ဘယ်ချိန်ထဲက ထွက်သွားလဲမသိပါဘူးဗျာ
ကျွန်တော် အိပ်ရာထထခြင်းဆိုဘဲ steemit ကို
အရင်ဖွင့်ပြီး ကြည့်မိတာတော့ နေစဉ်နေတိုင်း
အလုပ်တစ်ခုလို့ ဖြစ်နေလို့ လားမသိဘူး ☺ ☺
ဖွင့်ကြည့်ပြီး steemဈေးတွေ တက်တက်လာတာတွေ့ လေ ပိုပြီး အားအင်ဖြစ်စေတဲ့အတွက်
စာတွေရေးရတာ ပိုပြီးအားဖြစ်စေတယ်လေ
ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ အဖွဲ့ ရဲ့. Pro အတွက်
ကြိုတင်ပြီး ပိုစ့်တင်ရမယ့်နေဆိုတော ကျွန်တော်လည်း
ပိုစ့်တင်နိုင်ဖို့ ကြိုးစားရမည် ဖြစ်သဖြင့် စဉ်းစားနေတာက
ငါရဲ့ အလုပ်နားရက်ဖြစ်တဲ့အတွက် ကိုယ့်အကြောင်းဘဲ
ဒီတစ်ပါတ်ရေးမယ်လို့ စိတ်ကူးမိပြီး ကျွန်တော်
အိပ်ရာထ ကိုယ်လက်သန့်စင်ပြီး မိန်းမကို ဖုန်းဆက်
အကြောင်းကြားပြီး ကျွန်တော် မိဘအိမ်ကို အလည်
သွားခဲ့တယ်ဗျာနောက်ပြီးမိသားစုနဲ့ ထမင်းလက်ဆုံစားသောက်ခဲ့ပြီး ကျွန်တော်လည်းနေခင်း ၁နာရီလောက်မှာ အိမ်သို့ ပြန်မယ်ဆိုပြီး အမေနဲ့ အဖေကို နှုတ်ဆက်ပြီး
အိမ်သို့ ပြန်ခဲ့ပါတယ်ဗျာ။
အိမ်သိုအပြန် ကားဂိတ်မှာ ကားစောင့်နေစဉ်
ကျွန်တော်ရဲ့ ဖုန်းမှ
#လမ်းထိက်က ဆိုင် ငါထိုင်ငေးနေ ........#
ဖုန်းခေါ်သံကြောင့် ကျွန်တော်ဖုန်းကို ကြည့်လိုက်တော့
ကျွန်တော်ရဲ့အသိ .လူပျို ကြီး ဆက်တာတွေ့ တော့
ဟယ်လို လူပျိုကြီး ပြောပါ ဘာကိစ္စရှိလို့လဲဗျ
အေ ကိစ္စတော့မရှိပါဘူးကွာ အလုပ်နားရက်ဆိုတော့
ငါတို့လူစုပြီး ဘိလိယက် ထိုးကြရအောင်ကွာ မင်းအား
တယ်မလား ထိုးကြမယ်လေ
ထိုးမယ်လေ ကျွန်တော်အခု အမေ့အိမ်ကနေ
ပြန်ဖို့ ကားစောင့်နေတာ ဒါဆို တစ်ခါတည်း
ကျွန်တော် ဘိလိယက် ခုံကိုလာခဲ့မယ် လူပျို ကြီး
လူစုထားလိုက်တော့ ဒါဘဲနော် ကျွန်တော်ဖုန်းချလိုက်
တော့မယ်
အေအေ ဒါဆို ငါတို့ စောင့်နေမယ်
ကျွန်တော်လဲ အခုမှသတိရတယ် ဟာ ငါဒီနေ့
အားမှမအားတာကို မေ့နေတယ် ကျွန်တော်
ဒီနေ့ proအတွက် ကြိုပြီး ပိုစ့်တင်ရမယ်နေဆိုတာကို
မနက်ကတော့သတိရပါတယ်ဗျာ အပေါင်းအသင်းတွေ
ကခေါ်တော့လဲ ကျွန်တော် ၁နာရီလောက် သူတို့ နဲ့ 
အချိန်ပေးခဲ့ပြီး ပြန်ရမယ်ဆိုပြီး အကြံထုတ်နေတာပေါ့ဗျာ
လမ်းထိပ်ကဆိုင် ငါထိုင်ငေးနေ ငါတွေ့လိုက်တာ....
ကျွန်တော်ဖုန်းက မည်သံကြားသဖြင့် ကျွန်တော်
အလွန်ပျော်သွားတာပေါ့ဗျာ ကြည့်လိုက်တော့
ချစ်ဇနီးက ဖုန်းခေါ်ခြင်းဖြစ်တယ်.
ဇော်ရေ ဘယ်မှာလဲ အမေ့အိမ်မှာလား
ပြန်လာနေပြီးလား ဒီမှာ မိုးရွာနေလို လေလဲပါတယ်
အဲတာ အင်တနာတိုင် လေတိုက်ပြီး ကျိုးကျနေလို့
ပြန်လာခဲ့တော့နော်
လာနေပြီ မိန်းမရေ ရောက်တော့မယ် အခုမိုးခိုနေတာ
လမ်းထိပ်က ကွမ်းရာဆိုင်မှာ
အော် ပြီးရော် ပြီးရော်
မိန်းမဖုန်းချလိုက်ပြီးကျွန်တော်လဲ အားလုံးကို
အကြိုးအကြောင်းပြောပြီး မြန်မြန်အိမ်သို့ ထွက်ခဲ့ပါတယ်
ကျွန်တော် ပြောဖို့ မေ့သွားလို ခုနက မိန်းမဖုန်းလာတော့
ဘာဖြစ်လို့ ပျော်တာလဲဆိုတာကိုပြောဖို့မေ့တော့မလို့☺
အကြောင်းက ဘိလိယက်ထိုးတာက ၅ပွဲ၆ပွဲလောက်ထိ
ဆက်တိုက် ကျွန်တော်ကြီးဘဲ နိုင်နေတော့ ပြီးတော့
Steemit မှာ ပိုစ့်တင်ဖို့ ကလဲ ရှိသေးတယ်လေဗျာ
ဒီတိုင်းကြီး ပြန်ရင် မကောင်းသလို ဖြစ်နေမှာပေါ့ဗျာ
မိန်းမ ဖုန်းခေါ်လိုက်တော့ ကျွန်တော်အတွက် အားနား
စရာ မရှိတော့ဘူးပေါ့ဗျာ ☺
ဒီနေ့ မှ ဘိလိယက် ထိုးတာ ကံကောင်းတာဗျ
အရင်ပါတ်တွေက တစ်ပါတ်ကို ၄သောင်း၅သောင်း
ရှုံးနေကြဗျ ဒီနေ့ မှ ကံကပေးလို့ မနက်က ကျွန်တော်
အမေအိမ်ကို သွားတာ ငွေ ၂သောင်းလောက်ဘဲ
ပါသွားတာလေ ၁သောင်းက ကျွန်တော် ၃လုံးထိုးခဲ့ပြီး
တူတွေ မှန့်ဖိုးဘာညာပေးပြီး ကျွန်တော်မှာ
၆ထောင်လောက်ဘဲရှိတော့တာဗျ ☺
ဘိလိယက် ထိုးကြေးက ၅ထောင် ၁ထောင် ထိုးတာ☺
ပထမ တစ်ပွဲစာတောင် မရှိဘူး ကျွန်တော်မှာ ပါတာက
ကံကောင်းစွာ ၆ပွဲဆက်တိုက် နိုင်လိုက်တာ ☺
ထိုးတာက ကျွန်တော်အပါအဝင် အားလုံး၅ယောက်
ထိုးတာဆိုတော့ တစ်ပွဲကို ၄သောင်းအထက်လောက်
ရလိုက်လို့ ကျွန်တော်ဟာ
၂သိန်းကျော်၃သိန်းလောက် အနိုင်ရရှိခဲ့လို့ ကျွန်တော်
အိမ်အပြန်လမ်းဟာ တက်ကြွရွှင်လန်းနေပြီး
အိမ်ရောက်ရင် မိန်းမကို ငွေတွေပြပြီး ကြည်နူးလိုက်
မယ်ကွာလို့ တွေးပြီး ကျွန်တော်ပျော်ရွှင်နေခဲ့ရတဲ့
တစ်နေ့အဖြစ် ကျွန်တော်ရေးသားတင်ပြလိုက်ပါတယ်ခဗျာ အားလုံးလဲ စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီးအောင်မြင်သောနေ့တစ်နေ့ ဖြစ်ပါစေလို့ ကျွန်တော်
ဆုတောင်းပေးလိုက်ပါတယ်ခဗျာ... zawzawhtwe
MSC.161