နှစ်လုံး သုံးလုံး ချဲထီလောင်းကစားခြင်းသည်
စီးပွားရေး တစ်ရပ်ဖြစ်ပါသလား?
ပျက်စီးခြင်းသို့ ရှေးရှုနေသော လောင်းကစားတစ်မျိုး ဖြစ်ပါသလား?
ကျွန်တော်ဒီမနက် တရာတစ်ပုဒ် နားထောင်လိုက်ရတယ်ဗျာ အရမ်းကို ကောင်း
လွန်းလို့ ကျွန်တော် ပြန်ပြီး ကျွန်တော်ရဲ့ ညဏ်နဲ့ မှီသလောက် ရေးပြထားပါတယ်ဗျာ ။
ယနေ့ခေတ်တွင် ရုပ်မြင်ငံကြား ဂြိုတ်တုစလောင်းတို့ မှလာသော အစီအစဉ်များကို ဖမ်းယူ၍ ကိန်းဂဏန်း တီထွင်ကာ အလောင်းအစားလုပ်သူများ
များပြားနေသည် ဆိုတာ အားလုံးအသိ ဖြစ်ပါတယ် ။
လောင်းကစားခြင်းသည် လောဘမှ ပေါ်ထွက်လာသော ကံစမ်းခြင်းတစ်မျိုးဖြစ်သည်လို့လဲ မြင်မိတယ်။
ကံစမ်းခြင်းဆိုသည်မှာ မည်သည့်အခါမှ မသေချာပါဘူးဗျာ ဘာဖြစ်လိုလဲဆိုတော့
ကျွန်တော်ကိုယ်တိုင် အရင်က လောင်းကစားကို လုပ်ခဲ့ဘူးတာကြောင့်
အခုလို ပြောခြင်းဖြစ်ပါတယ် အားလုံးလဲ
လုပ်ဘူးတဲ့ လူတွေ သိကြမှာပါ။
အစိုးရမှ တရားဝင်ပြုလုပ်ပေးသော အောင်ပါလေသိန်းဆုများသည် ကံစမ်းခြင်းဖြစ်သော်လည်း ဆိုးဝါးသောအကျိုးကို မပေးနိုင်ပါ သင့်တင့်သော နှုန်းထားဖြင့် ရောင်းချသောထီလက်မှတ်များကို ဝယ်ယူထိုးကြခြင်းဖြစ်၍ ပေါက်လျှင်လည်း
တရားဝင်ငွေကြေး အများအပြားရရှိနိုင်တယ်ဆိုတော့ ထီများများ
ထိုးကြပေါ့ဗျာ ဟီးးးး
ချဲထီ လောင်းကစားခြင်းမှာမူ စိတ်မထိန်းနိုင်ဘဲ လောဘနောက်လိုက်လျှင်
လိုက်သလောက် အကုန်အကျများကာ
လိုက်လေဝေးလေ ထိုးလေရှုံးလေ ဖြစ်တတ်သည်။ရှုံးပါများလျှင် ရှိသမျှပစ္စည်း
အပေါင်အရောင်းလုပ်ကာ ငွေနောက်လိုက်သဖြင့် ပို၍ ရှုံးကြရပြန်သည်
လောင်းကစားဆိုသည်မှာ ဘယ်အမျိုးအစားမှ
သေချာပေါက်နိုင်မည် ရှုံးနိုင်မည် မသိပါဗျာ
ဒါကြောင့် လောင်းကစားခြင်းသည် တရားဝင်
စီးပွားရေးလုပ်ငန်းမဟုတ်သလို ရှုံးလျှင်မဲ၍
လိုက်ရင်းက စီးပွားပျက်ကာ အမှုအခင်းဖြစ်နိုင်သေးသည်အတွက်
စာရိတ္တပျက်ကာ လူကောင်းသူကောင်းတို့၏
အထင်သေးပစ်ပယ်ခြင်းကို ခံရသေးတယ်ဗျာ
မြတ်စွာဘုရားကလည်း လောင်းကစားခြင်း၏
အပြစ်၆ပါးကို ဟောပြတော်မူခဲ့ပါသည်
၁။ နိုင်ရင် ရန်များ၏။
၂။ရှုံးလျှင် ပူပန်ဆင်းရဲရ၏။
၃။မျက်မှောက်တွင်ရှိပစ္စည်းများ ကုန်ခန်း၏။
၎။မျက်မှောက်အရာမထင် လူရာမထင် ဖြစ်တက်၏။
၅။ မိတ်ဆွေကောင်းတို့ ရှောင်ရှားခြင်းကို
ခံရတတ်၏။
၆။ သားရှင် သမီးရှင်တို့ မလိုလားသဖြင့်
ထိမ်းမြားမှု အဆင်မပြေဖြစ်ရတတ်၏ ။
စသည်တို့ဖြစ်ပါသည် ခဗျာ။
ဒီမနက် တရားတစ်ပုဒ်၏ အကြောင်းအရာကို
အခြေခံပြီး ရေးသားပြခြင်းဖြစ်သဖြင့်
အမှားပါခဲ့လျှင် ခွင့်လွတ်ပေးကြပါလို့
ပြောရင် ကျွန်တော် ZAWZAWHTWE
msc.161