အားလုံးကို မင်္ဂလာပါဗျာ ဒီတစ်ပါတ်အတွက် ကျွန်တော်စာစုလေးကတော့ ကျွန်တော်ရဲ့ အိမ်ထောင်မကျခင်က ချစ်သူနဲ့ ချိန်းတွေ့ ခဲ့စဉ်က
အကြောင်းအရာလေးကို သတိရလို အခု ရေးသားပြလိုက်ရပါတယ်ဗျာ။ကျွန်တော် စိတ်ကူးထားတာက အခုတစ်ပါတ်အတွက်
ကျွန်တော် ဦးလေးရဲ့အကြောင်းကို မှီကိုးပြီး ဝတ္ထုရှည် တစ်ပုဒ်ရေးဖို့ 
စိတ်ကူးထားတာဗျ အခုက တိုက်ဆိုင်မှုတစ်ခုနဲ့  ဆုံခဲ့လို့ အခုလို
သင်္ကြန်ရောက်တော့မည် တစ်ချိန်က ကျွန်တော်အတွက် အရင်က
လူငယ်အရွယ် အချိန် ဒီလိုအချိန်မှာ ကျွန်တော်ရဲ့ ရီးစားဦးတစ်ယောက်ဖြစ်တဲ့ ညီမလေး တစ်ယောက်ကို သတိရမိလို အခုလို့ ရေးသားပြလိုက်ပါတယ်ဗျာ။
ကျွန်တော်ချစ်သူသည် ရွှေလက်မြဲမြဲတွဲပါမယ်လို့ 
ကျွန်တော်ကို လှိုက်လှိုက်လှဲလှဲ ဆိုခဲ့ပါတယ်ဗျာ
ကျွန်တော်ချစ်သူ၏ ထိုစကားတွေကြောင့် ကျွန်တော်တစ်ယောက် ရင်နှင့်အမျှ ဝမ်းသားပျော်ရွှင်ခဲ့ရသည်မှာ အမှန်ပေါ့ဗျာ။ ကျွန်တော်သည်
ကျွန်တော်သည် ကျွန်တော်ကောင်မလေး၏ အလှကို
တက်မက်စွဲလမ်းခဲ့မိသလို သူ၏အပြောချိုချိုလေးတွေကိုလည်း
သာယာစီးမျောခဲ့သည်မို့  ကျွန်တော်အပေါ် သူဟာ
- စေ *တစ်လုံး ပိုင်ခဲ့ပါတယ်ဗျာ။
ကျွန်တော်သည် ကျွန်တော်ချစ်သူကို အသည်းပေါက်မတက်
ချစ်ခဲ့သည်။ အကြောင်းမူ ကျွန်တော်ချစ်သူ၏ ဆိုစကားများနှင့်
သူ့ အချစ်ကို ယုံစားမိသောကြောင့်ပင် အသိနှီးနှောပြီးကြသည်လည်းပါတယ်ဗျာ။ သိလား အဲလောက်ထိကို ချစ်တာ ဟီးးးး - ကိုကို *
- ဗျာ *
- ညီမကို ချစ်ရဲ့လားလို့  *
သူ့ လက်မောင်းလေး တွဲခိုလို့ ကနွဲကလျ ပြောစကားလေးတွေက ချစ်စရာကောင်းလှတယ်ဗျ
သစ်ပင်ပေါ်က ငှက်ကလေးတွေက ကျွန်တော်တို့ ကိုကြည့်ပြီး
ပြောနေသည်မသိ အသံတွေ ဆူညံနေတယ် ဗျာ - ကျလိ ကျလိ *
- ချစ်ပါ့ *
- ကြည့်... ကိုကို .. မနောက်နဲ့ နော် *
- သြော်... ညီမရယ် ချစ်ပါတယ် ကိုကို အသက်လောက်ချစ်ပါတယ်ကွာ *
- သွား ..ယုံပေါင် *
နှုတ်ခမ်းလေးဆူ၍ သူဆိုသော်လည်း မျက်နှာလေးက
အပြုံးပန်းလေးမို့ ချစ်စရာ ဗျာ။ - ညီမရယ် ..ချစ်လိုက်ရတာ တုန်လို့  *ဟု ဆိုကာ
ကိုယ်လေးကို ထွေးပွေ့ ၍ မို့ သောပါးလေးကို
မွှေုးကြူမိသော်လည်း သူကြည်ဖြူခဲ့၏။ - ကို ကို *
- ဗျာ *
- ညီမကို ကိုကို့ မေမေနဲ့ တွေ့ ပေးမယ်ဆို ဘယ်တော့လည်း
ညီမလေး စိတ်မရှည်တော့ဘူးနော်*
ကျွန်တော် သက်ပြင်း ချနေရတယ်ဗျာ
- ဟင် .ကြည့်စမ်း...ကိုကိုသက်ပြင်းတွေ ချနေတယ်
ညီမကို မခေါ်ချင်ဘူးပေါ့ ဟုတ်လား *
ခြေကလေးဆောင့်ကာ ကျွန်တော်ရင်ခွင်က ရုန်းထသည်။
ခြေကလေးဆောင့်၍ ဒေါသူပုန်ထသည့်ပုံလေးပင် သူက
ချစ်စရာကောင်းနေသေတယ်ဗျ ကျွန်တော် သူ့ ကိုကြည့်ကာ
ပြုံးသည် သြော်...နွဲ့ ဆိုး ဆိုးတက်တဲ့ ချစ်သူရယ်။
- မေမေနဲ့ တွေ့ ပေးဖို့ ခေါ်ချင်တာပေါ့ အချစ်ရယ် ဒါပေမဲ့
ကိုကိုတို့ က ဥစ္စာပစ္စည်းမပြည့်စုံတော့ ခေါ်ရမှာ မဝံ့မရဲ
ဖြစ်နေလို့ ပါ ညီမရယ် *
ကျွန်တော် အသံတိုးညင်းသွားသလို သူက ကျွန်တော်ရင်ခွန်ကို
တွန်းဖယ်ကာ ပခုံးနှစ်ဖက်ကို လှုပ်ခါ၍ ဝမ်းနည်းသံလေးနှင့်ဆိုသည်။
- ကိုကို..ညီမ ကိုကို့ ကိုချစ်တာလေ ဂုဏ်ပကာသနကို
ချစ်တာမဟုတ်ပါဘူး ညီမကို အထင်မသေးပါနဲ့ နော်
ညီမကို ကိုကိုသစ္စာရှိနေရင် အားလုံးပြည့်စုံတယ် သိလား*
ဒေါသလေးနှင့် ညီမက ဆိုသည် သူ့ ပါးပြင်လေးမှာတော့
မျက်ရည်စတွေနဲ့ ပေါ့ဗျာ။
အို့ .ညီမ ဘာလို့ မျက်ရည်ကျရတာလဲ အချစ်ရယ် ညီမရဲ့
အချစ်ကို ကိုကိုယုံပါတယ် တိတ်တော့ ဟိုမှာ ငှက်ကလေးတွေ
ကြည့်ပြီး ကျလိကျလိ ပြောနေကြတယ် ကောင်မလေး
ရှက်လည်း မရှက်ဘူး *သွား..ကိုကို လူဆိုး *
ကိုကို့ ကို ညီမချစ်တယ်မဟုတ်လားဟင် *
ချစ်တယ် ကိုကိုရယ် *
သြော်..ညီမ ရယ် ..ကိုကို့ အချစ်လေးရယ် *
ကဲသူငယ်ချင်များ အားလုံးကို ကျွန်တော်ရဲ့ အချစ်ဇာတ်လမ်း
လေးတစ်ပှဒ်ကို ဖော်ပြပေးခဲ့ပါတယ်ဗျာ။
သူငယ်ချင်းတို့ အားလုံးရော အခုလိုမျိုး ဖြစ်ခဲ့ဖူးလားဗျို
ကျွန်တော်မေးကြည်တာနော် ဟီးးးးး
ဒါပင်မယ့် ကျွန်တော်အခု မိန်းမရတော့ သူနဲ့ မဟုတ်ဘူးဗျာ
အခြေအနေ အကြောင်းကြောင်းပေါ့ဗျာ ဟီးးးးးး
ကျွန်တော်စာလေးကို ပြီးအောင် ဖတ်ရှုပေးတဲ့ သူငယ်ချင်း
အားလုံးနှင့် အခုလို ဇာတ်လမ်းလေး ပေါ်ပေါက်လာအောင်
ဖန်တီးပေးခဲ့တယ့် ကျွန်တော်ရဲ့ ကောင်းမလေး (*****)
ကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောရင် ကျွန်တော်ရဲ့စာစု
လေးကိုအဆုံးသက်ပေးလိုက်ပါတယ်ဗျာ။
စာရေးသူကျွန်တော် zawzawhtwe
MSC _161