နာမည်လေးကဆန်းသလို လူကလဲသွက် အသံလေးကစနက်တစ်ကျနဲ့ နားထောင်လို့ကောင်းရဲ့ စိတ်ကလေးကလဲ ဆက်ဆက်ကြဲမို့ ချစ်စရာကောင်းလွန်းလို့ ကြိုက်မိပီ
ပြောရင်လွန်အုံးမလားလေ မြန်မာ့တီးဝိုင်းနဲ့ မြန်မာ့သံစဉ်ကို လှလှပပ ဖော်ကြူး နိုင်တဲ့ ညီမငယ်တစ်ယောက်ပါပေ အသက်ကလဲ မြန်မာ့အမျိုးသမီးဆိုင်းဝိုင်းလောကမှာ သူအငယ်ဆုံးလို့ ပြောရလောက်အောင် အသက်က ၁၀
နှစ်ဝန်းကျင်ပဲ ရှိပါသေးတယ် သူ့အသံနဲ့ သူ့စီးရီးဟာ
မထင်မှတ်လောက်အောင်ကို အောင်မြင်ခဲ့တော့ မနေ့
ညက ပျံလွန်တော်မူသွားတဲ့ ဦကုသလ မထေရ် မွေးနေ့အထိမ်းမှတ်ရယ် မင်္ဂလာအုတ်ကျောင်းဆောင် ရေစက်ချပွဲမှာ သူ့ဆိုင်းပွဲမှာ သွားကြည့်ဖြစ်လိုက်တယ် ဆိုင်းဝါ
သနာ ပြင်းထန်သလားမမေးနဲ့ ဆိုလောက်အောင် ထပ်ခါ
ထပ်ခါ လက်စွမ်းပြလေရဲ့ မြန်မာ့အနုပညာ မြေ၀ိုင်းခေတ်က စခဲ့တဲ့ ဘိုးဘွားတွေတောင် ချီးကျူးကြမှာ အသေချာပါပဲ အစပိုင်း သင်ဆရာတွေကို ဦးခိုက်ပူဇော်သီချင်း
ဆိုပီးတော့ ရှေ့ထွက်မင်းသမီးအနေနဲ့ မိုးအိအိမွန် ကညာပျို လေးကလဲ အကအလှနဲ့ ဆွဲဆောင်ခဲ့တော့
ည ၁၁ နာရီ သူတို့သိမ်းမှ ပြန်ရလေတယ်
လူရွှင်တော်တွေကလဲ ဦးလူချောနဲ့ သူ့သားကိုယ်တိုင်
ဆိုတော့ ရီရတာလဲ ပရိတ်သတ်တွေကို တစ်မျိုးဆွဲဆောင် နိုင်ခဲ့ပါတယ် ဒါပေမဲ့ ညီမငယ်လေး ဇူးဇူးစံကတော့
မင်းသမီးအနေနဲ့ မထွက်ခဲ့ပါဘူး အချိန်မရတော့လို့ စောစော ပြန်သွားပါတယ် ဒါပေမဲ့ အဆိုအတီးကောင်းလို့
နားထဲမှာ ကြားယောင်နေရအောင် တန်ခဲ့ပါတယ်
ညီမငယ်လေးလဲ ၀ါသနာပါတဲ့ အလုပ်ကို အာသွန်ခွန်စိုက် အမြဲဖြည့်ဆည်းနိုင်ပါစေလို့ တောင်းဆုဆိုမိပါတော့သည် ။
Original Writer JulyBrave
End Writing 10:35
Aug 11 17