မင်္ဂလာပါ။ Covid-19 နှင့်ပတ်သက်၍ ယနေ့အချိန်ထိ နိုင်ငံတကာသတင်းများတွင် ဤကူးစက်ရောဂါနှင့် ဆက်စပ်သော သတင်းများက ထိန်းတန်းတွင်နေရာယူလျက်ရှိပါသည်။ ထို့အပြင် Facebook တွင် ကြည့်ရသော အိန္ဒိယသတင်းဌာန တခု၏ မေးခွန်းထုတ်ချက်များကလည်း သတိထားစရာ ဖြစ်စေပါသည်။
အကယ်၍ ဝူဟန်ရောဂါခေါ် Covid-19 , ကူးစက်ရောဂါသည် လူလုပ် ဗိုင်းရပ်စ် မှ ဖြစ်ပေါ်လာခြင်း ဖြစ်လျင် ကျွန်တော်တို့၏ ပနာဂတ်သည် များစွာမရေမရာ ဖြစ်နေပြီဟု ယူစရတော့မည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ဤလက်နက်သည် စီးပွားရေး၊ လူမှုရေး၊နိုင်ငံရေး တို့တွင် မည်မျှကသောင်းကနင်း ဖြစ်စေသည်ကို မိမိတို့ လက်တွေ့ကြုံနေရပြီ ဖြစ်ပါသည်။
ဤ Covid-19 နှင့်ပတ်သက်၍ တရုတ်လူမျိုးတို့နှင့်ပတ်သက်သော အတွးတခု ကျွန်တော့ခေါင်းထဲတွင် ရောက်လာခဲ့ပါသည်။ ထိုအရာမှာ တရုတ်တို့ မည်မျှတိုးတက်သွားသနည်း။ အဘယ့်ကြောင့်ထိုမျှတိုးတက်လာသနည်း ဟူသော အတွေးတခုဖြစ်ပါသည်။
ဤ အကြောင်းအရာနှင့်ပတ်သက်၍ ကျွန်တော်ဝေမျှစရာ အကြောင်းသုံးခုရှိပါသည်။ ပထမဆုံး အကြောင်းအရာမှာ တရုတ်တို့၏ နိုင်ငံရေး ခံယူချက်နှင့် ပြင်ဆင်ချက်ဖြစ်ပါသည်။ ယခင်က တရုတ်အစိုးရအနေဖြင့် ကလေးတယောက်သာ ယူရသော ပေါ်လစီရှိခဲ့ပါသည်။
ဤကလေးတယောက်သာ ယူရသော ပေါ်လစီ၏ အကျိုးဆက်မှာ သားယောကျားလေးများသာ ယူကြသဖြင့် ထိုသူတို့အရွယ်ရောက်လာသောအခါ တရုတ်ပြည်မတွင် လုံလောက်သော အမျိုးသမီး အရေအတွက် မရှိတော့ပါ။ ထို့ကြောင့် ထိုသကောင့်သားတို့သည် တရုတ်ပြည် ပြင်ပရှိ တရုတ်အမျိုးသမီးများအား မျက်စပြစ်လာကြပါတော့သည်။
တိုင်းနိုင်ငံအသီးသီးတွင် တရုတ်လူမျိုးတို့ ရှိကြသည်ဖြစ်ရာ ထိုတိုင်းနိုင်ငံ အသီးသီးရှိ တရုတ် အမျိုးသမီးများကို ပြည်မ တရုတ် သကောင့်သားများ ယူကြခြင်းဖြင့် အဝေးရောက်နေသော တရုတ်တို့နှင့် ပြည်မသားတို့ တစုတစည်းတည်း ပြန်ဖြစ်စေခဲ့ပါသည်။
ထို့အပြင် ထိုကလေးတယောက်သာယူရသော ပေါ်လစီတွင် တရုတ်အစိုးရက ထိုမွေးဖွားလာသော ကလေးအား အထူးဆေးတမျိုး တိုက်ကျွေးသည်ဟု ဆိုပါသည်။ ထိုဆေးမှာ ရောဂါဘယ မျိုးစုံ ခံနိုင်ပြီး ညာဏ်ရည်ထက်မျက်စေသော ဆေးတမျိုးဖြစ်ကြောင်းသိရပါသည်။
အဘယ့်ကြောင့် ကျွန်တော်ထို အကြောင်းအရာ သိနေရပါသနည်းဆိုလျင် စင်္ကပူ တွင် နေထိုင်နေသော ကိုဆန်းလင်းပြောပြခြင်း ဖြစ်ပါသည်။ သူ့အနေဖြင့် ထိုဆေးဝါး အကြောင်းကို စင်္ကပူနေ တရုတ်လူမျိုးတို့ထံမှ သိထားပြီး ဖြစ်ရာ ငွေကြေးမည်မျှဖြင့် ပေးဝယ်စေကာမူ တရုတ်ပြည်မမှ တရုတ်လူမျိုး မဟုတ်သူတို့ထံ လုံးဝချရောင်းမပေးကြောင်း ကိုဆန်းလင်းပြောပြ၍ သိရခြင်း ဖြစ်ပါသည်။
အခြား အကြောင်းအရာ တခုမှာ တရုတ်တို့ အခြားနိုင်ငံတွင် စိမ့်ဝင်မှုအကြောင်း ဖြစ်ပါသည်။ ကျွန်တော် စင်္ကပူ တွင် နေထိုင်စဉ်က ကျွန်တော့ ညီမလေး စင်္ကပူတက္ကသိုလ် တက်ရန် သွားရောက်အာမခံပေးခဲ့ရပါသည်။ ကျောင်းအပ်သောနေ့တွင် ကျွန်တော်အပါအဝင် ညီမလေး၏ အလုပ်ရှင် သူဌေးကလည်း အာမခံ လက်မှတ်ထိုးပေးရန် တက္ကသိုလ်ကျောင်း သို့လိုက်လာပါသည်။ ကျွန်တော်တခုသတိထားမိသည်မှာ ကျောင်အပ်နေကြသူ ၈၀% မှာ တရုတ်ကျောင်းသားများ ဖြစ်နေခြင်း ဖြစ်ပါသည်။
အခြားအကြောင်းအရာတခုမှာ နိုင်ငံတကာတွင် တရုတ်တို့၏ အကြောင်းကြာသိနေရခြင်း ဖြစ်ပါသည်။ အရှေ့တောင်အာရှနိုင်ငံတို့တွင် တရုတ်တို့ အကြောင်းအားလုံးသိပြီးဖြစ်ပါသည်။ ဗီယက်နမ်တွင် တရုတ်တို့မွှေသည့်အကြောင်း ကျွန်တော်ဆောင်းပါးရေးဖူးပါသည်။
မလေးရှားတွင် တရုတ်တို့ မွှေသောကြောင့် နာဂျစ် အစိုးရ ခွက်ခွက်လံအောင် ရှူံးနိမ့်သွားခဲ့ရပါသည်။ မြန်မာပြည်... အထူးပြောစရာမလိုပါ... တရုတ်ကြောက်ရသော အခြေအနေသို့ သက်ဆိုင်သူတို့ ကြေညာခဲ့ခြင်းကို အားလုံး အသိ ဖြစ်ပါသည်။
ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သော အကြောင်းအရားများအား ကြည့်ခြင်းအားဖြင့် စာဖတ်သူ မိတ်ဆွေ အကြမ်းဖျင်း သဘောပေါက်လိမ့်မည်ဟု ယုံကြည်ပါသည်။ အီသီယိုးပီးယားတွင် တရုတ်တို့ခင်းပေးသော အဝေးပြေးလမ်းသည် မည်မျှကောင်းကြောင်း နေပြည်တော် အဝေးပြေးလမ်းနှင့်ယျဉ်၍ ပြကြပါသည်။ သို့သော် အဖရိကတွင် ရွှေခိုးတူးသူ တရုတ်တို့ မည်မျှ ရောက်နေကြောင်း မည်သူမျှသတိမထားမိကြပါ။
ကျွန်တော်ငယ်စဉ်က ဗန်မော်နှင့် မိုးမောက်သို့ ခရီးသွားခဲ့ဖူးပါသည်။ ဗန်းမော်တွင် ဆွေမျိုးများရှိသလို မိုးမောက်တွင်လည်းရှိပါသည်။ ငာ်စဉ်က ထိုခရီးလမ်းသွားရာတွင် လမ်းတဖက်တချက် ကြီးမားသော ကျွန်းပင်ကြီးများဖြင့် အုပ်ဆိုင်းနေခဲ့ပါသည်။
ကျွန်တော် အရွယ်ရောက်၍ နောက်တခါ ထိုလမ်းကို ကားမောင်း၍သွားခဲ့ရစဉ်.... လမ်းကာ အလွန်ကောင်းမွန်ပါသည်။ သိုသော် လမ်းဘေးဝဲယာရှိ ကျွန်းပင်တို့ကာ အမြစ်ပင်မကျန်ပါ။ မေးကြည့်မိပါသည်။ လမ်းကာ တရုတ်တို့ အလကားဖောက်ပေးသောလမ်းဖြစ်၍ ဘေးဘီဝဲယာတွင် ကျွန်ပင်တို့ကာ အမြစ်ပင်မကျန်တူးယူခံရကြောင်း မှတ်သားရမိခဲ့ပါသည်။
အဘယ့်ကြောင့် ကျွန်တော်သိနေရသနည်းဆိုလျင်.... ကျွန်တော်ချစ်သာ ဧရာဝတီကို စတေးလိုက်ရသောကြောင့် ကျွန်တော်သိနေခြင်း ဖြစ်ပါသည်။ ဤ ဆောင်းပါးသည် လူမျိုးရေးမုန်းတီးသော ဆောင်းပါး မဟုတ်ပါ။ သို့သော် အနီ အစိမ်း ကွဲနေကြသူတို့အားသိစေချင်ပါသည်။ ကျွန်တော် ကချင်လူမျိုး ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ပါသည်။
Henry Aung ( kachin )