ညီမလေးရေ. . .
တစ်ကြိမ်ကျရှုံးသွားတိုင်း
ကျရှုံးတာမှ မဟုတ်တာကွယ်
နောက်တစ်ကြိမ်
အမြင့်ကိုပိုရောက်နိုင်အောင်
အနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်တာပါ. . .
လဲကျတိုင်းသာ မထခဲ့ဖူးဆို
အခုလောက်ဆို ရွှံ့နွှံထဲ
နစ်နေမှာပေါ့
လဲရင် ထဖို့အတွက်
သဘာဝက ပေးထားတဲ့
ခွန်အားတွေ အများကြီးပါ ညီမလေးရေ. . .
ကဲ့. . . ကျခဲ့တဲ့ မျက်ရည်တွေသုတ်ပစ်ပြီး
မနက်ဖြန်ကို ခွန်အားအသစ်တွေနဲ့
ပြန်ထွေးပိုက်ကြမယ်နော်. . .
ခြေလှမ်းတွေ ပုံမှန်ထက်အားနှစ်ဆထည့်ပြီး
ဆက်လျှောက်ကြမယ်. . .
အသက်တွေ ဝအောင်ရှုပြီး
အနာဂတ်ပျိုးခင်းအတွက်
ပစ္စုပ္ပန်မျိုးစေ့လေးတွေကို
ရေလောင်းကြမယ်
ဘေးနားက ပေါက်ပင်လေးတွေကို
ဖယ်ရှားရင်းနဲ့ အနာဂတ်အပင်လေးတွေ
မထိခိုက်အောင် တို့တွေစိုက်ပျိုးကြမယ်. . .
photo credit - facebook
Author- Pannthiri
myanmar steemit