တနေ့တနေ့ အလွမ်းတွေကို အဖော်ပြုရင်း ရှင်သန်နေရတာ ပင်ပန်းလိုက်တာဟာ။
ငါက မိန်းကလေးမို့ လွမ်းရုံပဲတက်နိုင်တာ။
နင်လာမယ့်လမ်းကိုမျှော်ရင်း နင်ပို့လာမယ့်စာတိုလေးတွေကိုမျှော်ရင်း တဖြေးဖြေးနဲ့ ငါလဲ ကူကယ်ရာမဲ့ ဆန်ကုန်မြေလေး အလွမ်းသမား ဖြစ်လို့နေပြီ။
လိပ်ပြာလေးတွေရယ် သတင်းစကား ဆောင်ကျဉ်းပေးကြပါလားကွယ်။
ငှက်ကလေးတွေရယ် ငါ့ရဲ့အလွမ်းတွေကို တေးတွေအဖြစ် သီကုံးပြီး သူကြားအောင် သီကျူးပေးကြပါလားကွယ်။
ဆိုက်ကယ်သံတွေများ ကြားရရင် နင်များလားလို့ ကြည့်ရတာလဲ မောလှပြီ။
ပိတောက်တွေကိုသစ္စာတည်ပြီးပြောခဲ့တဲ့ မေတ္တာတေးချင်းတွေကို သင်္ကြန်ရောက်လို့ ပိတောက်တွေ တွေ့ရင် ပိုပိုလွမ်းတယ်။
လေအနွဲ့ ခြေအလှည့်မှာ
အသဲကြွေ ပြုံးတပွင့်ကို
ရက်တွေလွန် နှစ်တွေပြောင်းလဲ
ဒီရင်မှာ မေ့မရခဲ့
ကြွေအသဲ ပွင့်ပြုံးပန်းကို
မျှော်နေဆဲ ရင်ခုန်ဆဲမို့
ကြင်သူရယ် မုန်းမေ့မှာစိုး။