![image](
ကျွန်တော်ဒီစာလေးကိုရေးလိုက်ရတာက အွန်လိုင်းငွေရှာ
ကြတဲ့သူတွေထဲက freeသမားတွေကို အဓိကရည်ရွယ်ပါ
တယ်။
steemitမှာ
အများစုက ကျွန်တော့်လိုပဲ အွန်လိုင်းငွေရှာလောကက
လူတွေများမယ်ပဲ ထင်ပါတယ်။
ကျွန်တော်တို့ အားလုံး အပိုဝင်ငွေလိုချင်ကြတယ်။
ကျောင်းသားတွေဆိုရင်လည်း ကျောင်းသားအလျောက်၊
အလုပ်လုပ်နေတဲ့သူတွေဆိုရင်လည်း အလုပ်လုပ်နေကြသူ
တွေအလျောက် လိုချင်ကြတယ်။
![image](
အွန်လိုင်းငွေရှာကြတဲ့နေရာမှာ တချို့ကတတ်နိုင်တယ်။
အရင်းအနှီးစိုက်နိုင်ကြတယ်။
တချို့တွေက အရင်းအနှီးအများအပြားမတတ်နိုင်ဘူး။
Freeကိုပဲ အားကိုးရှာနေရတယ်။
ကျွန်တော့်လိုပေါ့။
Satoshiတွေ claimကြတယ်။
ထုတ်ရတာ မရတာ အသာထား။
Postတွေတင် refတွေရှာကြတယ်။
အချိန်ကြာလာတော့ ထုတ်မရဘူးလဲဆိုရော အချိန်တွေကုန်
သွား ဘေတွေကုန်သွားတာပဲ အဖတ်တင်တယ်။
ဘယ်mining siteက free sign up bonus
ပေးထားတယ်။
refရှာဦးမှဆိုပြီး postတွေ နင်းကန်တင်ပြီးရှာကြရတယ်။
အချိန်တန်တော့ siteကပျက်သွားတယ်။
ဒီကြားထဲ ရှိစုမဲ့စုနဲ့ power ဝယ်ထားလိုက်ရင် ပါသွားပြီပေါ့။
Daily plan siteတွေမှာ ရင်းကြတယ်။
အများကြီးမတတ်နိုင်ကြလို့ ကိုယ်ငွေ့ကို ကြောက်ကြောက်နဲ့
ပွားအောင်လို့ ရင်းကြတယ်။
အချိန်တန်တော့ scam ဖြစ်ပြီး ပါကြရတယ်။
![image](
တကယ်ရတဲ့ siteတွေ
PTC siteတွေ တတ်နိုင်တဲ့သူတွေ referal တွေငှါး
ဝယ်ပြီး $အများအပြား ထုတ်နေကြတဲ့အချိန်မှာ
Free သမားတွေကတော့ minimum ထုတ်လို့ရတဲ့
Amount 1$ 2$ မနည်းပြည့်အောင် click refတွေရှာ
နေကြရတယ်။ အချိန်တော်တော်ကြာမှ 1$ရ 2$ရနဲ့
ဘေဖိုးတောင် ကာမိကြပါ့မလား မပြောတတ်ပါ။
တစ်ခါတစ်လေ လောဘတက်ပြီး မဆင်ခြင်နိုင်တော့တဲ့
Postတွေလဲ တွေ့မိပါတယ်။ လူတစ်ယောက်ခေါ် 1$၊
Minimum withdraw 100$ဆိုတာမျိုးတွေပေါ့၊
တကယ်သေချာ စဉ်းစားကြည့်ဗျာ။ဘယ်သူကအဲ့လောက်ကြီး ပေးမလဲ။
ဒါပေမဲ့လည်း 100$ဆိုတာ ရလဲမနည်းဘူးဆိုဘူး လောဘနဲ့ဆိုတော့ မဆင်ခြင်နိုင်ကြတော့ဘူး။
နောက်ဆုံးမှာတော့ အချိန်တွေပဲ ကုန်ကြရတယ်။
ကျတော်လဲ freeတွေ လိုက်လုပ်နေခဲ့တာပါ တစ်ချိန်က။
အဲ့ဒါကြောင့် အချိန်တွေလဲ ကုန်ခဲ့ပါတယ်။
အခုကတော့ တကယ်ခိုင်တဲ့ site တစ်ခု၊bitcofarmမှာပါ
အဲ့ဒီမှာပဲ မွေးမြူရေးပေါ့၊ကြက်တစ်ကောင်ကနေ ခုနှစ်ကောင် ဖြစ်လာပြီ။ တစ်နေ့ 0.0002ဝင်နေပြီ။
AD clickတာနဲ့ဆို 0.0003ဝင်တယ်။
ဒါတောင် တစ်ခါတစ်လေ ပျင်းလို့ မclickဘူး adကို။
ကြက် နောက်တစ်ကောင်မြန်မြန်ဝယ်နိုင်အောင်ဆိုပြီး
သူပေးတဲ့ ADတွေ clickတယ်။တန်လဲတန်တယ်။
အဲ့ဒီsite ရယ် အခု steemitရယ်မှာ စာရေးတယ်ပေါ့။
ဒါပဲလုပ်နေတယ်။နောက်ပိုင်း $များလာရင်တော့ptc site
တွေမှာ referal တွေ rentလုပ်ပြီး $ရှာမယ်စိတ်ကူးထား
ပါတယ်။ free ဘဝကလာတဲ့သူဆိုတော့ တစ်ခါတစ်လေ
တစ်ခါ claim ဘယ်လောက်ရမယ်ဆိုတဲ့Postတွေတွေ့ရင် မနေနိုင်ဘူး။ လုပ်ချင်သေးတယ်။ကိုယ့်ဟာကိုယ်ပဲ ချင့်ချိန်
ရတာပေါ့။
အဲ့ဒါကြောင့် ကျွန်တော်အဓိကပြောချင်တာလေးကတော့
တကယ်ရတဲ့ဟာဆိုရင်တော့ လုပ်ပါ။
ပေးရတဲ့အချိန်နဲ့လည်း တန်တယ်။
တကယ်လဲရတယ်ဆို။
မသေချာ မရေရာတာတွေကိုတော့ မလုပ်စေချင်တော့ပါဘူး။
ဘေကုန် အချိန်ကုန် လူပင်ပန်းနဲ့ ဖြစ်ပြီး အရှုံးတွေသာကျန်
ခဲ့ပါလိမ့်မယ်။
အားလုံးပဲ လောဘနောက်ကို မလိုက်ဘဲ အသိညဏ်လေးနဲ့
ဆင်ခြင်ပြီး တွေးတောစဉ်းစားသုံးသပ်ပြီး လုပ်ကြပါလို့
တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။
ပုံလေးထဲကအတိုင်းပြောရမယ်ဆိုရင်တော့
Free not equal freeပေါ့ဗျာ
မြန်မာsteemit မိသားစုဝင်အားလုံး ကျန်းမာချမ်းသာပြီး
တော့ Steemitမှာအောင်မြင်ကြပါစေ
Photo Credit from