ချစ်သွားခဲ့တယ်..
မောင့်ရဲ့ အပြုံးလေးတွေ
မောင်နမ်းဖူးတဲ့ အနမ်းတွေ
အမှတ်ရနေရင်း
သစ္စာရှိရှိ ချစ်နေမယ်..။
မောင်လည်း ကိုယ့်ကိုချစ်မယ်လို့
ယုံကြည်ထားတယ်
တစ်ယောက်ကိုတစ်ယောက် ယုံကြည်စွာနဲ့
ရှေ့ဆက်ချစ်မယ်..။
ယုံကြည်ပါတယ် မောင်
တို့နှစ်ယောက်အဖြစ်က ချစ်ရတစ်ရက်
လွမ်းရက်တစ်ရာ အဖြစ်မျိုးမလို့
ကိုယ်လွမ်းလို့ ငိုမိတဲ့အခါ
မောင် ဖြေသိမ့်ပေးပါကွယ်..။
ဆောင်းအမီ တွေ
ရာသီပြောင်းချိန်တွေ မပြောပါနဲ့ကွယ်
ကိုယ်က အချိန်တိုင်း သတိရနေသူမလို့
ကိုယ့်ကို သတိရရင်
မောင့် ကိုယ့်ကိုကိုယ်ဂရုစိုက်ပါနော်..။
တွေ့ခွင့်ရမဲ့ နေ့ရက်ကို
လက်ချိုးရေတွက်ရင်းက
ကိုယ့်ရဲ့ပန်းတိုင်က မောင်ဖြစ်မှန်းမသိ
ဖြစ်နေခဲ့ရပီ..။
မနက်ဖြန်တိုင်းမာလဲ
လွမ်းနေရအုံးမယ်
အလွမ်းတွေက နေ့စဉ်ရက်ဆက်
အလွမ်းတေ ငြိမ်းသက်ဖို့
အနမ်းတွေ လိုအပ်တယ် မောင်..။
မနက်ဖြန်တွေတိုင်း..
မောင့်အချစ်တွေ အုပ်မိုးထားသရွေ့
ကိုယ်အားမငယ်ပါဘူး..။
ယုံပါကွယ်...
အလျားအနံတွေ အသွားအပြန်တွေ
ကိုယ်မသိပါဘူး မောင်ရေ...
ကိုယ်သိတာက
မောင့်ကို ချစ်တယ်
လွမ်းနေတယ်
တွေ့ခွင့်မဲ့ရက်တွေ လက်ချိုးရေတွက်နေတယ်.....ဆိုတာ...။
Author :
Photo :goggle image
MSC No:050