ဆရာရဲစိတ်ကူလေပါ
#ကြောက်ပါတယ်#
…………………………
`ကျွှီ ကျွှီ´´
မနက်ခင်းစောစော မိုးတောင်ကောင်းကောင်းမလင်းသေးတဲ့အချိန် နားထဲမှာ ကြားလိုက်ရတာက အိမ်အောက်ကတံခါးကို တွန်းဖွင့်နေတဲ့အသံ။
အသံကြားရာကို ထကြည့်ချင်ပေမယ့် ဆောင်းတွင်းရဲ့အအေးဓာတ်က ခိုက်ခိုက်တုန်အောင်ချမ်းလှတာမို့ ထမကြည့်ချင်။
``အိမ်အောက်က တံခါးတွန်းဖွင့်နေတဲ့အသံလားမသိဘူး ၊ သွားကြည့်လိုက်အုံး သူခိုးလားမသိဘူး´´
ဘေးနားမှာအိပ်နေတဲ့ အိမ်သူသက်ထားရဲ့ တီးတိုးစကားသံကြောင့် စောင်ခြုံထဲကွေးနေတဲ့ ငထိန်တစ်ယောက် စိတ်နည်းနည်းတိုသွားမိတယ်။
``ချမ်းပါတယ်ဆိုမှ မသွားချင်ဘူး ၊ တို့အိမ်မှာ ဘာခိုးစရာမှမရှိဘူး ၊ ခိုးတဲ့သူခိုးပဲ စိတ်ပျက်ပြီး ပြန်ထွက်သွားလိမ့်မယ် ´´
``တန်ဘိုးရှိတာတွေ မရှိပေမယ့် ထမင်းချက်စားတဲ့ ဒန်အိုး ၊ ဒန်ခွက်တွေတော့ရှိတယ်လေ ။ ဘာလဲ တော်က ညစာမနက်စာ ငတ်ချင်နေတာလား´´
``ဟာ သိတော့ဘူးကွာ ၊ ထကြည့်ချင်ရင် သွားကြည့် လာပြီးအပူကပ်မနေနဲ့ ၊ သရဲဆိုရင်တော့ ငါကြောက်တယ်ဟ´´
အိမ်ထောင်တစ်ခုမှာ ယောက်ကျားဖြစ်တဲ့သူက ကိစ္စတစ်စုံတစ်ခုဖြစ်လာတိုင်း မားမားမတ်မတ်ရပ်တည်ပေးတတ်ကြတာ။ ဒါကြောင့်လည်း အိမ်တစ်အိမ်ရဲ့ ရာထူးအမြင့်ဆုံး အိမ်ဦးနတ်ဆိုတဲ့ ရာထူးကိုပေးထားကြတာ။
ခုတော့ ယူထားတဲ့ယောက်ကျားကလည်း အားကိုးလို့မရ ၊ အသံကြားလို့ ထကြည့်ခိုင်းပါတယ်ဆိုမှ ချမ်းတာကိုအကြောင်းပြုပြီး ပေတေပြီးအိပ်နေတာ။
ယောက်ကျားဖြစ်သူကို ပြောမရတဲ့အဆုံး ဘေးနားမှာချထားတဲ့ ဓာတ်မီးကိုကိုင်ပြီး အိမ်အောက်ကိုဆင်းသွားလိုက်မိတယ်။
``အား´´
မိန်းမဖြစ်သူ အိမ်အောက်ဆင်းသွားလို့ မကြာလိုက် စူးစူးဝါးဝါးအော်လိုက်တဲ့အသံကြောင့် ငထိန်လည်း မနေသာတော့ပေ။
အိမ်အောက်ကိုအပြေးဆင်းသွားလိုက်ပြီး ပတ်ဝန်းကျင်ကို မျက်စိကစားကြည့်သော်လည်းထူးခြားမှုအရိပ်အယောင်ဆိုလို့ ဘာမှမတွေ့သေး။
အသံက နွားတင်းကုတ်နားက လာတာဆိုတော့ ခြေသံကိုလုံအောင်ထိန်းပြီး လက်တစ်ဖက်မှလည်း အနားမှာချထားသော တုတ်တစ်ချောင်းကို အသေဆုပ်ကိုင်ထားမိလိုက်သည်။
နွားတင်းကုတ်နားရောက်လေ ကျောချမ်းသလိုဖြစ်သွားတာက ဘာကြောင့်မှန်းမသိပေမယ့် စိတ်ထဲတော့ နည်းနည်းတော့ ကြောက်နေမိတာတော့အမှန်။
``ဒုတ်´´
ခြေဖမိုးပေါ်ကို မြွေကိုက်လိုက်တာလားမသိ ၊ အသံကတော့ မြွေကိုက်လိုက်တဲ့အသံ ၊ စိတ်ထဲကျင်ကနဲဖြစ်သွားပြီး ခြေဖမိုးပေါ်ကို လက်နဲ့စမ်းကြည့်လိုက်တော့ သွေးတော့မထွက်။
မိုးကလည်း မလင်းသေးဘူးဆိုတော့ အလင်းရောင်က သဲသဲကွဲကွဲမမြင်ရသေးပေ။
``သွေးမထွက်ဘူးဆိုရင်တော့ မြွေကိုက်တာမဟုတ်လောက်ဘူး ၊ ဟူးးးးတော်သေးတယ်´´
ရှည်လျားလှတဲ့ သက်ပြင်းချသံကြီးကို ချလိုက်ပြီး ခြေဖမိုးကို လက်နဲ့ပွတ်သက်နေစဉ် စိတ်ထဲ မသိုးမသန့် အနံ့အသက်တစ်ခုဝင်လာတော့မှ ကြက်သီးမွှေးညင်းတောင် အလိုလိုထ၍လာသည်။
နှာခေါင်းထဲဝင်လာတဲ့ အနံ့က ကြွက်ပုတ်နံ့လိုလို ၊ လူသေကောင်အနံ့လိုလို ၊ ခံစားမိသလိုဖြစ်လာတာနဲ့ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်စဉ် နွားတင်းကုတ်ထဲမှ ဖြတ်သွားသော အရိပ်မည်းတစ်ခုကြောင့် ငထိန်တစ်ယောက် ဇောချွေးတွေက နဖူးကနေ ခြေမထိအောင် စီးဆင်းနေလေတော့သည်။
``ဟင်းးးးးး´´
ထပ်ကြားလိုက်ရတဲ့ အသံက မနက်ဝေလီဝေလင်းမိုးမလင်းသေးခင် အမှောင်ထုမပျောက်ကွယ်သေးတဲ့အချိန်ဆိုတော့ ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရခြင်းက ငထိန်အတွက်တော့ အကုန်လုံးက ကျောချမ်းစရာဖြစ်နေတာကတော့ အဆန်းတစ်ကြယ်မဖြစ်တော့ပေ။
ညည်းသံလိုလိုအသံကြီးက ခုချိန်ထိ နားထဲကမထွက်သေး။ လက်ထဲမှာကိုင်ထားသော ဒုတ်ကို ကျစ်ကျစ်ပါအောက်ဆုပ်ကိုင်ရင်း ရှေ့ကိုအရဲစွန့်ပြီး ခြေလှမ်း လှမ်းဖို့ အားယူလိုက်စဉ် နွားတင်းကုတ်နှင့် အိမ်မကြီးကို ဆက်ထားသော ယက်မတန်းကြီးပေါ်မှ ဆံပင်ဖားလျားချထားသော အမျိုးသမီးတစ်ယောက် ဇောက်ထိုးကြီး ဖြစ်နေတယ်။
ဆံပင်တွေက တစ်ပုံတစ်ပင်ကြီးနဲ့ ယိမ်းယိုင်နေတဲ့ ပုံကြီးကြောင့် ငထိန်တစ်ယောက် လိပ်ပြာလွင့်လုမတတ် ငဟ်သံပါအောင်အော်ဟစ်မိလိုက်လေတော့သည်။
``အားးးသရဲ သရဲ ´´စိတ်ထဲကအော်ချင်ပေမယ့် စေးကပ်ကပ်အရာတွေက ပါးစပ်ကို လာကပ်ထားသလိုမျိုး ။ လည်ချောင်းနာအောင် ခြစ်ကုတ်ပြီးအော်လိုက်တိုင်း လည်ချောင်းတွေသာနာသွားတယ် အသံကအပြင်ကိုထွက်မလာ ။
``ကိုငထိန် ဘာဖြစ်သွားတာလဲ ပြန်ပြောအုံးလေ´´
မိန်းမဖြစ်သူ မေးနေပေမယ့် ငထိန်ဆီက အသံက ထွက်မလာတော့ပေ။
အကြောက်ကြီးပြီး သတိလစ်သွားခြင်းဖြစ်သည်။
``ဘေးနားအိမ်ကလူတွေ လာကြပါအုံး ၊ ကိုငထိန်ကိုခေါ်လို့မရတော့ဘူး´´
အကူအညီတောင်းလိုက်တဲ့အသံကြောင့် ဘေးအိမ်ကလူတွေအကုန်လုံး အပြေးအလွှားရောက်လာကြပြီး ငထိန်ကို လှုပ်ခေါ်ပေမယ့် မျက်လုံးကြီးပြူးပြီး ငြိမ်သက်နေတာကလွဲလို့ ဘာမှမထူးချေ။
မိန်းမဖြစ်သူလည်း ချက်ချင်း ဆေးဆရာကိုပင့်ပြီး ကုသပေမယ့် ငထိန်ပါးစပ်က ဆံပင်ဖားလျားကြီးနဲ့ သရဲမကြီး ကြောက်တယ်လို့သာ တတွင်တွင်အော်ရင်း မျက်လုံးကြီးပြူးပြီး ငြိမ်သက်သွားလေတော့သည်။
``ငထိန် အသက်မရှိတော့ဘူး´´
ဆေးဆရာရဲ့ စကားကြောင့် အားလုံးအံ့အားသင့်နေကြစဉ် ရုတ်တစ်ရက်ထငိုလိုက်သော မိန်းမဖြစ်သူရဲ့စကားကြောင့် နားထောင်နေတဲ့ လူအားလုံး ငိုရမလို ရယ်ရမလိုဖြစ်သွားလေတော့သည်။
``အမလေး ကိုငထိန်ရဲ့ ၊ ရှင်ကြောက်လားမကြောက်လား သိရအောင် ယက်မတန်းပေါ်ကို ခြေထောက်ချိတ်ပြီး သရဲမလို ဟန်ဆောင်ပြီး ချောက်လိုက်တာ ခုတော့ တကယ်သေသွားပြီလား အီးးးးဟီးးးးဟီးးးးးကျွှီ ကျွှီ မြည်တယ်ဆိုတာကလည်း လေတိုက်လို့ တံခါးက ဂျက်ပြုတ်ပြီး မြည်နေတာပါကိုငထိန်ရဲ့ ခုတော့ လူ့လောကအလယ်မှာ ကျမကို တစ်ယောက်တည်း ထားသွားခဲ့ပြီလားးးးးးးးအမလေးးးးးကိုငထိန်ရဲ့´´
ဘာမဟုတ်တဲ့ စမ်းသပ်မှု ကျီစယ်မှုတစ်ခုကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးသွားခြင်းဖြစ်သည်။
အတိုင်းအတာထပ်လွန်ပြီး မစမိ မနောက်မိပါကြပါစေနဲ့လို့ ဆုတောင်းပေးလိုက်ရင်း
အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။ ။gfs16 [FB_IMG_1517190403358.jpg](