"ဝမ်းနည်းမှုတွေနဲ့ပြည့်နေတဲ့ ညတစ်ညမှာ
သတိရခြင်းဆိုတဲ့ အိမ်နီးချင်းက
တံခါးလာခေါက်တော့
တံခါးဖွင့်ပေးရမလား
မကြားချင်ယောင်ဆောင်နေရမလားဆိုတဲ့ ဒွိဟစိတ်တွေနဲ့
အခန်းထဲမှာထိုင်ရင်း မိုးလင်းခဲ့ရပေါ့။
လွမ်းဆွေးမှုဆိုတာကို
ခွေးမောင်းသလို မောင်းထုတ်လိုက်ချင်ပေမယ့်
ခွေးကိုရိုက်ချင်ရင်
ခွေးရှင်မျက်နှာကို ကြည့်ရတယ်ဆိုတဲ့
စကားပုံကြောင့်
လွမ်းဆွေးမှုတွေရဲ့ဖြစ်တည်ရာ ပထမ
သူမကိုအားနာလို့
အလွမ်းးတွေနဲ့တသားတည်းကျအောင်ပဲ
ကြိုးစားတော့မယ်ကွယ်။"