မြန်မာ့ပထမဆုံးရုပ်ရှင်
မြန်မာ့ရုပ်ရှင်တွေကို စိတ်ဝင်တစားကြည့်ရှုကြတဲ့ ပရိသတ်တွေ များပြားပေမယ့် မြန်မာ့ရုပ်ရှင် စတင်ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို သိရှိသူ နည်းပါးပါတယ်။
ဘယ်ကဏ္ဍ၊ နယ်ပယ်မဆို လူသိမများခင်မှာ စတင်ခဲ့တဲ့ မြစ်ဖျားခံရာတွေ ရှိစမြဲဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားအကြောင်း တင်ပြပေးချင်ပါတယ်။ မြန်မာ့ရုပ်ရှင်အစပျိုးရာလို့ ဆိုရမယ့် ပထမဆုံးရုပ်ရှင်ဇာတ်ကားအမည်ကတော့ “မေတ္တာနှင့်သူရာ” ဖြစ်ပါတယ်။ မေတ္တာနှင့်သူရာ ဇာတ်ကားဟာ ပထမဆုံး အသံတိတ်ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး ပထမဆုံးသော မြန်မာ့ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ စာရေးဆရာကြီး ပီမိုးနင်းရေးသားတဲ့ ဝတ္ထုကို ရုပ်ရှင်ဖခင်ကြီးလန်ဒန်အတ်ဦးအုန်းမောင်က ရိုက်ကူးထားတဲ့ အင်္ဂလိပ်ကိုလိုနီခေတ် မြန်မာရုပ်ရှင်ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဦးဘကလေး (သို့) ရွှေရိုး၊ မောင်မောင်ကလေး၊ အေးကြည်၊ ကိုငြိမ်း၊ ညီပု၊ အေးကြည်၊ ရီရီစတဲ့ သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်ကားကို
RE: ufhhgj