ကမ္ဘာ့အင်အားအကြီးမားဆုံးထိပ်တန်းရေတပ်ကြီးများကို ရေတပ်တွင် တပ်မတော်ဝင်ထားသော ရေယာဉ်များနှင့် လက်ရှိ အသုံးပြုလျက်ရှိသော ရေယာဉ်များအပေါ်တွင် အခြေခံသတ်မှတ်ထားခြင်းဖြစ်သည်...ကမ္ဘာ့ထိပ်တန်း ရေတပ်ကြီးသုံးခုဖြစ်သော အသုံးပြုလျက်ရှိသော စစ်ရေယာဉ်များ အနက် အမေရိကန်ပြည်ထောင်စုတွင် ၁၂ ရာခိုင်နူန်း / ရုရှားက ၁၀ရာခိုင်နူန်း/တရုတ်နိုင်ငံတွင် ၈ ရာခိုင်နူန်းကို ကာကွယ်ရေး နှင့် တိုက်ခိုက်ရေးအတွ အသုံးပြုလျက်ရှိသည်...ကမ္ဘာ့ထိပ်တန်းရေတပ်ကြီး များအဖြစ် သတ်မှတ်ရာတွင် ရေတပ်တွင် စစ်မှု တာဝန်ထမ်းဆောင်နေသော စစ်သည်အရေအတွက်ထက် နိုင်ငံရှိ စစ်ရေယာဉ်အရေအတွက်ပမာဏ အပေါ် အလေးပေး သတ်မှတ်ထားခြင်းဖြစ်သည်...ထို့ပြင်ရေတပ်ရှိ ရေယာဉ်များအနက် လေ့ကျင့်ရေး ရေယာဉ်များ /ထောက်ပံ့ရေး ရေယာဉ်များ/သုတေသန ရေယာဉ် များ နှင့် စစ်လက်နက်များ တပ်ဆင်ထားခြင်း လုံးဝမရှိသော ရေယာဉ်များ၏ အရေအတွက်ကို ထည့်သွင်း တွက်ချက်ထားခြင်း မပြုချေ....
ရေတပ်တွင် စစ်မှုထမ်းဆောင်လျက်ရှိသော ရေတပ်စစ်သည်ဦးရေအား တွက်ချက်ရာတွင် ရေတပ်တွင် လက်ရှိတာဝန် ထမ်းဆောင်နေသော စစ်သည်များ နှင့် စစ်သမီးများကို ထည့်သွင်း တွက်ချက်ထားပြီး ရေတပ်အရန်စစ်သည်များ၏ အရေအတွက်ကို လုံးဝထည့်သွင်း တွက်ချက် ထားခြင်း မပြုပေ...မိုင်းရှင်းလင်းရေးယာဉ်များကိုတော့ ထည့်သွင်း တွက်ချက် သတ်မှတ်ထားပြီး ရေငုပ်သင်္ဘောများ ၊ ဒုံးကျည်လက်နက်များ တပ်ဆင်ထားသော ရေငုပ်သင်္ဘော အမျိုးအစားများတွင် နူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တပ်ဆင်ထားသော မဟာဗျူဟာမြောက် ရေငုပ်သင်္ဘောများ ၊ ခရုဒုံးကျည် တပ်ဆင်ထားသော ရေငုပ်သင်္ဘောများပါဝင်သည်...ကမ္ဘာ့ထိပ်တန်း ရေတပ်မတော်ကြီးများအဖြစ်သတ်မှတ်ရာတွင် လေယာဉ်တင်သင်္ဘောများ ၊ ကုန်ရေနှစ်သွယ်သုံး တိုက်ခိုက်ရေး စစ်ရေယာဉ်များ ၊ ကမ်းတတ်စစ်ရေယာဉ်များ ၊ ခရုဇာ တိုက်ခိုက်ရေး ယာဉ်များ ၊ ဖျက်သင်္ဘောယာဉ်များ ၊ မိုင်းရှင်းသင်္ဘောများ ၊ ကော့ဗတ်ထ် တိုက်ခိုက်ရေး ယာဉ်များ ၊ ကင်းလှည့်ရေယာဉ်များ ၊ မိုင်းရှင်း သင်္ဘောများ ၊ ဒုံးကျည်တပ် ရေငုပ်သင်္ဘောများ နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများကို ကမ္ဘာ့ထိပ်တန်းရေတပ်ကြီးများ စာရင်းတွင် ထည့်သွင်းသတ်မှတ်ထားသည်...
ကမ္ဘာ့ထိပ်တန်းရေတပ်ကြီးများရဲ့ အကြောင်းအရာ အချက်အလက်များကို ဖော်ပြသွားပါမည်...
အမေရိကန်ရေတပ်မတော်
အမေရိကန်ရေတပ်မတော်သည် ကမ္ဘာ့အင်အားအကြီးဆုံး ထိပ်တန်းရေတပ်ကြီး ဖြစ်ပြီး လေယာဉ်တင် သင်္ဘောကြီး ၁၁စင်း ၊ ကုန်းရေ နှစ်ထွေ တိုက်ရေယာဉ် ၁၀စင်း ၊ ဖရီးဂိတ်စစ်ရေယာဉ် အစီး ၃၀ ၊ ကမ်းတတ်ရေယာဉ် ၂၁စီးး ၊ ဖျက်သင်္ဘော အစီး၆၀
၊ ခရုဇာ စစ်ရေယာဉ် ၂၂စီး ၊ ကော့ဗတ်ထိ စစ်ရေယာဉ် ၂စီး ၊
မိုင်းရှင်းသင်္ဘော ၁၄ စီး ၊ ကင်းလှည့်ရေယာဉ် အစီး ၁၀၀ ၊ ဒုံးကျည်တပ် ရေငုပ်သင်္ဘော ၁၈ စီး နှင့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၅၃ စီး ရှိသည်...အမေရိကန်ရေတပ်မတော် တွင် စစ်လက်နက် အပြည့်အစုံ တပ်ဆင်ထားသော စစ်ရေယာဉ် ၃၄၁စီး နှင့် လက်ရှိစစ်မှု ထမ်းဆောင်လျက်ရှိသော ရေတပ်စစ်သည်ဦးရေ
၃၂၃၇၀၀ကျော်ခန့်ရှိလေသည်....
ရုရှားရေတပ်မတော်
ရုရှားရေတပ်သည် ကမ္ဘာ့ထိပ်တန်းရေတပ်ကြီးများတွင် ဒုတိယ အင်အားအကြီးဆုံး ရေတပ်ကြီး တစ်ခုဖြစ်လေသည်...
ရုရှားရေတပ်မတော်တွင် လေယာဉ်တင် သင်္ဘောကြီး၁ီး ၊ ကုန်ရေ နှစ်ထွေ တိုက်ရေယာဉ် ၁ စီး ၊ ကမ်းတတ်ရေယာဉ် ၁၁စီး ၊ ခရုဇာ စစ်ရေယာဉ် ၄ စီး ၊ ဖျက်သင်္ဘော ၁၆စီး ၊ ကော့ဗတ်စစ်ရေယာဉ် ၈၁ စီး ၊ ဖရီးဂိတ်စစ်ရေယာဉ် ၁၀ စီး ၊ မိုင်းရှင်းသင်္ဘော၄၂ စီး ၊ ကင်းလှည့်သင်္ဘော ၆၈ စီး ၊ ဒုံးကျည်တပ် ရေငုပ်သင်္ဘော ၁၆ စီး ၊ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၃၂ စီးပါရှိသည့် ကမ္ဘာ့ဒုတိယအကြီးဆုံး ရေတပ်ကြီးတစ်ခုဖြစ်သည်....ရုရှားရေတပ်မတော်ကြီးတွင် ၂၈၂ စီးပါရှိပြီး ရေတပ်စစ်သည်အင်အား ၁၄၀၀၀၀ ဦးရှိလေသည်...
တရုတ်ပြည်သူ့လွတ်မြောက်ရေး ရေတပ်မတော်
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ ပြည့်သူ့လွတ်မြောက်ရေး ရေတပ် တပ်မတော် ကြီးသည် ကမ္ဘာ့တတိယ မြောက်အကြီးဆုံး ထိပ်တန်း ရေတပ်မတော်ကြီး ဖြစ်သည်...အဆိုပါ ရေတပ်မတော်ကြီးတွင် လေယာဉ်တင်သင်္ဘော စင်း၂ ၊ ကုန်းရေ နှစ်သွယ်သုံးတိုက်ရေယာဉ် ၂စီး ၊ ကမ်းတတ်ရေယာဉ် ၂၅ စီး ၊ ဖျက်သင်္ဘော ၂၆ စီး ၊ ကင်းလှည့်ရေယာ အစီး ၅၀ ၊ ဖရီးဂိတ်စစ်ရေယာဉ် ၅၁ စီး ၊ ဒုံးကျည်တပ်ရေငုပ်သင်္ဘော ၆ စီး ၊ မိုင်းရှင်းသင်္ဘော ၂၇ စီး ၊ တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ၅၂စီး ပါရှိသည်..တရုတ်ရေတပ်မတော်တွင် ခရုဇာ စစ်ရေယာဉ်များ နှင့် ကော့ဗက် စစ်ရေယာဉ်များ မပါရှိချေ...ထိုရေတပ်ကြီးတွင် အသုံးပြုလျက်ရှိသော စစ်ရေယာဉ် အစီးပေါင်း ၂၃၉ စီးရှိသည်...လက်ရှိရေတပ်ကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရေတပ်စစ်သည် ၂၅၀၀၀၀ ဦးရှိသည်...
ဂျပန်ရေတပ်မတော်
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ဖြစ်ပွားပြီးနောက် ရေတပ်တိုက်ပွဲများ ပဠိပက္ခတိုက်ပွဲများ မရှိခဲ့ပေ...သို့သော် ငုင်း၏ ရေတပ်ဖွဲ့မှာအမိနိုင်ငံတော်ကာကွယ်ရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟုသိရသည်...ဂျပန်နိုင်ငံ၏ ပင်လယ်ပြင်တပ်ဖွဲ့မှာ လေယာဉ်တင်သင်္ဘော ၂ စီး ၊ ကုန်ရေနှစ်သွယ်သုံး တိုက်ရေယာဉ် နှစ်စီး ၊ ကမ်းတတ်ရေယာဉ် ၃ စီး ၊ ဖျက်သင်္ဘော ၁၀ စီး ၊ ကင်းလှည့်ရေယာဉ် ၉စီး ၊ ဖရီးဂိတ်စစ်ရေယာဉ် အစီး ၄၀ ၊ မိုင်းရှင်းသင်္ဘော ၂၉ စီး
၊ တိုက်ခိုက်ရေး ရေငုပ်သဘောင်္ ၁၈ စီးပါရှိသည် ။ ဂျပန်နိုင်ငံ၏ ရေတပ်မတော်တွင်လည်း တရုတ်နိုင်ငံကဲ့သို့ ခရုဇာ စစ်ရေယာဉ်များ ၊ကော့ဗက် စစ်ရေယာဉ်များ ၊ ဒုံးကျည်တပ် ရေငုပ်သင်္ဘောများ မရှိချေ ။ ဂျပန့် ရေတပ်မတော်တွင် စစ်ရေယာဉ် စုစုပေါင်း 104စီးရှိပြီး လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော
စစ်သည်အင်အား 48500ဦး ရှိလေသည်...
အပိုင်း (၂) ဆက်ရန်....
Translate and Writing- Htetlinnaung
MSU-006
Ref link-http://www.insidermonkey.com/blog/readytopublish-11-strongest-navies-in-the-world-2017-rankings-533046/
http://alltoptens.com/top-ten-naval-forces-in-the-world/
https://www.themeshnews.com/top-10-countries-with-best-navy-force-in-the-world-2016/
#MSU