အလုပ်တစ်ခုခုကိုအားမလျှော့ဘဲ စွဲစွဲမြဲမြဲ လုပ်ဆောင်သောသတ္တိသည် ဇွဲ ပင်ဖြစ်သည်။ လောက၌ အောင်မြင်တိုးတက်ကြီးပွား နေသူများသည် ဇွဲရှိသူများပင်ဖြစ်သည်။ လူ့ ဘဝတွင် တွေ့ ကြုံရမည့် စီးပွားရေး လူမှုရေး ပညာရေး စသည့် အရေးကိစ္စများတွင် အခက်အခဲ အကျပ်အတည်းများဖြင့် တွေ့ ကြုံရင်ဆိုင်ရသော်လည်း ဇွဲရှိပါက အရာရာကို ကျော်လွှား အောင်မြင် နိုင်ပေသည်။ဇွဲ လုံလ ဝီရိယ ဟူသော အရာများကို အရင်းတည်၍ ကြိုးစားအားထုတ်ပါက မည့်သည့် အခက်အခဲကိုမဆို ကျော်လွှားရင်ဆိုင်နိုင်ပြီး အောင်မြင်မှု ပန်းတိုင်သို့  အရောက်လှမ်း နိုင်ပေသည်။ လောကလူသားများသည် ပထမအရွယ် ပညာရှာ ဒုတိယအရွယ် ဥစ္စာရှာ တတိယအရွယ် ပညာရှာဟူ၍ အရွယ်သုံးပါး ပိုင်းခြားလျက် အသက်ရှင်နေသမျှ ကာလပတ်လုံး ဘဝဟူသော ပင်လယ်ထဲမှာ
လှုပ်ရှား ရုန်းကန်နေကြရသည်။ထို့ သို့  ရုန်းကန်ရာတွင် ကောက်ရိုးမီကဲ့သို့  တစ်ခဏမျှ အားထုတ်၍ ဇွဲလျှော့ပါက မိမိ ဆောင်ရွက်လိုသော ရည်မှန်းချက် ပန်းတိုင်သို မရောက်နိုင်ပဲ ဖြစ်ရပေသည်။မည်သည့် အလုပ်ကိစ္စ ၌မဆို မဖြစ်မနေ မရမနေ ဖြစ်အောင် ရအောင် လုပ်မည်ဟူသော ဇွဲလုံလ ဝီရိယကို အရင်းတည်၍ မဆုတ်မနစ် အားသွန်ခွန်စိုက် ကြိုးစားပါက လောကအလယ်တွင် တင့်တယ်ဝင့်ကြွားစွာဖြင့် အောင်ပွဲ ဆင်နိုင်မည်မှာ ဧကန်အမှန်ဖြစ်ပေသည်။
အောင်ပွဲ ဟူသည် ဇွဲရှိသူများအတွက် ထိုက်တန်သော ဆုလာဘ်တစ်ခုပင်ဖြစ်သည်။ ဇွဲကိုရင်းလျှင် အောင်ပွဲဆင် ဆိုသည့်စကားအတိုင်း ဇွဲလုံလ ဝီရိယစိတ် ဖြင့် ကြိုးစားအားထုတ်မှုကြောင့် အောင်မြင်မှုသရဖူ ဆွတ်ခူးနိုင်ခဲ့သူများမှာလည်း အများအပြားရှိပေသည်။