အံ့ဖွယ်ပါရမီရဲ့ အစွမ်း(part 1)
ပါရမီရဲ့ အကြောင်းကို မျှဝေတင်ဆက်လိုက်ပါတယ်။စာရေးသူသည်လည်း
ကိုယ်ပိုင်ဥာဏ်ဖြင့်သိမြင်ခြင်းမဟုတ်ပါဖူး။ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားကိုယ်တော်မြတ်ကြီး၏ရွှေဥာဏ်တော်ဖြင့် သိမြင်၍ဟောကြားသည့်
တရားတော်အား အကျဉ်းခူပ်၍ ရေးသားတင်ဆက်လိုက်ပါတယ်။
ဘုရားရှင်လက်ထက်မှာ တိသရဏ ဂမနိယမထေရ်ဆိုတဲ့ ကိုယ်တော်တပါးရှိခဲ့ဖူးပါတယ်။ပါရမီဖြည့်ဆည်းပြီးတော့
ခုနစ်နှစ်သားနဲ့ ရဟန္တာဖြစ်သွားပုံ ဇာတ်အကြောင်းဝတ္ထုပါ။
တိသရဏ ဂမနိယမထေရ်ရယ်လို့ ဖြစ်လာမယ့်အတိတ်ဘဝက ဇာတ်ကြောင်းကိုပြောမှာဖြစ်ပါတယ်။
ဒီတိသရဏ ဂမနိယမထေရ်အလောင်းလျာသည် အတိတ်ဝေးစွာ ရှေးအခါကာလမှာ ဒါနပဲပြုပြု သီလပဲဆောက်တည်ဆောက်တည် တရားပဲနာနာ ကုသိုလ်ကောင်းမှုတွေကို လုပ်တဲ့အခါတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ရရာ ရကြောင်းအထောက်ပံ့ကောင်း ဖြစ်ရပါလို၏လို့ ဆုပန်ပြီးတော့ ပါရမီဖြည့်ခဲ့တယ်။
ဒီနေရာမှာ အထူးမှတ်သားစရာကောင်းတာက မထေရ်လောင်းလျာ ပြုလုပ်ပြုလုပ်ဖြည့်ဆည်းခဲ့သည့်ကုသိုလ်သည် လောကီအကိုးကိုမျှောကိုးပြီးဖြည့်ဆည်းခဲ့ခြင်းမဟုတ်ပဲ။
အေးငြိမ်းရာဖြစ်တဲ့ မြတ်နိဗ္ဗာန်ကိုမျှော်မှန်းပြီးတော့ ဖြည့်ဆည်းခဲ့သည့် ပါရမီကုသိုလ်မိုးဖြစ်ပါတယ်။
ဒီတော့ကား...ဒီလိုပုဂ္ဂိုလ်မိုးဟာ ဘယ်တော့မှ အပါယ်မလားပါဖူးတဲ့။
လူပြည် နတ်ပြည်အစရှိတဲ့ကောင်းမြတ်တဲ့ဘဝတွေမှာချည်း ကျည်လည်လာလိုက်တာမှာ၊ဝိပဿသီမြတ်စွာဘုရားလက်ထက်မှာ အမိုးကောင်းသား လာဖြစ်တယ်။
လူလာဖြစ်တော့ သဒ္ဓါတရားကောင်းတယ်။ဝိပဿီမြတ်စွာဘုရားတရားဟောတဲ့အခါ သွားသွားပြီးတော့ တရားနာတယ်။တရားနာရင်းနဲ့ပဲ သာသနာ့ဘောင် ဝင်ချင်စိတ်တွေ ပေါ်ပေါက်လာတယ်။သင်္ကန်းဝတ်ပြီးတော့များ တရားအားထုတ်လိုက်ရရင် ဘယ်လောက်ကောင်းလိုက်မလဲ ဒီလို...စိတ်အကြံဖြစ်တယ်။
ဒါပေမယ်လို့ ဘဝကအခြေနေ မပေးဘူး။မျက်စိနှစ်ကွင်း အလင်းမရတဲ့ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကိုင်ကျွေးမွေးနေရပါတယ်။
"ဒီတော့...ငါသည် သေတပန်သက်တဆုံး ငါလုပ်ကျွေးမှပဲဖြစ်တော့မှာပဲ။သာသနာ့ဘောင်ဝင်ပြီးတော့ ဝိပဿနာတရားတော်တွေကိုလည်း
အဆင့်မြင့်မြင့် ငါသည်အားမထုတ်နိုင်ဖူး။ဘာလုပ်ရကောင်းမလဲ စဉ်းစားတယ်။"
(သရဏဂုံသုံးပါးကို အမြဲတစေ ရွတ်ဖတ်ပွားများ နှလုံးသွင်းပြီးတော့ နေရလို့ရှိရင်တော့ဖြင့် ဒုဂ္ဂတိမလားပဲနဲ့ သုဂတိဘဝတွေ ကျည်လည်ရလိမ့်မယ်။ ဘုရားဟောတဲ့တရားတွေ သူနာကြားရတယ်နော်။)
သူများလိုတော့ ဝိပဿနာတရားအားမထုတ်နိုင်ဖူး ။ဒီတော့သရဏဂုံ သုံးပါးပဲ အားကိုးရတော့မှာပဲ ဆိုပြီးတော့ နိသဘမထေရ်မြတ်ကြီးထံမှာ သရဏဂုံသုံးပါး ဆောက်တည်လိုက်တယ်။"အဲ့ဒီကနေ စပြီးတော့ အမှတ်ရတိုင်း ဗုဒ္ဓံသရဏံ ဂစ္ဆာမိ ဓမ္မံသရဏံ ဂစ္ဆာမိ သံဃံသရဏံ ဂစ္ဆာမိဆိုပြီးတော့ အမြဲတစေ နှလုံးသွင်းနေတယ်။အိပ်ရာဝင်တိုင်း ဝင်တိုင်း အိပ်ရာထတိုင်း ထတိုင်းမှာလည်း အမြဲတစေပွားများ ပွားများပြီးတော့ လာလိုက်တာ။ အဲ့ဒီဘဝ တခုလုံးပဲ သရဏဂုံသုံးပါးနဲ့ ထုံမွှမ်းပြီးနေတယ်"။ဒီဘဝကသေလွန်တော့ ဘဝတွေကျင်လည်လာပြီး နောက်ဆုံးဂေါတမမြတ်စွာဘုရား လက်ထက်တော်ရောက်တဲ့အခါမှာ စီးပွားဥစ္စာပြည့်စုံတဲ့ အိမ်မှာ သားယောကျာင်္းလေးအဖြစ် လာထွန်းကားတယ်။ဒီလိုနဲ့ ခုနစ်နှစ်သားအရွယ် ရောက်လာတဲ့အခါမယ် ကလေးတသိုက်နဲ့ ဆော့ကစားရင်း ဘုန်းကြီးကျောင်းထဲရောက်သွားကြတယ်။အဲ့ဒီဘုန်းကြီးကလည်း အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်ကြီး ဖြစ်နေတာ ပါတဲ့နော်။(ဆရာကောင်းနဲ့တွေ့ဆုံဖို့ပဋ္ဌာန်းဆက်လည်းပါလာတယ်။)
အဲ့ဒီမှာ ရဟန္တာအရှင်မြတ်ကြီးက ကလေးတအုပ်ကိုခေါ်ပြီး တန်းဆီထိုင်ခိုင်းတယ်။ကျောင်းမှာရှိတဲ့ မုန့်ပဲသရေစာလေးတွေ ချကျွေးပြီးတော့ ။
ကဲ...သားတို့လိုက်ဆိုကြ ဘုန်းဘုန်းရှေ့က တိုင်ပေးမယ်ဆိုပြီးတော့ ခုနစ်နှစ်သားတွေကို လိုက်ဆိုခိုင်းတယ်။ဗုဒ္ဓံသရဏံ ဂစ္ဆာမိ
ဓမ္မံသရဏံ ဂစ္ဆာမိ
သံဃံသရဏံ ဂစ္ဆာမိ။ဆိုပြီးတော့ရှေ့ကတိုင်ပေးတယ်။
ရှေ့ကတိုင်ပေးတော့ ကလေးတွေလိုက်ဆိုရင်း ဆိုရင်းနဲ့ ကျန်တဲ့ကလေးတွေကတော့ မသိသာဖူး။ပါရမီ ထက်သန်လာခဲ့တဲ့ ဒီကလေးရဲ့ စိတ်ထဲမှာတော့ ခံစားချက်လေးတခုပေါ်ပေါက်လာတယ်။
"ဟာ...ဒီဘုန်းဘုန်း ဆိုနေတဲ့ ပါဠိတွေ ငါရဖူးတယ် ငါရဖူးတယ်ဆိုပြီး
အတော်ဝမ်းသာသွားတယ်။"
ဒီဘဝနဲ့ဘယ်တုန်းကမှ မကြားဖူးခဲ့တာနော်။ဆရာတော်ကြီးက တခေါက်ပဲ တိုင်ပေးရသေးတယ် ဒီကလေးက အကုန်ရသွားပြီ။ ရဟန္တာအရှင်မြတ်ကြီးက ဒုတိယမ္ပိ မဆိုရသေးဘူး။သူကရနေပြီနော်။
သရဏဂုံ သုံးပါးကို အစဉ်တိုင်းဆိုသွားလိုက်တာ တန်းပြီးတော့ ရသွားတာပဲတဲ့။သူလေ့ကျက်ခဲ့တဲ့ နှစ်ပေါင်းကလည်း နည်းမှမနည်းပဲနော်။(ဝိပဿီမြတ်စွာဘုရားသည သက်တန်းရှစ်သောင်းတန်းမှာ ပွင့်တဲ့ဘုရား။အဲဒီအမိုးကာင်းသားသည်လည်း အဲ့ဒီဘဝမှာတုန်းက ဒီသရဏဂုံသုံးပါးကို စိတ်ထဲမှာ ထုံထားတာ နှစ်တွေသောင်းနဲ့ချီပြီး ထုံထားတယ်။ပါရမီ အထုံကောင်းနေတာပေါ့။)
ရှေ့ကတိုင်ပေးတဲ့ပါဠိတွေလိုက်ဆိုရင်းနဲ့ ငါရဖူးတယ်ဆိုတဲ့ခံစားချက်လေးနဲ့လိုက်ဆိုတာအကုန်ရသွားတယ်။
ီ နှလုံးအိမ်ထဲမှာ ဝမ်းသာတဲ့ဝေဒနာဓာတ်ကလေးကို ဥာဏ်ကရောက်သွားတယ်။ဝမ်းသာတယ်ဆိုတဲ့ ဒီဝေဒနာသည် ရေမြုပ်ပမာ ပေါ်လိုက်ပျောက်လိုက် ဖြစ်လိုက်ပျက်လိုက် မမြဲတဲ့ သဘောတရားတွေကိုသေချာစူးစိုက် ကြည့်နေလိုက်တာ ဖြစ်ပျက်ဆုံးပြီး အဲ့ဒီနေရာမှာပဲရဟန္တာလေးဖြစ်သွားပါတယ်။မထေရ်ကြီးကသင်္ကန်းဝတ်ပေးတော့ဟသာမဏေဖြစ်သွားတယ်။
ဘုရားရှင်ကြားသိတော်မူတော့ သာမဏေလေးကို ရဟန်းဘောင်တက်ခွင့်ပေးလိုက်ပါတယ်။
(ထေရအပါဒါန် ပါဠိတော် တိသရဏ ဂမနိယမထေရ်)
ယနေ့ခေတ်မှာလည်း
နည်းပညာမျှဝေတဲ့ ပို့စ်တွေရဲ့နောက်ဆုံးမယ် မျှဝေခြင်းသည် ပညာဒါနမည်၏ဆိုတဲ့ စာကြောင်းလေးတွေ့မြင်ရတော့ဝမ်းမြောက်မိပါတယ်။