်ဂရင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ကမ္ဘာ့အရှည်ဆုံးဦးထုပ်
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်က Odilon Ozare ဆိုသူ အမျိုးသားတစ်ဦးဟာ အရှည် ၁၅ ပေ ၉ လက်မရှိတဲ့ ဦးထုပ်တစ်လုံးကို ဖန်တီးခဲ့ပြီး ဂရင်းနစ် စံချိန်တင်နိုင်ခဲ့ပါတယ်။အဲဒီဦးထုပ်ကို အညိုရောင်ပိတ်စတွေနဲ့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။
အသက် ၄ဝ အရွယ်ရှိပြီဖြစ်တဲ့ Odilon Ozare က သူ့အနေနဲ့ ဝတ်စားဆင်ယင်မှုပိုင်းဆိုင်ရာကို ပိုမိုတိုးတက်ကောင်းမွန်စေလိုတဲ့အတွက် အခုလို ဖန်တီးပြုလုပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ပြီးတော့ ဖန်တီးမှုအားကောင်းတဲ့ အဝတ်အထည်တွေကို လူတွေ ဝတ်ဆင်စေလိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သူဟာ ဦးထုပ်ပြုလုပ်ရောင်းချသူတစ်ဦးဖြစ်သလို ဦးထုပ်ပေါင်းများစွာကို ပြုလုပ်ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ တဖြည်းဖြည်းပြုလုပ်လာရင်း ဒီဇိုင်းအသစ်နဲ့ ဦးထုပ်ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါလို့လည်း ဆိုပါတယ်။ သူဟာ ငယ်စဉ်ဘဝတည်းက ဦးထုပ်ပြုလုပ်ခြင်ကို ခုံမင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ မိသားစုကလည်း ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။