ဟိုးးးးး ရှေးအခါက ရွာလေးတစ်ရွာမှာ ဆရာတော်
တစ်ပါး ကျောင်းထိုင်၍ သီတင်းသုံးလျှက်ရှိသည် ။
တနေ့ ရွာထဲမှ ဦးဖိုးလှ ဆိုသော ဒကာတစ်ယောက်
ကျောင်းလာပြီး ဆရာတော့်ထံ ဆွမ်းပို့လာတယ်
ဆရာတော်နှင့် ဦးဖိုးလှတို့ စကားလက်ဆုံကျရင်း
အတော်ပင် ရင်းနှီးသွားကြတယ် ဒါနဲ့ စကားမစပ်
ဒကာကြီး ဘာဆွမ်းဟင်းတွေ ချက်လာတာလဲ ...?
မှန်ပါ ဝက်သားနီ ဆီပြန်ချက် ငပိကြော် ပြီးတော့
ချဉ်ပေါင်ရွက်ကို မျှစ် ငရုတ်သီးစိမ်းလေးနဲ့ ကြော်လာတယ် ဘုရား အေးကွယ် ဘုန်းကြီးကလဲ
ချဉ်ပေါင်ရွက်ကြော်ဆိုရင် အရမ်းကြိုက်တာ
မှန်ပါ ဒီ့အတွက် ဘာမှ စိတ်မပူပါနဲ့ ဘုရား
တပည့်တော် ချဉ်ပေါင်ရွက်ကြော်ကို နေ့တိုင်း
လာကပ်ပါ့မယ် ဘုရား သာဓု သာဓု သာဓုပါ ဒကာ
ဒီလိုနဲ့ ရက် လ နှစ်တိုင်အောင် ဦးဖိုးလှ တယောက်
ဆရာတော်ထံ ချဉ်ပေါင်ရွက်ကြော်ကို ကပ်လာခဲ့
သည်မှာ ယနေ့ထက်တိုင်ပင် ဝတ်မပျက်ခဲ့ပါ
ကြာလာတော့ ဆရာတော် ခမျာ ဦးဖိုးလှလို့
နာမည်ကြားတာနဲ့ပင် သွားတွေက ကျွတ်ထွတ်မတတ် ကျိန်းတတ်နေပေပြီ အပြောမတတ် ဒီ ပါးစပ်
သေစမ်းဟ ဝက်သားဟင်းလေး ကြိုက်တယ်လို့
ပြောခဲ့မိရင် အကောင်းသား အခုတော့~~~~~
ဒါနဲ့ သီးမခံနိုင်တဲ့အဆုံး နောက်နေ့ ဒကာကို
မေးပါလေတော့သည် ဒကာကြီး ချဉ်ပေါင်ရွက်
တွေက မကုန်နိုင်သေးဘူးလား ? မှန်ပါ ဒီ့အတွက်
မပူပါနဲ့ ဘုရား ဆရာတော့် အတွက် သီးသန့်
တပည့်တော်ရဲ့ ယာသုံးကွက်ကို ချဉ်ပေါင်ပင်တွေပဲ
စိုက်ပြီး အရွက်ကို အခြောက်လှန်းကာ ပုတ်ကြီးထဲ
မှာ သိုလှောင်ထားပါတယ် ဘုရား "အမလေး
ဗုဒ္ဓေါ "ကောင်းကွာ" ရွဲ့ပြောလို့ ပြောမှန်းမသိ
အောင့်သက်သက်နဲ့ ခံရခက်လိုက်တာနော် ငါ့နှယ်
တနေ့ ""ဆရာတော် ဘုရား ဆရာတော် ဘုရား""
ဘာလဲ ကိုရင်ဇဋိလ ရဲ့ရေးကြီးသုတ်ပျာနဲ့ မှန်ပါ
""ဟောဟဲ ဟောဟဲ""ရွာထဲမှာ မီးလောင်နေပြီ ဘုရား "ဟေ" ဒကာကြီး ဦးဖိုးလှ အိမ်လည်း
ပါသွားတယ် ဘုရား "ဟာ"ဆရာတော်မှာ စိတ်မကောင်း ဖြစ်မိသည် အတန်ငယ် တွေးပြီး ပြုံးမိသည်
"ဟုတ်ပီကွ"ဒါဆိုရင် ချဉ်ပေါင်ပုတ်ကြီးလဲ မီးထဲ
ပါသွားရောပေါ့ ချဉ်ပေါင်ဝဋ်တော့ ကျွတ်ပြီ ထင်ပါရဲ့
နောက်နေ့ ဒကာဦးဖိုးလှ ကျောင်းကိုလာပြီး
အကြောင်းစုံ လျှောက်ထားပါလေတော့သည်
ဆရာတော်မှာ ခေါင်းတညိမ့်ညိမ့် နားထောင်ရင်း
စိတ်မကောင်းလေဟန်ဖြင့်...
အိမ်း...သူခိုး ခိုးရင် ကျန်သေးတယ် မီးလောင်ရင်
အကုန်ပြောင် ဆိုတာလို ဖြစ်နေပြီ ထင်ပါတယ်
မှန်ပါ ဒါပေမဲ့ " "ဘုန်းကြီး ပုတ်ကြီး မီးမလောင်ပါ"ဘုရား "ဟေ" ဘာ ဘာဖြစ်လို့လဲ ဒကာကြီး
တင်ပါ မီးလောင်စဉ်က ပုတ်ကြီးကို တပည့်တော်
မီးကင်းရာကို ထမ်းပြီး ထုတ်ထားပါတယ် ဘုရား
ဒီစကားကြားတော့ ဆရာတော့်မှာ နားဝက
မိုးကြိုးပစ်သံကို ကြားရသလို ဖြစ်ပြီး
အကြီးကျယ် တင်းလေပြီ """ဟင်း ဟင်း"""
မသာကြီးနှယ် မသာကြီး အဲ့လေ ယောင်လို့
ဒကာကြီးနှယ် ဒကာကြီးနော် ဟု နှုတ်မှရေရွတ်ကာ
လေးလံသော ခြေလှမ်းများဖြင့် ကျောင်းကြီးပေါ်သို့
ြ ကွလှမ်းသွားလေတော့သည်
မှတ်ချက်။ ။ဟာသ သက်သက်သာ…