• တစ်နေ့ မင်းထွန်းတစ်ယောက်ခရီးသွားရန်တွက် ရထားဘူတာသို့ ထွက်လာလေသည်။ ဘူတာရုံသို့ ရောက်သော် ရထားမှာ ထွက် စ ပြုနေလေပြီ... ။
ဒါကြောင့် မင်းထွန်းတစ်ယောက်အလျှင်စလိုနဲ့ ရထားပေါ်အတတ်မှာ
မင်းထွန်း၏ ဖိနပ်တစ်ဖက်မှာ လျှောက်လမ်း စင်္ကြန် ပေါ်ကျွတ်ကျသွားလေရဲ့.. ထွက်စပြုနေပြီဖြစ်တဲ့ ရထားက အရှိန်ပါနေပြီမို့...
မင်းထွန်းပြန်ကောက်မယူနိုင်တော့ပေ ။
ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကြည့်နေစဉ် ခြေဗလာနဲ့ လူတစ်ယောက်
လာကောက်ယူနေတာကို တွေ့မိတဲ့ အခါ....
မင်းထွန်းဟာသူ့ဆီမှာ ကျန်ရှိနေတဲ့ ဖိနပ်တစ်ဖက်ကို ချွတ်ပြီး...
လူဗလာနဲ့ လူဆီကို လှမ်းပစ်ပေးလိုက်တယ်... ။
ဖိနပ်ကို ပစ်ချပေးခဲ့ပြီးနောက် ...
မင်းထွန်းက အေးဆေးတည်ငြိမ်စွာ ပြုံးကြည့်နေခဲ့တယ်... ။
မင်းထွန်း၏အမူအရာ ၊ လုပ်ရက်အား ဘေးကလူတွေ ငေးကြည့်နေကြရင်း
ခရီးသည်တစ်ယောက် မှ ပြောလေသည်။
" ဘာလို့လဲ ဗျ... ဖိနပ် တစ်ဖက်ထဲဆိုတော့ ရှက်လို့လား...ခြေပြောင်ထက်စာရင် တစ်ဖက်ရှိနေသေးတာ ပိုမကောင်းဘူးလား ဗျ... "လို့ ဆိုတဲ့အခါ
မင်းထွန်းက ပြုံးပြီး.......
" စောစောက ကျွန်တော် ကျကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်ကို ကောက်ယူနေတဲ့လူက ခြေဗလာနဲ့ ဗျ...
အခုတော့ သူ့အတွက် လိုအပ်နေတဲ့ ဖိနပ် တစ်ရံ ရသွားပြီလေ.....
သူဟာ ခြေဗလာနဲ့ လျှောက်သွားစရာ မလိုတော့ဘူးလေ ဗျာ " ဟုဖြေလေသည်