အသက်အရွယ်တခုမှာ
ကိုယ်တို့နှစ်ဦး အချစ်ကို ကိုးကွယ်ပြီး
သိပ်ချစ်ခဲ့ကြတယ် ခရမ်းပြာ
အရမ်းချစ်ကြတဲ့ ချစ်သူတွေကြား
ဖြစ်တတ်တဲ့သဘာဝက
သဝန်တိုခြင်းပဲ ခရမ်းပြာ
မုန်းလို့မှ မဟုတ်ပဲ
ယုံကြည်မှုတွေ ကိုယ်စီထားခဲ့သည့်တိုင်
သွေးမစွန်းသေးတဲ့ နှလုံးသားက
အဖြူထည်သက်သက်နဲ့ အသက်ဝင်တုန်းပဲ
ရွေးချယ်စရာ ဘဝရဲ့လမ်းနှစ်ခုမှာ
တူညီတဲ့ ဆုံးဖြတ်ချက်တွေကို
နှစ်ကိုယ်တူ မရွေးချယ်ခဲ့မှတော့
ဝေးကြရတာ မဆန်းပါဘူး ခရမ်းပြာ
တကယ်လို့သာ နားလည်မှုတွေ ရှိခဲ့လျှင်
နာခံတတ်ချင်စရာ စကားလုံးတွေကို
သုံးနှုန်းပြီး ထပ်တူညီမယ့် အဖြေတွေ
ထုတ်ခဲ့မိကောင်းပါရဲ့
<br
ဒါပေမယ့်လည်း အချစ်ရဲ့မျက်နှာချင်းဆိုင်မှာ
အတ္တတွေ ကိုယ်စီချထားပြီး
မတူညီတဲ့ လမ်းကို အတူလျှောက်ခဲ့မှတော့
ချစ်လျက်နဲ့ဝေးရတာ ဖြေသိမ့်နိုင်ရမှာပေါ့ ခရမ်းပြာ