အမေနဲ့ သမီး ရေကူးကန်တစ်ခုမှာ
အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်တဲ့။ရေကူးရင်းသမီးဖြစ်သူ အတတ်ဆန်းပြီး ရိုးရိုးမကူးပဲ ရေကူးကန်ဘောင်တက်လိုက်တယ်.. လူတွေက ကြည့်နေတယ်..ကောင်မလေးတစ်ယောက်ရဲ့ ကိုယ်ခန္ဒာအချိုးအကျ လိမ်လို့မရတာက ရေကူးတဲ့အချိန် ရေကူးဝတ်စုံလေးဝတ်ချိန်လေးဆိုတော့ သိကြတယ်မလား ..မျက်စိထဲသာမြင်ရောင်ကြည့်ပေါ့နော်..
သမီးဖြစ်သူဝတ်လာတဲ့ ရေကူးဝတ်စုံက ငယ်တုံးက ရေကူးဖို့ မေမေ ချုပ်ပေးထားတဲ့ဝတ်စုံတဲ့
ဒါကို အပျိုဖြစ်နေပြီ ဖြစ်တဲ့သမီးကခုထိဝတ်တုံး..အဲဒီမှာ သမီးရေကန်ထဲခုန်ချဖို့ ဘောင်ပေါ်တက်တော့ ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကိုအမေကမြင်လိုက်တော့ရေကူးကန်ဘောင်ပေါ်အမြန်ပြေးတက်ပြီး ရေကူးကန်ဘေးမှာ ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်တဲ့။
ဖြစ်ချင်တော့ အမေယူလိုက်တဲ့ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့စာက
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ"
ဆိုတဲ့စာကြောင့် ရေကူးကန်ထဲကလူတွေမြင်တော့ပြုံးစိစိဖြစ်ကုန်ကြတယ်တဲ့။
ဒါကိုအမေဖြစ်သူက လူတွေပြုံးနေတာဘာကြောင့်ပါလိမ့်ပေါ့..တွေးမိပြီး သူကွယ်ပေးလိုက်တဲ့ဆိုင်ပုဒ်ကစာတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ ရေးထားတာက
"အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာတာဖြစ်နေပြန်တယ်လေ။
ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်ပြန်တယ်။ အဲဒီဆိုင်းပုဒ်ပေါ်ကစာက
"လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ကရယ်ကျဲကျဲဖြစ်ကုန်ကြတယ်တဲ့။
နောက်ဆိုင်းပုဒ်တစ်ခုကို အမေ ကယူလိုက်ပြန်တယ်။ အဲဒီဆိုင်းပုဒ်ကဘာရေးထားလည်း ဆိုတော့။
ဆိုင်းပုဒ်ပေါ်ရေးထားတာက
"မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့် သန့်ရှင်းမှုကို ဦးစားပေးပါ"
ဆိုတာကြောင့်ဖြစ်နေပြန်တယ်။
လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်တဲ့။ ဒီဆိုင်းပုဒ်ကြောင့် အမေပြာရာခတ်သွားသတဲ့။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တာပေါ့။ ဆိုင်းပုဒ်ပေါ်မှာ ရေးထားတာက
"အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ"
ဆိုတာပဲဖြစ်နေပြန်သတဲ့ဗျာ။
အားလုံးပြုံးပျော်နိုင်ပါစေနော်..ဘာမှမရည်ရွယ်ပါဘူး သူငယ်ချင်းတွေစုံတုံးပြောခဲ့ရယ်ခဲ့ကြရတော့ ဒီက စာဖတ်တဲ့သူငယ်ချင်းတွေကိုလည်းပြုံးပျော်စေချင်တာ
တစ်ခုတည်းပါနော်...
ခင်မင်လေးစားလျှက်(ဟိဟိ)................................... 😂😂😂😂😂😂😂😂