boldချောင်ပိတ်မိနေတဲ့မြို့လေး
ကျွန်တော်မြို့ငယ်လေးဟာ မန္တလေးတိုင်း မြင်းခြံခရိုင်ထဲမှာပါဝင်ပြီး မြောက်ဘက်မှာ ဧရာဝတီမြစ် တောင်ဘက်/အနောက်ဘက်မှာ ကျေးရွာများ နဲ့ အရှေ့ဘက် မှာ လည်းကျေးငယ်ရွာများနဲ့မန္တလေးဘက်သို့သွားသော လမ်းရှိပါတယ် ကျွန်တော်တို့မြို့ဟာ တိုင်းဖျားနယ်စွန် ချောင်ပိတ်မိနေတဲ့မြို့ငယ်လေးတစ်ခုပါ
တောင်သူလုပ်ငန်းနဲ့အရောင်းအဝယ်လေးနဲ့သာ အသက်ဆက်နေကြတဲ့ အေးချမ်းသာယာမှုရှိတဲ့နေရာဒေသလေးတစ်ခုပါ ဝန်းထမ်းတွေနဲ့ဝန်းရံထားပြီး စည်းကားနေရတဲ့တောမြို့နယ်လေးပါ
နံနက် ၅ နာရီ အချိန်လောက်ဆိုရင်ဖြင့် ပုညပါရမီ ဆွမ်းလောင်းအသင်းမှ တရားဓမ္မများနဲ့ သာယာနာပျော်ဘွယ်ရှိပြီ ည ၇ နာရီအချိန်ခန့်မှာတော့ ရှင်ပင်မိုးကောင်းမြတ်စွာဘုရား မှ တရားဓမ္မများကလည်း ညရဲ့ အေးချမ်းတဲ့စီကိုခေါ်ဆောင်သွားနေကြပါ
တစ်ကယ်တော့ ဒီမြို့လေးဟာဖြင့် ဘယ်လိုသောမှ စွန့်ခွါသွားရက်စရာ အတိမရှိပါဘူး ရောက်ခဲ့ဖူး တာဝန်ကျဖူးသူတိုင်းလည်း မြို့လေးရဲ့အေးချမ်းမှုကို ခမ်းခမ်းနားနားနဲ့ မမေ့ပျောက်နိုင်ခဲ့ကြပါဘူး
ကျတော်ချစ်သောမြို့မှာ မိုးလေဝသနဲ့ဇလဗေဒ ပညာရှင် ဦးထွန်းလွင်ကို မွေးထုတ်ပေးခဲ့လို့ပျော်တယ် တရားဟောမှာနိုင်ငံကျော် ကြာနီကန်ဆရာတော်ကို သန့်စင်မွေးထုတ်ပေးခဲ့လို့လဲဂုဏ်ယူတယ်
ဟိုးမြို့ကြီးတွေမှာလို တိုက်တာတွေအများကြီးနဲ့မရှိပေမယ့် ထန်းပင်တွေကရတဲ့ထန်းရွက်နဲ့မိုးထားတဲ့ တဲအိမ်လေးတွေဘေးမှာ ခပ်အုံ့အုံ့ ထနောင်းပင်တွေရှိတယ်
ကားကြီးတွေတဝီဝီမစီးနိုင်ပေမယ့် လှည်းဝန်ရိုးသံ တညံညံနဲ့ ဖုန်မှုန့်များနဲ့အလှဆင်နေတဲ့တောင်သူဦးကြီးတွေ ပျော်ရွှင်နေတဲ့ တောဓလေ့များနဲ့ ပြည့်နှက်နေတဲ့ဒေသပါ မြို့သူတွေလိုမိတ်ကပ်မလိမ်းနိုင်ပေယ်မယ့် သူနပ်ခါးစစ်စစ်နဲ့ပါးမှာအလှဆင်ကျေနပ်တတ်တဲ့ တောသူလုံမေအခြေချတဲ့အရပ်
နေညိုရင် ထန်းတောထဲ ဖား ကြွက်ကင်နဲ့ တစ်နေ့တာပင်ပန်းသမျှ ဝမ်းခဝါချမယ့် ပြင်ဆင်နေတဲ့လူငယ်တစ်သိုက် ဟိုဟိုဒီဒီတွေ့ရနိုင်ပါသေးတယ်
သေးသယ်လှတဲ့ငါန်းဇွန်
ချောင်ကျလှတဲ့ငါန်းဇွန်
ဖော်ရွေမှုတွေအပြည့်မို့
တိုင်းဖျားနယ်စွန် ကျတော်တို့ငါန်းဇွန်ကို အရောက်လှမ်းဖို့ ဖိတ်ခေါ်ပါသည်