" Nokia X6 ၏ ဈေးနှုန်းမှာ ဒေါ်လာ $237 ဖြစ်လာမည် "
ဗုဒ္ဓဟူးနေ့မှာ HMD Golbal ဟာ Notch ဒီဇိုင်းပိုင်းပါဝင်တဲ့ ပထမဆုံး သူတို့ရဲ့ Nokia ဖုန်းသစ်ကို မိတ်ဆက်သွားပါမယ်။ အစောပိုင်းတုန်းက ဒီဖုန်းအမည်က Nokia X ဖြစ်မယ်လို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းအရ Nokia X6 ဖြစ်လာမယ်လို့ သိရပါတယ်။ ယနေ့မှာ Nokia X6 ကို Suning မှာ အရောင်းစာရင်းတင်ထားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာအသုံးပြုလာမယ့် အရေးပါတဲ့စနစ်တွေကိုလည်း ဖော်ပြထားပါသေးတယ်။ Nokia X6 ရဲ့ RAM 4GB + 64GB ဗားရှင်းကို ဒေါ်လာ 237 နှင့် အရောင်းစာရင်းတင်ထားတာ ဖြစ်ပါတယ်။ Suning ဟာ Nokia X6 ကို ယနေ့မှညနေမှ စတင်ပြီး ကြိုတင်အမှာလက်ခံသွားပါမယ်။ Nokia X6 ကို တရားဝင်ရောင်းချမှာကတော့ မေလ 21 ရက်နေ့ကျမှ ဖြစ်ပါတယ်။ ယင်းဝက်ဘ်ဆိုက်မှာ Nokia X6 အနက်ရောင်တစ်မျိုးတည်းကိုပဲ ဖော်ပြထားပါတယ်။ အခြားအရောင်များနှင့်လည်း ရွေးချယ်နိုင်မလားဆိုတာ မဖော်ပြထားပါဘူး။ ဈေးနှုန်းကိုကြည့်မယ်ဆိုရင် Nokia X6 က Nokia 6 (2018) နှင့် Nokia 7 Plus တို့အကြားဗားရှင်းလို့ ဆိုရပါမယ်။ Nokia 6 (2018) ရဲ့ဈေးနှုန်းက ဒေါ်လာ 205 ဖြစ်ပြီး Nokia 7 Plus ရဲ့ဈေးနှုန်းက ဒေါ်လာ 268 ဖြစ်ပါတယ်။ Nokia 6 (2017) နှင့် Nokia 7 Plus တို့ကို Snapdragon 660 နှင့် ပါဝါထောက်ပံ့ထားပါတယ်။ Nokia X6 မှာတော့ Snapdragon 636 နှင့် အထိုင်ချလာပါမယ်။ ဒီဖုန်းက မျက်နှာပြင် 5.8 လက်မ ဖြစ်လာမှာဖြစ်ပြီး FHD+ ရုပ်ထွက်နှင့် ထောက်ပံ့လာပါမယ်။ RAM 3GB နှင့် RAM 4GB ဗားရှင်းတို့ကို ရွေးချယ်နိုင်ပါမယ်။ ကျောဘက်ကင်မရာနှစ်လုံးပါဝင်မှာဖြစ်ပြီး တစ်လုံးက 16MP ဖြစ်ပါတယ်။ ဒုတိယကင်မရာဆင်ဆာကိုတော့ မသိရသေးပါဘူး။ ရှေ့ကင်မရာက 16MP ဖြစ်ပါတယ်။ ဘက်ထရီ 3000 mAh ပါဝင်ပါမယ်။